နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အားကစား

အားကစား

ပွဲဦးထွက် ဂိုးပေါက်ပျောက်ခဲ့တဲ့ စီရော်နယ်ဒိုကို ဆော်ဒီ ပရိသတ်တွေ လှောင်ပြောင်

ကြာသပတေးနေ့က ရင်ဆိုင်ကစားခဲ့တဲ့ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆော်ဒီပရိသတ်တွေက စီရော်နယ်ဒိုကို အော် ဟစ်လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲလ်အစ်တီဟတ်နဲ့ အဲလ်နာဆာတို့ ရင်ဆိုင်ကစားခဲ့ကြတဲ့ အဲဒီပွဲစဉ်မှာ အစ်တီဟတ်အသင်းက စီရော်နယ်ဒိုရဲ့ အဲလ်နာဆာအသင်းကို ၃ ဂိုး၊ ၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုဟာ သူ့ရဲ့ပွဲဦးထွက်မှာ ခြေစွမ်းမပြနိုင်ဘဲ ဂိုးပေါက်ပျောက်ခဲ့ ရပါတယ်။

အဲဒီပွဲမှာ အနိုင်ရသွားတဲ့ အစ်တီဟတ်အသင်းပရိသတ်တွေဟာ စီရော်နယ်ဒိုကို အော်ဟစ်လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး စီရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ မက်ဆီရဲ့နာမည်ကို အော်ဟစ်ပြီး လှောင်ပြောင်ခဲ့ကြတာပါ။ စီရော်နယ်ဒိုဟာ အဲဒီပွဲစဉ်မှာ ဂိုးပေါက်တည့်တဲ့ခြိမ်းခြောက်မှု တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အတွင်း အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ရာမှာ အစ်တီဟတ်ဂိုးသမားက ပုတ်ထုတ်ကာကွယ်ခဲ့လို့ ပွဲဦးထွက်မှာ ဂိုးရမယ့်အခွင့် အရေးနဲ့ စီရော်နယ်ဒို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ပွဲဦးထွက်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ သူ့ရဲ့အ ကောင်းဆုံးပုံစံကို ပြသနိုင်လိမ့်မယ်လို့ ယုံကြည် ကြောင်း စီရော်နယ်ဒိုက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဒီဇင်ဘာလကုန်ပိုင်းကမှ ဆော်ဒီကလပ် အဲလ်နာဆာအသင်းကို တစ်နှစ်လုပ်ခ လစာပေါင် ၁၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုမှသာ ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 75 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 105 Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 153 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 111 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 116 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 107 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်
ဘောလုံး အားကစား

ဟာမိုဆိုဘက်က ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီထုတ်ပြန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 156 Views
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အောင်ပွဲခံအခမ်းအနားမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်ရဲ့ နမ်းခြင်းခံခဲ့ရတဲ့ စပိန်ကစားသမား ဂျင်နီဟာမိုဆိုဘက်က အပြည့်အ၀ ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စိန်ခေါ်မှုဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီရဲ့ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စပိန်ကစားသမားဟာမိုဆိုဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအောင်ပွဲခံနေစဉ်
ဘောလုံး အားကစား

လူကာကူကို ရိုးမားအသင်းထံ အငှားချဖို့ ချဲလ်ဆီးအသင်းသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 118 Views
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး