နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

၂၀၂၄ခုနှစ် နှစ်သစ်မှာ ပြည်သူတွေ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် ဆက်လက်ပါဝင်ကြမယ်လို့ ယုံကြည်ကြောင်း GSCB ထုတ်ပြန်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ ခေတ်မျက်လုံး။

အခု ၂၀၂၄ခုနှစ် နှစ်သစ်မှာ ပြည်သူလူထုတစ်ရပ်လုံးက အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် စွမ်းစွမ်းတမံ ဆက်လက်ပါဝင်ကြမယ်လို့ ယုံကြည်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုနှစ်ဟာ အာဏာရှင်စနစ် ကျဆုံးပြီး ပြည်သူအပေါင်း မျှော်မှန်းတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်ဖို့အတွက် အထောက်အပံ့ကောင်းတွေနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ဖို့လည်း ဆုမွန်ကောင်းတောင်းထားပါတယ်။

အခု (၃)နှစ်တာ ကာလပတ်လုံး ပင်ပန်းဆင်ရဲမှုတွေကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ တစ်ရက်မနားဘဲ ပါဝင်နေကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို ဦးညွတ်အလေးပြုကြောင်း ဖော်ပြထားပါတယ်။

ကုန်ဆုံးခဲ့တဲ့ (၃)နှစ်တာကာလတွေဟာ ပြည်သူလူထုအနေနဲ့ ရင်နဲ့မမျှအောင် ဒုက္ခဝေဒနာများစွာ ခံစားခဲ့ကြရတဲ့ နှစ်ကာလတွေ ဖြစ်တာကို ငြင်းဖွယ်ရာမရှိဘူးလို့လည်း GSCB က ပြောဆိုထားပါတယ်။

အခု (၃)နှစ်တာကာလမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်နဲ့ အပြစ်မဲ့ပြည်သူ (၄၀၀၀)ထက်မနည်း သေဆုံးကာ (၂၅၀၀၀)ထက်မနည်း မတရား ဖမ်းဆီးအကျဉ်းချခံခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ တစ်မြို့မကျန် သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 12 Views
စက်တင်ဘာလ (၁၄)ရက်။ ရခိုင်မှာ ကျန်ရှိနေ‌တဲ့ မြို့တွေအပါအ၀င် တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်ထဲ ရေဘေးသင့်ပြည်သူ (၃၀၀၀၀)နီးပါး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ Karenni-IEC ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 10 Views
စက်တင်ဘာလ (၁၄)ရက်။ ကရင်နီပြည်ထဲ ယာယီရွှေ့ပြောင်းနေရတဲ့ ရေဘေးသင့်ပြည်သူ (၂၈၇၃၅)ဦးအတွက် အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

သိန္နီခရိုင်ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 9 Views
စက်တင်ဘာလ (၁၄)ရက်။ မနေ့က ည (၇)နာရီအချိန်မှာ သိန္နီခရိုင်၊ သံလွင်လျင်ဟိုမြို့နယ်ရှိ နန်ဘိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နန်ဘိုင်းရွာရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ
မြန်မာသတင်း

ရွှေပြည်သာမြို့မှာ စစ်ကောင်စီတပ်တွေ ဂျူတီချိန်းချိန် ဖောက်ခွဲတိုက်ခိုက်ခံရပြီး (၃)ဦးထိမှန်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 9 Views
စက်တင်ဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က ရွှေပြည်သာမြို့နယ်၊ (၁၄)လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာမှာ ဂျူတီချိန်းချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces(GHF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၇)နာရီ (၁၀)မိနစ်လောက်မှာ (၁၄)လမ်းဆုံက
မြန်မာသတင်း

မကွေးနဲ့ ပဲခူးရှိ ရေလှောင်တမံတွေ ရေကျော်လွန်နေတာကြောင့် အထူးသတိပြုနေထိုင်ဖို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 4 Views
စက်တင်ဘာလ (၁၄)ရက်။ မကွေးတိုင်းနဲ့ ပဲခူးတိုင်း(အရှေ့နဲ့အနောက်)တို့ရှိ ရေလှောင်တမံတွေ ရေပိုလွှဲအထက်ကို ရေကျော်လွန်နေတာကြောင့် အထူးသတိပြုနေထိုင်ဖို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေလှောင်တမံတွေ ရေပိုလွှဲအထက်ကို ရေကျော်လွန်နေတဲ့အတွက် အဲ့ဒီရေလှောင်တမံတွေအနီးနဲ့ အောက်ပိုင်းရှိ မြို့ရွာတွေကနေ ဒေသခံပြည်သူတွေအနေနဲ့
မြန်မာသတင်း

ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီရဲ့ လွတ်ရှမ်းစစ်စခန်းကြီးကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 11 Views
စက်တင်ဘာလ (၁၃)ရက်။ မနေ့က ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လွတ်ရှမ်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ အင်အားကြီးစစ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ SOF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အင်အားကြီးအထိုင်စခန်းကို ရိက္ခာ၊
မြန်မာသတင်း

မဲဆောက်မြိုမှာ သက်ငယ်မုဒိန်းမှု ကျူးလွန်တဲ့သူ‌ကို အမြန်ဆုံးအရေးယူပြီး ကျူးလွန်ခံရတဲ့ ကလေးငယ်နဲ့ မိသားစုကို အကာအကွယ်ပေးဖို လူပေါင်း (၁၆၀၀) ကျော်က NUG ထံ လက်မှတ်ရေးထိုးတောင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 9 Views
စက်တင်ဘာလ (၁၃)ရက်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြိုမှာ CDM တက္ကသိုလ်ဆရာမတစ်ဦးရဲ့ ကလေးကို သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သူကို အမြန်ဆုံးအရေးယူဖို့ လူဦးရေ (၁၆၇၉) ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး NUG ကို အိတ်ဖွင့်ပေးစာ ပေးပိုတောင်းဆိုခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

KNDF ဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲမျောပါဆုံးရှုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 5 Views
စက်တင်ဘာလ (၁၃)ရက်။ KNDF ဆေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲကို မျောပါဆုံးရှုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆေးသင်တန်းက သင်တန်းသားတွေဟာ စက်တင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းက သင်ခန်းစာမစ်ရှင်လေ့ကျင့်ပြုလုက်ချိန် ရေချောင်းတစ်ခုကို