နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

Hamas-Israel Conflict

Hamas-Israel Conflict

၁၉၉၂ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သော စစ်ပွဲများထဲတွင် အစ္စရေးနှင့် ဂါဇာတွင် လက်ရှိစစ်ပွဲသည်သတင်းထောက်များ အသေအပျောက်အများဆုံးဖြစ်ကြောင်း CPJ ဆို။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ဂါဇာ။

အစ္စရေး-ဟားမတ်စ်စစ်ပွဲ၏ လွန်ခဲ့သည့်သုံးပတ်သည် ဆယ်စုနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း သတင်းသမားများ အသေအပျောက်အများဆုံးကာလဖြစ်ကြောင်း သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) မှ ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏ ပထမဆုံး တိုက်ခိုက်မှုနောက်ပိုင်း သတင်းထောက် ၂၉ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရကြောင်း သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ CPJ က ၁၉၉၂ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် သတင်းထောက်များ သေဆုံးမှုကို ခြေရာခံရန် စတင်ခဲ့သည်ဟု ဆိုသည်။

အသတ်ခံရသည့် သတင်းထောက်များထဲတွင် ပါလက်စတိုင်း ၂၄ ယောက်၊ အစ္စရေး လေးယောက်၊ လက်ဘနွန်နိုင်ငံသားတယောက် ဖြစ်သည်ဟု CPJ က ပြောပါသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဆက်သွယ်ရေးပြတ်တောက်မှု သတင်းများကြောင့် အလွန်အမင်း ထိတ်လန့်ခဲ့ရကြောင်း ဂျာနယ်လစ်ဇင်စည်းရုံးရေးအဖွဲ့က ထပ်လောင်း ပြောကြားခဲ့သည်။

“ စစ်ပွဲရဲ့ တိုးတက်မှုနဲ့ လူသားတွေ သေဆုံးမှုအကြောင်း အချက်အလက်တွေကို ဖြည့်ဆည်းပေးဖို့ လွတ်လပ်စွာ သက်သေပြနေတဲ့ ဂါဇာမှာရှိတဲ့ သတင်းဗျူရိုတွေက သူတို့ရဲ့ အမှုထမ်းတွေနဲ့ သတင်းထောက်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတာကြောင့် ကမ္ဘာကြီးဟာ ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ ဘက်ပေါင်းစုံရဲ့ အဖြစ်မှန်အတွက် ပြသနိုင်တဲ့ ပြတင်းပေါက်တစ်ခု ဆုံးရှုံးနေပါတယ်။” ဟု CPJ က ပြောသည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ဆက်သွယ်ရေးကွန်ရက်များ လွန်ခဲ့သည့် နာရီများစွာအတွင်း ဆိုးရွားစွာ ပြတ်တောက်ခဲ့ကြောင်း ဒေသတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူ ဂျော်ဝဲလ် (Jawwal) က ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက် အင်တာနက်ပြတ်တောက်မှု စောင့်ကြည့်ရေးကုမ္ပဏီ NetBlocks ၏ အဆိုအရ ဒေသတွင်းတွင် နောက်ဆုံးရပ်တည်နေသည့် အဓိကအင်တာနက်အော်ပရေတာ Paltel သည် ၎င်း၏နိုင်ငံတကာသို့ထုတ်လွှင့်သည့်လမ်းကြောင်းများတွင် ပျက်စီးမှုများကြုံတွေ့ခဲ့ရသည်။

Source: CNN

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော ပါလက်စတိုင်း သတင်းထောက် ဆာအိဒ် အယ် တော်ဝီလ် (Saeed al-Taweel) နှင့် မိုဟာမက် ဆော့ဘ် (Mohammad Sobh) တို့၏ ဆွေမျိုးများနှင့် လုပ်ဖော်ကိုင်ဖက်များက အောက်တိုဘာ ၁၀ ရက်က ဂါဇာတွင် ၎င်းတို့၏ ဈာပနအခမ်းအနားအတွင်း ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

Ashraf Amra/Anadolu/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 64 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကြီးတန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားခဲ့ပြီလို့ ဟားမက်စ်အတည်ပြု

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 92 Views
လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကြီးတန်းခေါင်းဆောင်အချို့ သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခတွေ
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲက တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူပြီး စစ်ရေးအရှိန်ကို အစ္စရေးလျှော့ချ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 81 Views
အစ္စရေးအနေနဲ့ ဂါဇာထဲက တင့်ကားတွေကို ပြန်ခေါ်ပြီး နည်းဗျူဟာတွေကို ပြောင်းလဲကာ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာထားပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်းက အခြားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ လူပေါင်း 2
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စိတ်မနှံ့တဲ့ ပါလက်စတိုင်းလူငယ်ကို ပစ်ခတ်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 101 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။ အနောက်ဘက်ကမ်းက ဟီဘရွန်မြို့အနီး ပါလက်စတိုင်းစိတ်ဝေဒနာရှင်လူငယ်တစ်ဦးကို အစ္စရေးစစ်သားတွေ ပစ်ခတ်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးယူနစ် (IDF) က ပြောပါတယ်။ တာရတ်အဘူအေဘက်လို့ ခေါ်တဲ့ ပါလက်စတိုင်းလူငယ်ကို အစ္စရေးစစ်သား
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံး

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 64 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ဂါဇာ။ ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာဆေးရုံကို အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကာတာရှိ
Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ တည်ရှိမှုကို အစ္စရေးက လက်မခံနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော၊ ပါလက်စတိုင်းများအနေနှင့် ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 60 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။ ထင်ရှားသော လွှတ်တော်အမတ်များသည် ဂါဇန်လူဦးရေကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် အကြံပြုပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) က ဂါဇာတွင် သီးခြားလွတ်လပ်သော
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 94 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။ အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင်
Hamas-Israel Conflict စစ်ရေးသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီး ဆေးရုံလေးရုံကို ဝိုင်းရံပိတ်ဆို့ထား

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 93 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းတွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်ရှိ ဆေးရုံသုံးရုံနှင့် မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတို့ကို ဝိုင်းရံထားသည်။ ပူးတွဲပါ ဗီဒီယိုသည် နိုဝင်ဘာလ (၉) ရက်နေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က