နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟစ်ဇ်ဘိုလာတွေကို လက်ဘနွန်နိုင်ငံထဲ ဝင်ရှင်းမယ်လို့ အစ္စရေးသတိပေး

အစ္စရေး-ဟားမက်စ် စစ်ပွဲရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အစ္စရေးနိုင်ငံရဲ့မြောက်ပိုင်း လက်ဘနွန်နယ်စပ်မှာ မီးခိုးလုံးကြီးတွေ လျှံတက်နေပါတယ်။ လုံခြုံရေးရင်းမြစ်တွေရဲ့အဆိုအရတော့ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေ ပစ်ခတ်ပြီး မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ 28 ရက်နေ့မှာတော့ အရင်ကထက်ပိုများတဲ့အရေအတွက်နဲ့ကို တိုက်ခိုက်ခဲ့တာပါ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကတော့ လက်ဘနွန်ထဲကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါ့အပြင် အစ္စရေးက လက်ဘနွန်နိုင်ငံအတွင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တွေရဲ့ စစ်ဘက်စခန်းတွေကို စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုရုပ်သံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးရဲ့အရေးပေါ်အခြေအနေဝန်ကြီးဘန်နီဂရန့်ဇ်က မိမိတို့အနေနဲ့ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟစ်ဇ်ဘိုလာတွေကို တိုက်ခိုက်ဖို့ အရှိန်မြှင့်တင်သွားမယ်လို့လည်း အတိအလင်းသတိပေးပြောဆိုလိုက်ပါတယ်။ “သံတမန်နည်းအရ ဖြေရှင်းဖို့ စောင့်ကြည့်နေတဲ့အချိန်တွေ ကုန်ဆုံးသွားပါပြီ။ လက်ဘနွန်အစိုးရအနေနဲ့ အစ္စရေးနိုင်ငံမြောက်ပိုင်းကို တိုက်ခိုက်နေတဲ့ ဟစ်ဇ်ဘိုလာတွေကို မဟန့်တားနိုင်ဘူးဆိုရင် IDF က ဝင်ရောက်တားဆီးရပါလိမ့်မယ်” လို့ ဘန်နီဂရန့်ဇ်က သတိပေးသွားခဲ့တာပါ။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ထဲမှာ အရှိန်မြင့်တိုက်ခိုက်မှုတွေပြုလုပ်နေသလို အနောက်ဘက်ကမ်းမှာလည်း ဟားမက်စ်တွေနဲ့ တိုက်ခိုက်နေပါတယ်။ အဲဒီလိုတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြားနေတယ်လို့လည်း ပါလက်စတိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာကူညီမှုအဖွဲ့အစည်းတွေနဲ့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ထုတ်ပြန်တဲ့ ရုပ်သံဗီဒီယိုမှာတော့ ဂါဇာတောင်ပိုင်းက ခန်းယန်းနစ်ဒေသကို အစ္စရေးတို့ လေကြောင်းက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ ဖရိုဖရဲပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပြသထားပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာဂရီကတော့ ခန်းယန်းနစ်ဒေသဟာ ဟားမက်စ်စစ်သွေးကြွတွေအခြေစိုက်တဲ့ ဗဟိုကွပ်ကဲရေးစင်တာဖြစ်တာကြောင့် စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ခန်းယန်းနစ်က အဲလ်အာမယ်ဆေးရုံအနီး အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား 20 ခန့်သေဆုံးခဲ့ရသလို ဂါဇာအလယ်ပိုင်းမှာလည်း အစ္စရေးတင့်ကားတွေက ပစ်ခတ်မှုကြောင့် သေဆုံးမှုအများအပြားရှိခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ် ခင်ဗျာ . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 56 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့်
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 257 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို ပြန်လည်ထွက်ခွာခွင့်ပြုမည့် အစီအစဉ်နှင့် အမေရိကန်က ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့် အကောင်အထည်ဖော်မှု၏ အစိတ်အပိုင်းအဖြစ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 305 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဖက်ကမ်း (Gaza-West Bank)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 202 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အနောက်ဖက်ကမ်း၊ ဂျန်နင်မြို့တွင် လက်နက်ချသူနှစ်ဦးကို ပစ်သတ်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက် စုံစမ်းစစ်ဆေးမည် အစ္စရေးအာဏာပိုင်များသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသ၌ လက်နက်ချအညံ့ခံသည့် ပုံပေါက်နေသော လူနှစ်ဦးကို စစ်သားများက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်အား စစ်ဆေးသုံးသပ်လျက်ရှိသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)
United Nations နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာသို့ နိုင်ငံခြား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်များ စေလွှတ်ရန် ကုလသမဂ္ဂ ဆွေးနွေးပွဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 280 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် ဂါဇာ၏ အနာဂတ်နှင့် ပတ်သက်သော အမေရိကန်ဦးဆောင်ရေးဆွဲသည့် ဆုံးဖြတ်ချက် ကို မကြာသေးမီက အတည်ပြုခဲ့ပြီး ယင်းတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 275 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း