နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း အယ်လ်ဂျာဇီးရားက ဂါဇာရှိဗျူရိုအကြီးအကဲ၏ မိသားစုများ သေဆုံး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ဂါဇာ။

ကာတာဂြိုလ်တုရုပ်သံလိုင်း အယ်လ်ဂျာဇီးရားက ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာရှိ ဗျူရိုအကြီးအကဲ ဝါအင်အယ်လ်ဒါဒူ (Wael al-Dahdou) ၏ မိသားစုသည် အောက်တိုဘာလ (၂၅) ရက်နေ့တွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း ကြေညာခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် မိသားစုများ ခိုလှုံရာ ဂါဇာအလယ်ပိုင်းရှိ အဆောက်အအုံ တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားခဲ့သည်။

သေဆုံးသွားသူများမှာ အယ်လ်ဒါဒူ၏ ဇနီး၊ သား၊ သမီးနှင့် မြေးများ ဖြစ်သည်။ CNN သည် အဆောက်အအုံ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အယ်လ်ဂျာဇီးရားသည် ပေါက်ကွဲမှုသည် အစ္စရေးလေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အထောက်အထား ဖော်ပြောခဲ့ခြင်း မရှိခဲ့ပေ။

အယ်လ်ဂျာဇီးရာ ဂါဇာရှိ ဗျူရိုအကြီးအကဲ ဝါအင်အယ်လ်ဒါဒူ (Wael al-Dahdou) (အလယ်) ကို (၂၅) ရက်နေ့က တွေ့ရစဉ်။
CNN

မှတ်ချက်ပေးရန် CNN သည် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သို့ ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိသေးပေ။

ဗီဒီယိုထဲတွင် အယ်လ်ဒါဒူသည် အဝတ်ဖြူနှင့်ပတ်ထားသည့် သားဖြစ်သူ၏ ခန္ဓာကိုယ်ဘေးမှာ ရပ်နေရင်း ငိုနေသည်ကို မြင်တွေ့ခဲ့ရပါသည်။ သူ့မြေးလေးကို ကိုင်ပြီး ဆေးရုံကို ဖြတ်လျှောက်သွားနေတာကိုလည်း တွေ့နေရပါတယ်။

Al-Dahdou ၏ သားနှင့်သမီးသည် အသက် ၁၅ နှစ်နှင့် ၇ နှစ် အသီးသီးရှိကြသည်ဟု အယ်လ်ဂျာဇီးရားသတင်းတွင် ဖော်ပြထားသည်။

အစ္စရေးစစ်တပ်သည် လူဦးရေထူထပ်သော ဂါဇာကမ်းမြှောင်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ လူပေါင်း ၆၄၀၀ ကျော်သေဆုံးပြီး ၁၇၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့ပြီး ဟားမတ်စ် ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်ရှိ ကျန်းမာရေး အာဏာပိုင်များက အချက်အလက်များကို ပြုစုခဲ့သည်။

ကမ္ဘာတဝှမ်းရှိ သတင်းသမားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် CPJ က ဂါဇာ ပဋိပက္ခအတွင်း ယနေ့ အချိန်ထိ အနည်းဆုံး သတင်းထောက် ၂၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ၂၀ ဦးမှာ ပါလက်စတိုင်း၊ ၃ ဦးမှာ အစ္စရေးဖြစ်ပြီး တစ်ဦးမှာ လက်ဘနွန်ဖြစ်သည်။

Source: CNN, အယ်လ်ဂျာဇီးရာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 41 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup