နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေကို ချေမှုန်းပြီးမှ အပစ်အခတ်ရပ်စဲမယ်လို့ နေတန်ယာဟုပြော

ဟားမက်စ်တွေကို ချေမှုန်းပြီးမှ အပစ်အခတ်ရပ်စဲမယ်လို့ နေတန်ယာဟုပြော

+++++++++++++++++++

အစ္စရေးအနေနဲ့ ဟားမက်စ်စစ်သွေးကြွတွေကို အမြစ်ပြုတ် မချေမှုန်းနိုင်သရွေ့ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးကို စဉ်းစားမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်နေတန်ယာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂါဇာစစ်ပွဲဟာ မိမိတို့ စတင်ခဲ့တဲ့ စစ်ပွဲမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မိန့်ခွန်းမှာ ဒီစစ်ပွဲအဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထည့်သွင်းပြောဆိုပြီး နောက်တစ်ရက်အကြာမှာပဲ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်အတွက် အစ္စရေးက အဆိုပြုခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ရက်သတ္တပတ် 6 ပတ်အတွင်း ဂါဇာထဲက အစ္စရေးစစ်တပ်ထွက်သွားမယ်ဆိုတဲ့ ပထမခြေလှမ်းနဲ့အတူ အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံတွေကို အကျဉ်းသားတွေနဲ့ လဲလှယ်မယ့်အစီအစဉ်တွေကိုပါ ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒါပေမယ့် အခုနေတန်ယာဟုရဲ့ မှတ်ချက်ဟာ ဂျိုးဘိုင်ဒန်ရဲ့ မိန့်ခွန်းထဲမှာ ပါဝင်တဲ့ စကားတွေနဲ့ ကွဲလွဲမှုရှိနေတာကြောင့် မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ ဟားမက်စ်တွေဘက်ကတော့ သဘောတူညီမှုအတွက်ဆွေးနွေးပွဲတွေကို သတိကြီးကြီးထားပြီး ချဉ်းကပ် ကြိုဆိုခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်က အပစ်အခတ်ရပ်စဲရေး အစီအစဉ်တွေကို အသေးစိတ်မပြောခဲ့ပေမယ့် ဆွေးနွေးပွဲပြီးရင် ဂါဇာမှာ ဟားမက်စ်တွေ အာဏာတည်မြဲတော့မှာမဟုတ်ဘူးဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟားမက်စ်တွေဟာ လက်နက်ဖြုတ်သိမ်းမယ့် အစီအစဉ်မရှိကြဘူးလို့ သိရပါတယ်။

အစ္စရေးနိုင်ငံ၊ တဲအဗစ်မြို့မှာတော့ ပါလက်စ်တိုင်းနယ်မြေအတွင်း ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ အစ္စရေးအတိုက်အခံခေါင်းဆောင် ယိုင်ရာလာပစ်ကတော့ သူ့တို့ပါတီအနေနဲ့ အမေရိကန်ရဲ့ သဘောတူညီချက်ကို လက်ခံအားပေးတယ်လို့ ဆိုပါတယ်။

အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတမာဘန်ဂျီဗာက နေတန်ယာဟုအနေနဲ့ ဟားမက်စ်တွေကို မချေမှုန်းနိုင်ဘဲ ဂါဇာသဘောတူညီချက်ကို လက်ခံခဲ့မယ်ဆိုရင် ညွန့်ပေါင်းအစိုးရပြုတ်ကျသွားနိုင်တယ်လို့ သတိပေးထားပေမယ့် အစ္စရေးပါလီမန်ကတော့ သဘောတူလက်ခံဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်ဟာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အတွက် ကြားကနေဖြန်ဖြေပေးနေတဲ့ ကာတာ၊ အီဂျစ်နိုင်ငံတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဖုန်းပြောပြီး အတည်ပြုထားပြီးဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေဟာ အရေးကြီးတဲ့အချက်အလက်တချို့မှာ သဘောတူညီမှုမရသေးလို့ လအတန်ကြာ ရပ်ဆိုင်းနေရတာဖြစ်ပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 32 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင်
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 31 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 40 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 53 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ နာဂက်စ် ဖောင်ဒေးရှင်း က
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 51 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။ နိုဘယ်လ်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 47 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်