နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေကို ချေမှုန်းပြီးမှ အပစ်အခတ်ရပ်စဲမယ်လို့ နေတန်ယာဟုပြော

ဟားမက်စ်တွေကို ချေမှုန်းပြီးမှ အပစ်အခတ်ရပ်စဲမယ်လို့ နေတန်ယာဟုပြော

+++++++++++++++++++

အစ္စရေးအနေနဲ့ ဟားမက်စ်စစ်သွေးကြွတွေကို အမြစ်ပြုတ် မချေမှုန်းနိုင်သရွေ့ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးကို စဉ်းစားမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်နေတန်ယာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂါဇာစစ်ပွဲဟာ မိမိတို့ စတင်ခဲ့တဲ့ စစ်ပွဲမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မိန့်ခွန်းမှာ ဒီစစ်ပွဲအဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထည့်သွင်းပြောဆိုပြီး နောက်တစ်ရက်အကြာမှာပဲ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်အတွက် အစ္စရေးက အဆိုပြုခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ရက်သတ္တပတ် 6 ပတ်အတွင်း ဂါဇာထဲက အစ္စရေးစစ်တပ်ထွက်သွားမယ်ဆိုတဲ့ ပထမခြေလှမ်းနဲ့အတူ အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံတွေကို အကျဉ်းသားတွေနဲ့ လဲလှယ်မယ့်အစီအစဉ်တွေကိုပါ ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒါပေမယ့် အခုနေတန်ယာဟုရဲ့ မှတ်ချက်ဟာ ဂျိုးဘိုင်ဒန်ရဲ့ မိန့်ခွန်းထဲမှာ ပါဝင်တဲ့ စကားတွေနဲ့ ကွဲလွဲမှုရှိနေတာကြောင့် မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ ဟားမက်စ်တွေဘက်ကတော့ သဘောတူညီမှုအတွက်ဆွေးနွေးပွဲတွေကို သတိကြီးကြီးထားပြီး ချဉ်းကပ် ကြိုဆိုခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်က အပစ်အခတ်ရပ်စဲရေး အစီအစဉ်တွေကို အသေးစိတ်မပြောခဲ့ပေမယ့် ဆွေးနွေးပွဲပြီးရင် ဂါဇာမှာ ဟားမက်စ်တွေ အာဏာတည်မြဲတော့မှာမဟုတ်ဘူးဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟားမက်စ်တွေဟာ လက်နက်ဖြုတ်သိမ်းမယ့် အစီအစဉ်မရှိကြဘူးလို့ သိရပါတယ်။

အစ္စရေးနိုင်ငံ၊ တဲအဗစ်မြို့မှာတော့ ပါလက်စ်တိုင်းနယ်မြေအတွင်း ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ အစ္စရေးအတိုက်အခံခေါင်းဆောင် ယိုင်ရာလာပစ်ကတော့ သူ့တို့ပါတီအနေနဲ့ အမေရိကန်ရဲ့ သဘောတူညီချက်ကို လက်ခံအားပေးတယ်လို့ ဆိုပါတယ်။

အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတမာဘန်ဂျီဗာက နေတန်ယာဟုအနေနဲ့ ဟားမက်စ်တွေကို မချေမှုန်းနိုင်ဘဲ ဂါဇာသဘောတူညီချက်ကို လက်ခံခဲ့မယ်ဆိုရင် ညွန့်ပေါင်းအစိုးရပြုတ်ကျသွားနိုင်တယ်လို့ သတိပေးထားပေမယ့် အစ္စရေးပါလီမန်ကတော့ သဘောတူလက်ခံဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်ဟာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အတွက် ကြားကနေဖြန်ဖြေပေးနေတဲ့ ကာတာ၊ အီဂျစ်နိုင်ငံတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဖုန်းပြောပြီး အတည်ပြုထားပြီးဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေဟာ အရေးကြီးတဲ့အချက်အလက်တချို့မှာ သဘောတူညီမှုမရသေးလို့ လအတန်ကြာ ရပ်ဆိုင်းနေရတာဖြစ်ပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု