စစ်ကိုင်းတိုင်း၊ ဆားတောင်ရဲစခန်းကနေ ထွက်လာတဲ့ သံချပ်ကာ ကားနှစ်စီးကို ဒီနေ့ မတ်လ ၂၆ ရက်နေ့၊ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တစ်စီးပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ သံချပ်ကာ ကားနှစ်စီးကို နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ အနီးအနားရှိ ကျေးရွာတွေကို လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ သံချပ်ကာ ကားနှစ်စီးဟာ အုန်းတောရှိ စစ်ကောင်စီတပ်စခန်းကို သွားရောက်နေနဖြစ်ပြီး တပ်မတော်နေ့အတွက် စေလွှတ်ခြင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နယ်စည်းမခြား စစ်ကိုင်းသားတပ်ဖွဲ့အနေနဲ့ မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်မှုတွေ အဓိက ပြုလုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး LPDF အဖြစ် ရပ်တည်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့က စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။