နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အားကစား

အားကစား

မန်ယူနဲပွဲက ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ရဲ့ လုပ်ရပ်ကို ထပ်မံအရေးယူရန် အက်ဖ်အေစီစဉ်နေ

မန်ယူနဲ့ ဖူလ်ဟမ်အသင်းတို့ရင်ဆိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်က ဖြစ်ရပ်များနဲ့ပတ်သက်ပြီး အက်ဖ်အေက ဖူလ်ဟမ်တိုက်စစ်မှူးမီထရိုဗစ်ကို ထပ်မံအရေးယူသွားဖို့ စီစဉ်နေပါတယ်။ အဲဒီပွဲစဉ်မှာ မန်ယူအသင်းက ဖူလ်ဟမ်အသင်းကို ၃ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဖူလ်ဟမ်အသင်းဘက်က ၃ ဦး အနီကတ် ပြခံခဲ့ရတဲ့ ကိစ္စမှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ ဆန်ချိုရဲ့ ကန်ချက်ကို ဖူလ်ဟမ်ကွင်းလယ်လူ ဝီလျံက ဂိုးပေါက်၀မှာ ပိတ်ဆို့ဖို့ ကြိုးစားရင်း ဘောလုံးကို လက်နဲ့ထိခဲ့ရာကနေ ကွင်းလယ်ဒိုင်ခရစ္စကာဗန်နက်က VAR ပြန်ကြည့်ပြီး သုံးသပ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ကာဗန်နက် VAR ကြည့်စဉ်မှာ ဝင်ရောက် စောဒကတက်ပြောဆိုခဲ့တဲ့ ဖူလ်ဟမ်နည်းပြ မာကိုဆေးဗား အနီကတ်ပြထုတ်ပယ်ခံရပါတယ်။ အဲဒီနောက် ဘောလုံးကိုလက်နဲ့ တားဆီးခဲ့တဲ့ ဝီလျံအနီကတ်ပြထုတ်ပယ်ခံရချိန်မှာ ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်က ကွင်းလယ်ဒိုင် ကာဗန်နက်ကို အော်ဟစ်ပြောဆိုရင်း ဆောင့်တွန်းခဲ့တာကြောင့် မီထရိုဗစ်ပါ အနီကတ်ပြသခံခဲ့ရတာ ဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းဘက်ကို အနီကတ် ၃ ခုပြသခဲ့လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမယ့် အက်ဖ်အေကတော့ မီထရိုဗစ်ရဲ့ အားကစားသမားမဆန်တဲ့လုပ်ရပ်အတွက် အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိမှာ ကွင်းလယ်ဒိုင်ကာဗန်နက်ရဲ့ အစီရင်ခံစာကိုစောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

အက်ဖ်အေအနေနဲ့ ကွင်းလယ်ဒိုင်ကို စောင့်တွန်းခဲ့တဲ့ ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ကို အရေးယူဖို့ ပြင်ဆင်နေပေမယ့် လွန်ခဲ့တဲ့ ၂ ပတ်ခန့်က လီဗာပူးနဲ့ပွဲမှာ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က စည်းကြပ်ဒိုင်ကို ဆောင့်တွန်းခဲ့တဲ့ဖြစ်ရပ်မှာတော့ အရေးယူခဲ့ခြင်းမရှိတာကို လူမှုကွန်ယက်စာမျက်နာ တွေပေါ်မှာ ဝေဖန်ထောက်ပြနေတာတွေလည်းရှိနေပါတယ်။

Era’sEyes | Photo – CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 75 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 105 Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 153 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 111 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 116 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 107 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်
ဘောလုံး အားကစား

ဟာမိုဆိုဘက်က ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီထုတ်ပြန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 156 Views
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အောင်ပွဲခံအခမ်းအနားမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်ရဲ့ နမ်းခြင်းခံခဲ့ရတဲ့ စပိန်ကစားသမား ဂျင်နီဟာမိုဆိုဘက်က အပြည့်အ၀ ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စိန်ခေါ်မှုဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီရဲ့ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စပိန်ကစားသမားဟာမိုဆိုဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအောင်ပွဲခံနေစဉ်
ဘောလုံး အားကစား

လူကာကူကို ရိုးမားအသင်းထံ အငှားချဖို့ ချဲလ်ဆီးအသင်းသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 118 Views
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး