နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဇွန်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးနဲ့ ဒုဗိုလ်မှူးကြီးအပါ ၄၆ဦးသေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

ဇွန်လအတွင်း KNU တပ်မဟာ(၆)နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးကြီး ၁ဦးနဲ့ ဒုဗိုလ်မှူးကြီး ၁ဦးအပါအဝင် ၄၆ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ယနေ့ ဇူလိုင်လ ၂၁ရက်နေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၁ရက်နေ့မှ ဇွန်လ ၃၀ရက်နေ့အတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA/KNDO ပူးပေါင်းတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၂၉ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ဦးနဲ့ ဒုဗိုလ်မှူးကြီး ၁ဦး၊ နယ်ထိန်းရဲအရာရှိ ၁ဦးအပါအဝင် စုစုပေါင်း ၄၆ဦးသေဆုံးခဲ့ကာ ၂၅ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်က ၁ဦးကျဆုံးကာ ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်က ဇွန်လအတွင်း လေကြောင်းဖြင့် ၃ကြိမ် ဗုံးကြဲပစ်ခတ်ခဲ့တာတွေရှိပြီး ဗုံးကြဲပစ်ခတ်တာတွေကြောင့် ဘာသာရေးအဆောက်အဦးဖြစ်တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ကျောင်း အနည်းငယ်ပျက်စီးခဲ့သလို နေအိမ် ၂ဦး ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့ပြင် လက်နက်ကြီးများဖြင့် ၁၂ကြိမ် ပြည်သူနေကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀နှစ်အရွယ် ကလေး ၂ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော်သူးလေနယ်မြေထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၁၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 0 Views
ဇန်နဝါရီလ (၂၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာထဲ ကော်သူးလေ အုပ်ချုပ်နယ်မြေထဲ တိုက်ပွဲ‌ကြီး၊ တိုက်ပွဲငယ်ပေါင်း (၃၂၂၉)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ရေးမြို့မှာ ဂိတ်ထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 0 Views
ဇန်နဝါရီလ (၂၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရေးမြို့နယ် ခေါဇာမြို့မှာ ဂိတ်ထိုင်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

PDF တွေကိုဖမ်းမိရင် ဓါးနဲ့မွှန်းမယ်ဆိုပြီး ကြွေးကြော်တဲ့ ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 9 Views
ဇန်နဝါရီလ (၂၄)ရက်။ မနေ့က ညနေ(၄)နာရီအချိန်ခန့်က ပေါက်ခေါင်းမြို့နယ် ကျွဲဘောင်ဘင်ရွာနေ ပျုစောထီး ဝင်းကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပစ်ခတ်ရှင်းလင်းခံရတဲ့ ဝင်းကျော်ဆိုတာက ပျူစောထီးသင်တန်းဆင်း၊ သူက PDF
မြန်မာသတင်း

ဗန်းမော်မြို့ထဲ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 8 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က ဗန်းမော်မြို့ထဲ နှစ်ဖက်ပစ်ခတ်တာတွေ ဖြစ်ပွားနေပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ “ မနက်(၆)နာရီလောက်ကစပြီး ဗန်းမော်မြို့ထဲ နှစ်ဖက် ပစ်ခတ်‌တာတွေ ပြန်ဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်” လို့
မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 8 Views
ဇန်နဝါရီလ (၂၄)ရက်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီဟာ ဇန်နဝါရီလ (၂၃)ရက်နေ့ရက်စွဲနဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ နည်းဥပဒေကို အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉)ပိုဒ်နဲ့ နောက်ဆက်တွဲပုံစံ (၁၂)ခုနဲ့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီနည်းဥပဒေထဲ စစ်မှုထမ်းဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီတပ်သား(၂)ဦးကို သတ်ဖြတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 4 Views
ဇန်နဝါရီလ (၂၄)ရက်။ စစ်ကောင်စီတပ်သား (၂)ဦးကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူထားပြီးဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အဲ့ဒီဗီဒီယိုက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလောက်က ဖြစ်ခဲ့တာပါ။ ကျောက်တော်မြို့နယ်ထဲက စကခ(၉)
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 11 Views
ဇန်နဝါရီလ (၂၄)ရက်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲကို စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေအပါအဝင် နိုင်ငံရေးပါတီတွေ အစုအဖွဲ့ရဲ့
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး အကူအညီပေးတာတွေကို တန်ဖိုးထားတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 13 Views
ဇန်နဝါရီလ (၂၄)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားကို ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကာ စစ်ခေါင်းဆောင်