နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

အယ်ဒီတာအာဘော်

ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက် လောက်ကိုင်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများပေါ်ပေါက်လာခဲ့သလို ငွေကြေးခဝါချမှုများ၊ လူကုန်ကူးမှု၊ အဓမ္မကျွန်ပြုမှုများ၊ လောင်းကစားဝိုင်းများအထိ ဒုစရိုက်လုပ်ငန်းများ ကျယ်ပြန့်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံတကာမှ ပြည်သူများ ထိုနေရာတွင် ဓားစာခံများ ဖြစ်လာကြသည်။ ထိုအထဲတွင် တရုတ်နိုင်ငံမှ တရုတ်နိုင်ငံသားများသည် အများစုဖြစ်လာခဲ့သလို ဒုစရိုက်သမား အများစုသည်လည်း တရုတ်လူမျိုးများ ဖြစ်ကြသည်။ ထိုအတွက် တနှစ်လျှင် တရုတ်နိုင်ငံ၏ စီးပွားရေး ဘီလီယံနှင့်ချီပြီးထိခိုက်ခဲ့သည်။ ထို့အတွက် တရုတ်အစိုးရမှ မင်းအောင်လှိုင်ကို ထိုလုပ်ငန်းများကိုရပ်တန့်ရန်ပြောကြားခဲ့သော်လည်း မင်းအောင်လှိုင်က မြက်မြက်လေးရရှိနေသည့် ဝေစုအတွက် နှာစေးနေခဲ့ပြီး အရေးမပါသည့် ဒုတိယတန်းစားအဆင့်ကိုသာ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ပေးခဲ့သည်။

ဝနယ်မြေတွင်လည်း ထိုငွေလိမ်ဂိုဏ်းရှိသဖြင့် တရုတ်မှ ဖိအားပေးသည့်အခါ ဝတို့က သူတို့နယ်မြေရှိ ရာဇဝတ်သား တထောင်ကျော်ကို ဖမ်းဆီးပြီး တရုတ်လက်သို့ အပ်ခဲ့သော်လည်း လောက်ကိုင်တွင်မူ ရာဂဏန်းလောက်သာ ဖမ်းဆီးခဲ့သည့်အတွက် တရုတ်တို့ကို ဒေါသအမျက်ထွက်စေခဲ့သည်။ ထို့ကြောင့် ညီနောင်သုံးဖော်ကို တရုတ်မှ ကူညီပြီး တိုက်ခိုက်စေသည့် ၁၀၂၇စစ်ဆင်ရေးဖြစ်လာခဲ့သည်။ ညီနောင်သုံးဖော်၏ ကြေညာချက်တွင် ယင်းအချက်ကို သိသာထင်ရှားသည့်အချက်မှာ သူတို့၏ ရည်မှန်းချက်သည် လောက်ကိုင်ပြန်လည်ရရှိရေးနှင့်ငွေလိမ်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းဖမ်းဆီးရေးဖြစ်ပြီး မည်သည့်စာရွက်စာတမ်းကိုမျှ မဖျောက်ဖျက်ရန် သတိပေးထားခဲ့သည်။

ညီနောင်တို့၏ထိုးစစ် လျှင်မြန်စွာ အောင်မြင်လာခဲ့ပြီး လောက်ကိုင်ကျနိုင်သည့်အနေအထားတွင် မိမိနှင့်ဝေစားမျှစားလုပ်ခဲ့သူ ပယ်ဆောက်ချိန်နှင့် ဂိုဏ်းခေါင်းဆောင်များကို နေပြည်တော်သို့ လျှို့ဝှက်ပို့ဆောင်ပြီး ဖုန်ကြားရှင်မျိုးဆက်နှင့် တရုတ်ဖမ်းဆီးခံရမည့်ရန်မှ အကာအကွယ်ပေးခဲ့ပြန်သည်။ မင်းအောင်လှိုင်အနေနှင့် တချိန်က အမေရိကန်မှ ဘိန်းဘုရင်ခွန်ဆာကို ဆုကြေးဒေါ်လာ (၁၀) သန်း ထုတ်ပြီး ဝရန်းကပ်သည့်အတွက် အမေရိကန်တို့ လာရောက်ဖမ်းခြင်းခံရမည်ကို ကြောက်ပြီး ခွန်ဆာမှ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုကို လာဘ်ငွေထိုး၍ အဖမ်းခံသည့်အတွက် စစ်တပ်မှ သေသည့်အထိ ကာကွယ်ပေးခဲ့ဖူးသည့် အနေအထားမျိုးကို မင်းအောင်လှိုင်က ပယ်ဆောက်ချိန်တို့ကို ကာကွယ်ပေးရန် ရည်ရွယ်ပုံရသည်။

လောက်ကိုင်ကို ညီနောင်သုံးဖော်က သိမ်းပိုက်လိုက်ပြီးနောက် စကစစစ်ဗိုလ်ချုပ် ၆ ဦးနှင့်အတူ တပ်မိသားစုများအပါအဝင်လူပေါင်း ၃၀၀၀ ကျော် လက်နက်ချလိုက်ပြီး ငွေလိမ်ဂိုဏ်းဝင်များအဖွဲ့သားများ ထောင်နှင့်ချီပြီး တရုတ်နိုင်ငံသို့အပ်နှံခဲ့သော်လည်း အဓိကဂိုဏ်း ခေါင်းဆောင် ၆ ဦးကိုမူ ဖမ်းမမိဘဲ ရှိခဲ့သည်။ အင်အားကြီးအိမ်နီးချင်းတရုတ်နိုင်ငံသည် အလွန်ဝေးကွာသည့် အမေရိကားတိုက်ရှိ အမေရိကန် အစိုးရထက် ပိုမိုကြောက်ဖို့ကောင်းသည်။ ထို့ကြောင့်တရုတ်မှ ဖိအားပေးလာသည့်အခါ မိမိကာကွယ်ပေးထားသည့် ကိုးကန့်ဒေသ အွန်လိုင်း လိမ်လည်မှုဂိုဏ်း၏ အဓိကခေါင်းဆောင် ၆ ဦးဖြစ်တဲ့ ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄ ဦးစုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ် ချကျွေးခဲ့ရပြန်သည်။

ပယ်ဆောက်ချိန်တို့ကို တရုတ်လေယဉ်ပျံဖြင့် နေပြည်တော်မှ လာရောက်ခေါ်ယူသွားခြင်းသည် ကိုးကန့်ဒုစရိုက်ဂိုဏ်းများကို မင်းအောင်လှိုင်မှ အကာကွယ်ပေးထားကြောင်း ဗူးပေါ်သလိုပေါ်သွားခြင်းဖြစ်ကြောင်း ငွေလိမ်ဂိုဏ်းများနှင့် မြန်မာစစ်တပ်သည် ဆက်စပ်ပါဝင်ပတ်သက်နေကြောင်း ဘွင်းဘွင်းကြီးပေါ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၊ ရှမ်းမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူပေါင်း ၄၄,၀၀၀ ထဲတွင် နောက်ကွယ်မှ ငွေကြေးထောက်ပံ့သူများ၊ ခေါင်းဆောင်များနှင့် အမာခံများက ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦး ပါဝင်သည်ဟု သိရသည်။

ပယ်ဆောက်ချိန်တို့ကဲ့သို့ မင်းအောင်လှိုင်ကိုယုံစား၍ မင်းအောင်လှိုင်ခိုင်းသမျှ လုပ်နေသော တိုင်းရင်းသားပြည်နယ်အသီးသီးရှိ နယ်ခြားစောင့်တပ် BGF များသည်လည်း တချိန်တွင် ချကျွေးခြင်းခံရမည်ကို သိလာသည့်အတွက် ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူက တပ်ချုပ်မင်းအောင်လှိုင်ထံမှ ခွာထွက်လိုက်ခြင်းသည် ကရင်ပြည်နယ်အတွက် အလှည့်အပြောင်းတခုပင် ဖြစ်သည်။ ကေအင်ယူမှ ပြိုကွဲနေသော ကရင့်တော်လှန်ရေးအုပ်စုများကို သဘောထားကြီးကြီးထားပြီး စည်းရုံးနိုင်ခဲ့လျှင် တောင်ပိုင်းတော်လှန်ရေးသည် တနင်္သာရီတိုင်းနှင့်ကရင်ပြည်နယ်ကို အမြှီးဖြတ်ရယူ၍ လွတ်မြောက်နယ်မြေ ဖြစ်လာအောင် ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်သည်။

ဗိုလ်မှူးချုပ်စောချစ်သူအနေနှင့် စစ်အုပ်စုမှခွာလိုက်ခြင်းဖြင့် နိုင်ငံတကာ စွပ်စွဲထားသော ရာဇဝတ်မှုများမှ ကင်းလွတ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့်သူ့အနေနှင့် ရွှေကုက္ကိုတွင် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် ငွေလိမ်ဂိုဏ်းများကို ဖော်ထုတ်နိုင်ရန်နိုင်ငံတကာမှ အင်တာပို ပုလိပ်အဖွဲ့အပါအဝင် နယ်စပ်ချင်းကပ်နေသည့် ထိုင်းပုလိပ်အဖွဲ့များကိုပါ ရွှေကုက္ကိုအတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုနိုင်ရန်လိုသည်။ ကေအင်ယူအဖွဲ့အစည်းသည်လည်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကရင်ပြည်နယ်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ လူကုန်ကူးမှုများကို ရှင်းလင်းရေးတွင် တာဝန်ယူသင့်သည်။

အဘယ်ကြောင့်ဆိုသော် တရုတ်စီမံကိန်းများ၏ နောက်ကွယ်၌ နိုင်ငံတကာတွင် ပြစ်မှုများကျူးလွန်ထားသည့် တရုတ်ရာဇဝတ်ဂိုဏ်များနှင့် ဆက်နွယ်နေကြောင်းကို အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုက ဖော်ပြထားပြီး လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုများနှင့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ကျူးလွန်နေကြသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၏ ဗဟိုချက် ဖြစ်လာနေသည်အတွက်ကြောင့် ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရထိုက်လုပ်ငန်းစု (Yatai Group) နှင့် ကရင် BGF နယ်ခြားစောင့်တပ်တို့ ပူးပေါင်းကာ မြန်မာ- ရထိုက် နိုင်ငံတကာ ပိုင်ဆိုင်မှု လုပ်ငန်းအုပ်စု (Myanmar Yatai International Holding Group) အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ခဲ့ပါသည်။ စီမံကိန်းကို အကောင်အထည်ဖော်ရန် ဘေဂျင်းအခြေစိုက် ပြည်ပရောက် တရုတ်လူမျိုးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ချုပ် (China Federation of Overseas Chinese Entrepreneurs) ၏ စီစဉ်မှုဖြင့် ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ်စွန့်ဦးတီထွင်ပညာရှင်များ ညီလာခံအတွင်း ဗိုလ်မှုးကြီး စောချစ်သူနှင့် သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာန၏ မှတ်တမ်းအရ ကုမ္ပဏီရှယ်ယာကို ကမ္ဘောဒီးယားနိုင်ငံသားခံယူထားသူတရုတ်နိုင်ငံသားက ၆၇ ဒသမ ၆၈ ရာခိုင်နူန်း၊ မလေးရှားလုပ်ငန်းရှင်နှစ်ဦးက ၁၂ ဒသမ ၃၂ ရာခိုင်နူန်း နှင့် BGF နယ်ခြားစောင့်တပ်မှ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 29 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 55 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 48 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 126 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 165 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 144 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 108 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 117 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။