နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်၊ ရုရှားတို့အပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းနေသည့် ကာဂျစ္စတန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ တွေ့ဆုံ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ တိုကျို။

ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက တရုတ်နှင့် ရုရှားတို့အပေါ် ၎င်း၏ မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းနေသည့် ကာဂျစ္စတန်သမ္မတနှင့် တွေ့ဆုံရာတွင် ကာဂျစ္စတန်နှင့် အခြားကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

“ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ ပံ့ပိုးမှု၊ လူသားအချင်းချင်း ဖလှယ်မှုနှင့် ကာဗွန်ထုတ်လုပ်မှု လျော့ချရေး ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်ုပ်တို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲစေမည်” ဟု ကီရှီဒါက သမ္မတ Sadyr Japarov နှင့် တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိုကျိုတွင် တွေ့ဆုံမှုသည် C5 နိုင်ငံငါးနိုင်ငံဟုခေါ်တွင်သော ကာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် ကီရှိဒါကို ၂၀၂၄ နှစ်လည် ထိပ်သီးဆွေးနွေးပွဲမတိုင်မှီ တိုကျိုတွင်ကာဂျစ္စတန် သမတနှင့် တွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤခရီးစဉ်သည် ဂျပါရော့ဗ် (Japarov) အတွက် ပထမဆုံးဂျပန်ခရီးစဉ်ဖြစ်သည်။

အစိုးရတာဝန်မထမ်းဆောင်မှီအချိန်တွင် အခြားသော C5 ခေါင်းဆောင်များအားလုံး သည်ဂျပန်သို့လာရောက်ခဲ့ကြသည်။ ဂျပါရော့ဗ်က ဂျပန်နိုင်ငံသည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် ကာဂျစ္စတန်နိုင်ငံနှင့် အလားတူတန်ဖိုးများ မျှဝေခံစားသည့် ရင်းနှီးဖော်ရွေသော မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ဂျပါရော့ဗ်မှ ပြောကြားခဲ့သည်။

ခေါင်းဆောင်များသည် တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံ၍ လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာ အမိန့်ပြဌာန်းချက် အာဏာစဉ်ကို ထိန်းသိမ်းရန်နှင့် ခိုင်ခံ့ရန်သည် အရေးကြီးကြောင်းလည်း အခိုင်အမာ ပြောကြားခဲ့သည်။ ကိုယ်ပိုင်သယံဇာတအနည်းငယ်ရှိသည့် တောင်ပေါ်နိုင်ငံတစ်ခုဖြစ်သည့် ကာဂျစ္စတန်သည် ၎င်း၏စီးပွားရေးနှင့် လုံခြုံရေးအတွက် ရုရှားနှင့် တရုတ်နိုင်ငံတို့အပေါ် မှီခိုနေရပါသည်။ မော်စကိုသည် ကာဂျစ်စတန်တွင် စစ်ဘက်ဆိုင်ရာ နေရာယူတည်ရှိထားမှုကို ထိန်းသိမ်းထားသည်။ ရုရှားနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများထံမှ ငွေလွှဲပို့မှုသည် ကာဂျစ္စတန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၃၀% ခန့်ရှိသည်။

တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ကာဂျစ္စတန်၏ နိုင်ငံတော်ကြွေးမြီ၏ ၄၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ချေးငွေပြန်မဆပ်နိုင်သောအခါတွင် ပေကျင်းသည် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ပိုင်ခွင့်များကို ရယူသည့် “အကြွေးထောင်ချောက်” ကို ပိုမိုသတိထားလာကြသည်။ ယူကရိန်းကို ရုရှားက ကျူးကျော် ဝင်ရောက်ခြင်းသည် မော်စကိုအပေါ် မှီခိုနေရသည့် အန္တရာယ်ကို မီးမောင်းထိုးပြနေသည်။ ဂျပန်သည် ကာဂျစ္စတန်ကို လွတ်လပ်ရေးရပြီးသည့်နောက်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည့် ပထမဆုံးသော ဗဟိုအာရှနိုင်ငံအဖြစ် ချီးကျူးခဲ့သည်။

၂၀၂၂ ခုနှစ်မှစ၍ ရုရှား၊ တရုတ်၊ အမေရိကန်၊ ဂျာမနီ၊ ဥရောပသမဂ္ဂနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီတို့သည် C5 နှင့် ထိပ်သီးဆွေးနွေးပွဲအတွက် မူဘောင်များ ချမှတ်ခဲ့သည်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါ (Yoko Kamikawa) သည် ၎င်း၏ C5 အရာရှိများအား တိုးချဲ့ထားသော အွန်လိုင်းနိုင်ငံခြားရေးဝန်ကြီးခုနစ်ဖွဲ့ (G7) ၏ အစည်းအဝေးသို့ နိုဝင်ဘာ ၈ ရက်က ဖိတ်ကြားခဲ့သည်။

ကီရှီဒါသည် အာရှအလယ်ပိုင်းသို့ ထိပ်သီးအစည်းအဝေးအတွက် လာရောက်သည့်အခါတွင် ရုရှားကိုဖြတ်၍ ကက်စပီယံပင်လယ်အတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖန်တီးခြင်းနှင့် ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်စေရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မိတ်ဆက်ခြင်းတို့ကို ပံ့ပိုးပေးမည့် အစီအမံများ ပါဝင်ဖွယ်ရှိသည်။ အာရှအလယ်ပိုင်းဒေသသည် ကာလရှည်ကြာစွာ ကုန်သွယ်ရေး ဗဟိုချက်ဖြစ်လာပြီး အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားများကြားတွင်ထိပ်တိုက်ရင်ဆိုင်မှုများရှိပြီး ထူးခြားသော ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းရှိခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ စင်္ကြန်ခါးပတ်လမ်း အခြေခံအဆောက်အဦ အစပျိုးမှုတွင် အဓိက ချိတ်ဆက်မှုတစ်ခုအဖြစ် ရှိနေသေးသည်။

အောက်တိုဘာလတွင် တရုတ်ဝန်ကြီးချုပ် လီချန်း (Li Qiang) သည် ကာဂျစ္စတန်သို့ သွားရောက်ခဲ့ပြီး ကာဂျစ္စတန်ကိုဖြတ်၍ တရုတ်နှင့် ဥဇဘက်ကစ္စတန်ကို ဆက်သွယ်မည့် နိုင်ငံတကာ ရထားလမ်းအတွက် အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ တိုကျိုသည် ၎င်း၏ “ သတ်မှတ်ထားသော ကျွမ်းကျင်လုပ်သား” ဗီဇာဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လာလုပ်ရန် အတွက်ကာဂျစ္စတန်နိုင်ငံသားများကို အခွင့်အလမ်းများ တိုးမြှင့်ပေးရန် စီစဉ်နေသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီသည် အမျိုးသမီးများ၏ လူမှုဘဝ တိုးတက်မှုကို မြှင့်တင်ပေးပြီး ဒေသတွင်း အထူးအစားအစာများ ထုတ်လုပ်ရောင်းချခြင်းဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကူညီပေးသည့် ၎င်း၏ “ ရွာတစ်ရွာ၊ ထုတ်ကုန်တစ်ခု” ပရောဂျက်ကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး