နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်ညီလာခံမှာ သြဘာသံအများဆုံးရခဲ့တဲ့ မီရှယ်အိုဘားမားမိန့်ခွန်း

++++++++++++++++++++++++++++++++++++++++++

ကျမတို့အနားမှာ တစုံတခုသောဆန်းကြယ်အံ့သြဖွယ်အရာက တိုင်းပြည်အနှံ့အပြားမှာ ပြန့်နှံလာနေတယ်။ ဒါဟာကူးစက်လာနေတဲ့ မျှော်လင့်ချက်စွမ်းအားကြီး ဖြစ်ပါတယ်။ ပူးပေါင်းပါဝင်လာမှု၊ စွမ်းအားတွေ၊ မြူးကြွရွှင်လန်းလာမှုတွေ၊ ပြန်လည်စုရုံး ရောက်ရှိလာခဲ့ပါတယ်။ မျှော်လင့်ချက်ရောင်ခြည် ထွန်းတောက်လာမယ့်နေ့အတွက် အမေရိကားက ပြန်လည် ရောက်ရှိလို့ လာပါပြီ။ ကြောက်ရွံ့စေခြင်း၊ ကွဲပြဲစေခြင်း၊နဲ့ မုန်းတီးမှုတွေကို ဖြစ်စေတဲ့ မကောင်းဆိုးဝါးစိတ်တွေဟာ ကျမတို့ကို ဝါးမြိုနေခဲ့ပြီး ဆက်လက်ပြီး ဒီနေ့အထိ ရှိနေခဲ့ပါတယ်။ ဒါတွေကို ပျောက်ကွယ်စေဖို့ ကြီးကျယ်ခန်းနားတဲ့ နိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ဂတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့ ဆက်လက်ဆောင်ရွက်ပေးဖို့ အခွင့်အရေးရှိနေပါတယ်။ ကျမတို့ရဲ့အဖိုးအဖွားတွေ၊ အဖေအမေတွေက အနစ်နာခံ အသေခံ စွန့်စားတိုက်ပွဲဝင်ခဲ့ပြီး မျှော်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ခဲ့ကြတယ်။

အမေရိကားရေ……..မျှော်လင့်ချက်ဟာ ဒီနိုင်ငံမှာ ပြန်လည်ရောက်ရှိလို့လာပါပြီ။ အမှန်အတိုင်းဝန်ခံရရင် ကျမဟာ ကျမရဲ့ ပူဆွေးနေရတဲ့ ဝေဒနာကြောင့် ဒီနေရာကိုလာရောက် ပြောကြားနိုင်လိမ့်မယ်လို့ မထင်မှတ်မိခဲ့ပါဘူး။ ကျမချစ်မြတ်နိုးရတဲ့ မိခင်ကြီးကွယ်လွန်သွားတာ မကြာလှသေးတဲ့အချိန်မှာ ပူဆွေးဝမ်းနည်းမှုတွေနဲ့ ပြည့်နေတဲ့ ကျမအနေနဲ့ ဒီနေရာကို မလာဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့အကြွေးတွေ ကျမအပေါ်တင်ရှိ နေမှုကြောင့် ဒီကျေးဇူးတွေကို ဆပ်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် အမေကို သတိရဂုဏ်ပြုရင်း ကျမတို့အားလုံးကို ပြန်လည်သတိရစေဖို့ ကျမတို့အားလုံးကို ကောင်းမွန်တဲ့ အနာဂါတ်ကို ပိုင်ဆိုင်ရရှိဖို့အတွက် သူတို့အနစ်နာခံခဲ့မှုတွေကို အလဟဿ ပျက်စီးဆုံးရှုံးအောင် မလုပ်မိဖို့ သတိပေးခဲ့ပါတယ်။

ကျမရဲ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း အနာဂါတ်အတွက် စိုးရိမ်ထိတ်လန့်မှုတွေကို ခံစားနေရပြီး ကျမအတွက်၊ အဲဒီ ငိုကြွေးခြင်းဟာ ကျမရဲ့ ကိုယ်ရေးကိုယ်တာ ဝမ်းနည်းမှုတွေနဲ့ ရောထွေးနေခဲ့တယ်။ အမေ့ကို အမှတ်တရအဖြစ် ကျွန်မမွေးရပ်မြေကို နောက်ဆုံးသွားရောက်ခဲ့တဲ့ အချိန်မှာ ကျွန်မရဲ့ ကိုယ်ကျင့်တရား သံလိုက်အိမ်မြှောင်ကို မြင့်မားစေပြီး အသံပါဝါကို ပြသပေးတဲ့အမေ၊ ကျွန်မကို အလုပ်ကြိုးစားမှု၊ နှိမ့်ချမှုနဲ့ ရည်မွန်မှုရဲ့ အဓိပ္ပာယ်ကို သွန်သင်ခဲ့တဲ့ အမေ့ကို အောက်မေ့ သတိတရ ဖြစ်စေခဲ့ပါတယ်။ အမေ့ကို ဆုံးရှုံးလိုက်ရလို့ နက်နက်ရှိုင်းရှိုင်း ခံစားနေရတဲ့အတွက် ဒီည ဒီပရိတ်ဿတ်ရှေ့မှာ မတ်တပ်ရပ် နိုင်လောက်တဲ့အထိ တည်ငြိမ်နေနိုင်ပါ့ မလားတောင် မသေချာပေမယ့် ကျမနှလုံးသားက သူ့ကို အမှတ်ရနေအောင် ဂုဏ်ပြုရမယ်လို့ ပြောနေတာကိုခံစားမိတဲ့ တာဝန်ဝတ္တရားကြောင့် ကျမနှလုံးသားက ကျမကို ဒီနေရာမှာ ရှိနေခိုင်းခဲ့တာဖြစ်တယ်၊ ကျမတို့ရဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ် ရရှိဖို့အတွက် ကျမတို့ရဲ့ အကြီးအကဲတွေရဲ့ အနစ်နာခံခဲ့မှုတွေကို ချေမှုန်းမပစ်မိဖို့ အရေးကြီးပါတယ်။

အမေ့ဘဝရဲ့ နေ့ရက်တိုင်းမှာ မျှော်လင့်ချက်အပြည့်နဲ့ အေးအေးဆေးဆေးပုံစံနဲ့ ရှင်သန်နေတဲ့အမေ့ကို မြင်ရတယ်၊ သူက ကလေးတိုင်းနဲ့ လူတိုင်းမှာ တန်ဖိုးရှိတယ်၊ အခွင့်အရေးပေးရင် ဘယ်သူမဆို အောင်မြင်နိုင်တယ်ဆိုတာကို သူယုံကြည်ခဲ့တယ်။ သူနဲ့ အဖေက အလွန်ချမ်းသာဖို့ စိတ်ဆန္ဒ ပြင်းပြခဲ့တာ မရှိကြဘူး။ ချမ်းသာတဲ့သူတွေက သူတို့လိုအပ်တာထက် ပိုယူနေတဲ့လူတွေလို့ သူတို့က သံသယဖြစ်ကြတယ်။ ငါတို့ပတ်ဝန်းကျင်က လူတွေအားလုံး ဆင်းရဲတွင်းမှာ မွန်းနစ်နေရင် သူတို့ကလေးတွေလည်း ရှင်သန်ဖို့ မလုံလောက်ဘူး ဆိုတာကို သူတို့ နားလည်တယ်။

ဒါကြောင့် အမေက ဒေသခံကျောင်းမှာ စေတနာ့ဝန်ထမ်း လုပ်တယ်။ သူမဟာ သူမပတ်ဝန်းကျင်ရှိ အခြားကလေးတွေကို အမြဲစောင့်ကြည့်ပြီး အကူအညီပေးခဲ့တယ်။ မျိုးဆက်ပေါင်းများစွာက ဒီနိုင်ငံတော်ရဲ့ စည်းစိမ်ကို ခိုင်ခံ့စေတဲ့ အကျိုးကျေးဇူးကို မမျှော်မှန်းဘဲ အောက်ခြေ အလုပ်ကို လုပ်ရခြင်းအတွက် သူမက ဝမ်းမြောက်မိပါတယ်။ ကိုယ့်အိမ်နီးနားချင်းကို ချစ်သလို သူတစ်ပါးကို ကူညီပါဆိုတဲ့ ယုံကြည်ချက်ပါပဲ။ အလုပ်လုပ်ပီး ခြိုးခြံနေထိုင်ပြီး အနစ်နာခံရင် အဲ့ဒီလုပ်ဆောင်ချက်က တနေ့ အကျိုးပေးပါလိမ့်မယ်။ အဲ့ဒီအကျိုးခံစားမှုက မင်းအတွက် ဖဖြစ်ချင်မှ ဖြစ်မယ်၊ မင်းရဲ့ သားသမီးတွေအတွက် ဒါမှမဟုတ် မင်းရဲ့မြေးတွေအတွက် ဖြစ်လာနိုင်ပါတယ်။

အဲဒီတန်ဖိုးတွေကို မိသားစုကနေတဆင့် လက်ဆင့်ကမ်းသယ်ဆောင်ပြီး မိသားစုလယ်ယာနဲ့ စက်ရုံတည်ရှိတဲ့ မြို့တွေ၊ သစ်ပင်တန်းရှိတဲ့ လမ်းတွေနဲ့ လူစည်ကားတဲ့ အိမ်ငှားတိုက်တန်းတွေ၊ ဆုတောင်းရေးအဖွဲ့တွေ၊ နိုင်ငံတော်အစောင့်တပ်တွေနဲ့ လူမှုလေ့လာရေး စာသင်ခန်းတွေကနေ တဆင့်ပျံ့နှံသွားတယ် အဲဒီတန်ဖိုးတွေကို အမေ့ရဲ့နောက်ဆုံး ထွက်သက်အထိ အမေက ပေးခဲ့တဲ့ တန်ဖိုးတွေပါ။ ကာမလာနဲ့ ကျမတို့မှာ ကျမတို့ရဲ့မိခင်များက ဒီနိုင်ငံတော်ရဲ့ကတိကို သမုဒ္ဒရာခြားနားစွာ ကြီးပြင်းလာသော်လည်း ယုံကြည်ချက် တူညီတဲ့ အခြေခံတန်ဖိုးများပေါ်မှာ ကျမတို့ရဲ့ဘဝကို တည်ဆောက်ခဲ့ပါတယ်။

သူ့အမေက အိန္ဒိယကနေ ၁၉ နှစ်သမီးအရွယ်မှာ ဒီကို ပြောင်းလာတယ်၊ အဲဒါကြောင့် တခြားသူတွေကို မြှင့်တင်ပေးရမယ့် တာဝန်၊ တရားမျှတမှု အကြောင်းတွေကို သူက သမီးဖြစ်သူ ကာမလာကို မကြာခဏ သင်ပေးခဲ့တယ်၊ ကိုယ်က ယူတာထက် ကိုယ်က ပိုပေးရမဲ့ တာဝန်ရှိတယ်လို့ သူ့သမီးကို သင်ပေးခဲ့သလို တနေရာမှာ ထိုင်နေပြီး ညည်းညူတာမျိုး မလုပ်ပါနဲ့၊ တစ်ခုခုကို လုပ်ပါလို့ သင်ပေးတယ်။ ဒါ့ကြောင့် သူမခေါင်းထဲမှာ အဲ့ဒီမိခင်ရဲ့ဆုံးမမှုကို ဦးထိပ်ထားပြီး ကာမလာဟာ ကျောင်းမှာ စာကိုကြိုးစားသင်ကြားခဲ့တဲ့အတွက် HBCU တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့ပါတယ်။ ဥပဒေချိုးဖောက်သူတွေကို အရေးယူပြီး ဥပဒေကို တောင့်တင်းခိုင်မာစေဖို့ ဆောင်ရွက်တဲ့ အစိုးရရှေ့နေတယောက် ဖြစ်လာခဲ့တယ်။ ပြည်သူတွေအတွက် ကောင်းမွန်တဲ့လစာ ရရှိရေး၊ ဆေးဝါးတွေကို ဈေးနှုန်းးချိုသာစွာရရှိရေး၊ ကောင်းမွန်တဲ့ပညာရေး ရရှိရေး သင့်တင့်မျှတတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ ကလေးစောင့်ရှောက်မှု ရရှိရေး၊ လူလတ်တန်းစား အိမ်ထောင်စုတွေအတွက် သက်ကြီးရွယ်အို စောင့်ရှောက်မှု ရရှိရေးတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ကာမလာဟာ အဲဒီအလုပ်တွေ လုပ်နေရင်းကနေ သူ့ကြိုးပမ်းချက်ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယ သမ္မတအဖြစ် အထက်ကို တက်လှမ်းလာနိုင်ခဲ့တယ်။

ကျမတို့ရဲ့ အမျိုးသမီး ကာမလာဟဲရစ်ဟာ အခုအချိန်အခါမှာ အဆင်သင့် ဖြစ်နေပြီဖြစ်ပါတယ်။ သူမဟာ သမ္မတရာထူးအတွက် အရည်အချင်း အထိုက်တန်သူတွေထဲက အရည်အချင်းအရှိဆုံးသူတယောက် ဖြစ်ပါတယ်။ သူမဟာ သူ့အမေ၊ ကျမအမေနဲ့ သင်တို့အမေတွေကို ဂုဏ်ပြုနိုင်တဲ့ ဂုဏ်အသရေ အရှိဆုံးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနိုင်ငံအကြောင်း ကျမတို့ကိုယ်တိုင်ပြောပြတဲ့ ဇာတ်လမ်းတွေကို ရုပ်လုံးဖော်လိုက်ရင် အမေ့ဇာတ်လမ်းက မင်းရဲ့ဇာတ်လမ်းလည်း ဖြစ်သလို ငါ့ရဲ့ဇာတ်လမ်းပဲ၊ ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အမေရိကန်လူမျိုးအများစုရဲ့ ဇာတ်လမ်းပါပဲ။ ကြည့်လိုက်ပါ၊ မင်းဘယ်နေရာကလာတယ်၊ မင်းရဲ့အသွင်သဏ္ဍာန် ဘယ်လိုရှိတယ်၊ မင်းဘယ်သူ့ကို ချစ်တယ်၊ ဘယ်လို ကိုးကွယ်ယုံကြည်မှု ရှိတယ်၊ ဒါမှမဟုတ် မင်းဘဏ်အကောင့်ထဲမှာ ဘယ်လောက်ရှိတယ် ဘယ်လို မတူညီမှုတွေ ရှိရှိ ကျမတို့အားလုံးက သင့်တင့်လျောက်ပတ်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ အခွင့်အရေး ရှိတယ်ဆိုတာကို ကာမလာ သိပါတယ်၊ ကျမတို့ ပံ့ပိုးလုပ်ကိုင်ဆောင်ရွက်မှုတွေအားလုံးကို တန်ဖိုးထား လက်ခံဖို့ ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံသား ဖြစ်တယ်ဆိုတာ ဘယ်သူမှ လက်ဝါးကြီးအုပ်ထားခွင့် မရှိပါဘူး။

ကာမလာဟာ နိုင်ငံတော်ရဲ့သစ္စာကို စောင့်သိရိုသေသူအဖြစ် ဒေါသနဲ့ ခါးသီးမှုကို ရှေးရှူလုပ်ဆောင်တာ မလုပ်ဘဲ ပြည်သူတွေကို ဝန်ဆောင်မှုပေးပြီး အဲ့ဒီသူတွေအတွက် အခွင့်အလမ်းတံခါးတွေကို တွန်းဖွင့်ပေးနေသူ ဖြစ်ပါတယ်။ ကျမတို့ အများစုဟာ တဖြည်းဖြည်း ကျရှုံးနေတာ ဘဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ကြောင်းနဲ့ ဆွေစဉ်မျိုးဆက် ကြွယ်ဝချမ်းသာမှုကို အခိုင်အမာ တည်ဆောက်နေမှုကလည်း ကျမတို့ဟာ ဘဘယ်လို အကျိုးဖြစ်ထွန်းမှုမျိုးမှရမှာ မဟုတ်တာကို ကာမလာက နားလည်သဘောပေါက်ပါတယ်။ ကျမတို့ လုပ်ငန်းတစ်ခု ဒေဝါလီခံရတာ ဒါမှမဟုတ် အကျပ်အတည်းတစ်ခုမှာ ကျဆုံးနေရင် ကျမတို့မှာ ဒုတိယ တတိယ ဒါမှမဟုတ် စတုတ္ထအခွင့်အရေးကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ကျမတို့ လိုချင်သလို အခြေအနေတွေက ဖြစ်မလာရင် ကျမတို့မှာ ဒီကိစ္စအတွက် လှည့်ပတ်နိုင်ဖို့ ဒါမှမဟုတ် ကိုယ်က သူများရှေ့က သွားနိုင်အောင် အခြားသူတွေကို လိမ်ညာနိုင်ဖို့ ၊ ကျမတို့က အမြဲအနိုင်ရနေအောင် စည်းကမ်းတွေကို မပြောင်းရဖို့အတွက် ကျမတို့မှာ စည်းစိမ်ဥစ္စာမရှိပါဘူး။ ကျမတို့ရှေ့မှာ တောင်ကြီး ကာဆီးနေရင် တောင်ထိပ်ရောက်ဖို့ ဓါတ်လှေကားက ကျမတို့ကို စောင့်မျှော်နေမယ်လို့ မမျှော်မှန်းနိုင်ပါဘူး၊ ကျမတို့ ခေါင်းတွေကို ငုံ့ထားရမယ်၊ ကျမတို့အနေနဲ့ အမေရိကားမှာ တခုခုလုပ်နိုင်ပါတယ်၊ ကာမလာဟဲရစ်ဟာ သူမဘဝတလျှောက် သူဘယ်လို လုပ်လာခဲ့တယ်ဆိုတာ ကျမတို့ တွေ့ခဲ့ရပါတယ်။

သူမရဲ့ သံမဏိ ကျောရိုး သူမရဲ့တည်တည်ငြိမ် ကြီးပြင်းလာမှု၊ သူမရဲ့ စံနမူနာပြထားတဲ့ ရိုးသားမှုနဲ့။ မှန်ပါတယ်၊ သူမရဲ့ပျော်ရွှင်စွာ ရယ်မောသံနဲ့ သူမရဲ့ အလင်းရောင်တို့ဟာ အားတက်ရွှင်လန်းစေပါတယ်။ ဒီပြိုင်ပွဲမှာ အဓိက ကိုယ်စားလှယ်လောင်း နှစ်ဦးအနက် ကာမလာဟဲရစ်ကသာ မမြင်ရတဲ့ ကြိုးစားအားထုတ်မှုနဲ့ မယိမ်းယိုင်သော ကတိကဝတ်တွေကို အမှန်တကယ် နားလည်သဘောပေါက်နိုင်ပြီး အမေရိကန်ကို အမြဲတမ်း ကြီးကျယ်ခမ်းနားစေခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ၊ နောက်ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ လူတွေက သူမရဲ့ အမှန်တရားကို လိမ်လည်လှည့်ဖြားဖို့ တတ်နိုင်သမျှ လုပ်ကြမယ်ဆိုတာပါပဲ။

ဝမ်းနည်းစရာကောင်းတာက ကျွန်မခင်ပွန်းနဲ့ ကျွန်မက ဒီအကြောင်း နည်းနည်းသိခဲ့ရလို့ပါ။ ဒေါ်နယ်ထရန့်က ကျမတို့လင်မယားကို လူတွေက ကြောက်လန့်နေအောင် သူ့စွမ်းအားရှိသမျှနဲ့ အရာရာကို လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ကျဉ်းမြောင်းပြီး အကန့်အသတ်သာရှိတဲ့ ကမ္ဘာ့အမြင်က ကျမတို့ လင်မယားလို အလုပ်အရမ်းကြိုးစားတဲ့ မြင့်မားတဲ့ပညာအရည်အချင်းရှိပြီး အောင်မြင်နေတဲ့သူနှစ်ဦးက သူ့ကို ခြိမ်းခြောက်နေတယ်လို့ မြင်စေခဲ့တယ်။ ဖြစ်ချင်တော့ ကျမတို့ဟာ လူမဲတွေ ဖြစ်နေတာပါပဲ၊ ကျမသိချင်နေမိတယ်။ ကျမသိချင်နေမိတယ်၊ ဘယ်သူက သူ့ကိုသွားပြောမလဲပေါ့။ အခုလက်ရှိ သူလုပ်ချင်နေတဲ့အလုပ်က လူမဲတွေရဲ့ အလုပ်ထဲက (သမတအလုပ်) အလုပ်တခု ဖြစ်တယ်ဆိုတာကို ဘယ်သူက သူ့ကို သွားပြောမလဲလို့ ကျမသိချင်နေမိတယ်။

ကြည့်ပါ၊ တကယ်ဘဝ အတွေးအခေါ် နဲ့ ဖြေရှင်းချက်တွေ၊ လူတွေရဲ့ဘဝကို အမှန်တကယ် ကောင်းစေမယ့်အလုပ်နဲ့ သူ့ရဲ့တူညီတဲ့ လိမ်လည်တဲ့ပုံစံဟောင်းနဲ့ သူ့ရဲ့မိန်းမ မုန်းတီးနှိမ်ချရေးနဲ့ လူမျိုးရေး ခွဲခြားတဲ့ဘဝကို အစားထိုးလိမ်လည်ဖို့ သူက လုပ်မှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဖြတ်တောက်တာ၊ ကျမတို့ရဲ့ ခန္ဓာကိုယ်တွေကို လွတ်လပ်စွာ ထိန်းသိမ်းနိုင်ခွင့်ကို ရုတ်သိမ်းတာ၊ ကျမလိုမျိုး IVF ကတဆင့် မိခင်တစ်ဦး ဖြစ်လာဖို့ လွတ်လပ်စွာ လုပ်ဆောင်ခွင့်တို့ကို ပိတ်ပင်တာတွေဟာ ကျမတို့ရဲ့ အမေ၊ သမီးတွေရဲ့ ကျန်းမာရေး ရလဒ်တွေ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ပါဘူး။ ပညာရေးဌာနကို ပိတ်ပစ်တာနဲ့ ကျမတို့ရဲ့ ကလေးတွေအတွက် စာအုပ်မတွေကို ပိတ်ပင်တာဟာ အနာဂတ်အတွက် ပြင်ဆင်ပေးတာ မဟုတ်ပါဘူး။

ကျမတို့ရဲ့ ကလေးတွေဟာ သူတို့ ဘယ်သူဖြစ်တယ်ဆိုတာကို မကောင်းဆိုးဝါးအဖြစ် သတ်မှတ်တာနဲ့ သူတို့သဘောကျတဲ့သူကို သူတို့ ချစ်ခြင်းကို မကောင်းဆိုးဝါးအဖြစ် သတ်မှတ်တာဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ဘဝကို ပိုမိုကောင်းမွန်စေမှာ မဟုတ်ပါဘူး။ အဲ့ဒီလုပ်ဆောင်မှုက ကျမတို့ကို သိမ်ငယ်စေတယ်။ အားလုံးကို ပြောချင်ပါတယ်။ ဒီလိုသိမ်ငယ်စွာနေရမှုက ဘယ်တော့မှ အဖြေမဟုတ်ဘူးလို့ ပြောပါရစေ။ သိမ်ငယ်သွားစေတာမှာ ကျမတို့ရဲ့ ကလေးတွေကို သင်ပေးတဲ့အရာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သိမ်ငယ်သွားတာဟာ သနားစရာကောင်းပြီး ကောင်းမွန်တဲ့အချက် မဟုတ်ပါ။ မညီညွတ်သလို ပွင့်ပွင့်လင်းလင်းပြောရရင် တရားမျှတမှု မရှိပါဘူး။ အဲဒီလိုလူတွေကို နှိမ့်ချပြီး သေးသိမ်အောင်လုပ်ပြီး အမြင့်ဆုံးရာထူးကို ရယူဖို့ ကြိုးစားနေသူကို ကျမတို့က ဘာကြောင့်လက်သင့်ခံနေရမှာလဲ? ဒီလိုနောက်ပြန်သွားနေတဲ့ခေါင်းဆောင်မှုကနေ ကျမတို့က ပုံမှန်အခြေအနေ ပြန်ရအောင် လုပ်ယူရပါမယ်။

ဒါကြောင့် ကျမတို့မှာ စိတ်ကောင်းရှိတဲ့ ကာမလာဟဲရစ်နဲ့ တင်မ်ဝါ့ဇ် တို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။ ကျမတို့ ခံစားရတဲ့ စိတ်ပျက်အားငယ်မှုကို မမေ့မလျော့ဘဲ ဒီမျှော်လင့်ချက် ခံစားချက်ကို ဆုပ်ကိုင်ထားလိုက်ကြရအောင်၊ ကျမတို့ ဆန့်ကျင်ရင်ဆိုင်ရမယ့်သူတွေ ရှိနေတာကိုလည်း မမေ့လိုက်ပါနဲ့။ အခုအချိန်မှာ ကာမလာနဲ့ တင်မ်တို့ဟာ အလုပ်ကိုကောင်းမွန်စွာ လုပ်နေကြပြီး နိုင်ငံတဝှမ်းက စည်းရုံးဟောပြောရေးကွင်းတွေမှာ လူတွေက စုစည်းနေကြပြီး ပြည်သူတွေဟာ အားတက်နေကြပြီ ဖြစ်ပါတယ်။

ကျမတို့ဟာ စိတ်ခံစားနေရတာကောင်းပေမဲ့ ကျမတို့နဲ့ မတူတဲ့ ရလဒ်ရဖို့အတွက် စိတ်အားထက်သန်သူတွေ အများကြီး ရှိနေသေးတာကို သတိရပြီး ကာမလာရဲ့ လှုပ်ရှားမှုတိုင်းကို ဝေဖန်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မိန်းမတွေကို မဲမပေးချင်တဲ့၊ မုသားတွေကို ဖြန့်ဖို့ စိတ်အားထက်သန်နေသူတွေ၊ ရှိနေသေးတယ်၊ သူတို့ရဲ့ စည်းစိမ်ဥစ္စာကို လုံလုံလောက်လောက် ရှိဖို့အတွက် ဦးစားပေး တည်ဆောက်နေသူတွေ ရှိနေတဲ့အတွက် ဒီနေ့ညမှာ ဘယ်လောက် စိတ်ခံစားမှု ကောင်းနေပါစေ ဒါမှမဟုတ် မနက်ဖြန် ဒါမှမဟုတ် နောက်နေ့တွေ ဘယ်လောက်ပဲ ကောင်းနေပါစေ ဒီတိုက်ပွဲက အထက်ကို လှန်တက်တိုက်ရမဲ့တိုက်ပွဲ ဖြစ်တာကြောင့် ပရိတ်သတ်တို့ ကျမတို့ဟာ ကျမတို့ရဲ့ ရန်သူ မဖြစ်နိုင်ပါဘူး၊ မိနစ်ပိုင်းအတွင်းမှာ အမှားအယွင်းတခု ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်တာနဲ့ လိမ်ညာမှုက ပေါ်လာနိုင်တယ် ပရိတ်သတ်တို့ လိမ်ညာတဲ့လူတွေကို မျက်ကွယ်ပြုလွှတ်ထားလို့ မဖြစ်နိုင်သလို ဒီနိုင်ငံအတွက် တစ်စုံတစ်ယောက်ရဖို့ ကာမလာလို လူကို ရွေးကောက်ခံရဖို့ကို ကြိုးစားကြရမယ်။

သူတို့ဟာ လူသားတွေသာဖြစ်ပြီး ပြီးပြည့်စုံခြင်း ရှိမှာမဟုတ်ပါဘူး။ ကျမတို့အားလုံးလိုပဲ အမှားတွေ လုပ်မိတာတွေ ရှိကြဦးမှာ ဖြစ်ပေမယ့် အဲ့ဒီ အရာအားလုံးဟာ သူတို့အပေါ်မှာ မတည်ရှိပါဘူး။ အဲ့ဒီအရာရဲ့အဖြေမှာ ကျမတို့အားလုံးအပေါ်မှာ မူတည်နေပါတယ်၊ ဒါဟာ ကျမတို့အားလုံးက အမှောင်ထုနဲ့ သွေးခွဲတာကို ကုစားနိုင်တဲ့ဖြေဆေး ဖြစ်ဖို့သာ ဦးတည်ပါတယ်။ သင်ဟာ ဒီမိုကရက်ဖြစ်ဖြစ် ရီပတ်ဘလစ်ကန်ဖြစ်ဖြစ် ပါတီစွဲကင်းသူဖြစ်စေ ဒါတွေအားလုံးနဲ့မဆိုင်သူဖြစ်စေ နိုင်ငံရေးအရ ဘယ်လိုကွဲပြားနေနေ ကျမ ဂရုမစိုက်ပါဘူး။ ဒီအချိန်ဟာ ကျမတို့ရဲ့နှလုံးသားထဲမှာ ကျမတို့မှန်တယ်လို့ ခံစားသိရှိတဲ့အရာအတွက် ရပ်တည်ဖို့၊ ကျမတို့ရဲ့ အခြေခံလွတ်လပ်ခွင့်အတွက်သာမကဘဲ ယဉ်ကျေးသိမ်မွေ့မှုနဲ့ လူသားဆန်မှုအတွက်၊ ရပ်တည်ဖို့၊ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဂုဏ်သိက္ခာအတွက် အခြေခံလေးစားမှုနဲ့ စာနာမှုတို့အတွက် ရပ်တည်ဖို့၊ ၊ ကာမလာကို သူ့အမေကပြောသလို ထိုင်ပြီး မညည်းညူနေပါနဲ့ တစ်ခုခုကိုလုပ်လို့ ကမာလာကို ပြောခဲ့တာကို သတိရကြပါ။

ကျမတို့ရဲ့ ကံကြမ္မာက ကျမတို့ရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ၇၇ ရက်အတွင်း ကျမတို့တိုင်းပြည်ကို အကြောက်တရားနဲ့ သိမ်ငယ်မှုကနေ ရုန်းထွက်နိုင်အောင် လုပ်နိုင်စွမ်းအား ကျမတို့မှာ ရှိတယ်။ အတိတ်ကရှိခဲ့တဲ့ ကျမတို့ရဲ့မျှော်လင့်ချက်တွေကို ကျမတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အကောင်အထည်ဖော်နိုင်တဲ့ စွမ်းအား ကျမတို့မှာ ရှိပါတယ်၊ ကျမတို့ရဲ့အမိအဖတွေပေးခဲ့တဲ့ မေတ္တာတွေ သူတို့ ချွေးတွေကို ပြန်လည် ပေးဆပ်ဖို့၊ ကျမတို့ အရင်ရှိနေခဲ့သူတွေအားလုံးရဲ့ အနစ်နာခံမှုတွေကို ပြန်လည်ပေးဆပ်ဖို့ ကျမတို့ လုပ်ရမှာပါ၊ အခုနောက်တဖန် ကျမတို့သေချာပေါက်လုပ်နိုင်ပါတယ်၊ ကျမတို့ဘဝတွေ ဒီအပေါ်မှာ မှီတည်နေတယ်ဆိုတဲ့စိတ်ထားနဲ့ ကျမတို့နိုင်ငံကို ရှေ့ကိုချီတက်နိုင်အောင် ကြိုးစားကြပါစို့။ တခါမှမရဘူးတဲ့မြင့်မားတဲ့ အခြေအနေ ရောက်အောင် လုပ်ဆောင်ကြပါစို့။ ကျမတို့ ကာမလာဟဲရစ်နဲ့ တင်မ်ဝ့ါဇ်တို့ကို လာမယ့်သမတနဲ့ ဒုသမတအဖြစ် ရွေးကောက်တင်မြှောက်ကြပါစို့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

စစ်သားတယောက်တိုင်းအတွက်ဒရုန်းတစင်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 70 Views
CNN သတင်း။ ဂျာမနီနိုင်ငံ၊ Wiesbaden မြို့ရှိ ကွန်ဖရင့်စင်တာတစ်ခုတွင် ဇူလိုင်လက ယူကရိန်းစစ်တပ်အကြီးအကဲများသည် ဒရုန်းများတွင် ရင်းနှီးမြှုပ်နှံရန် NATO အဖွဲ့၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန် ဥရောပ

မော်စကို၏ ကျူးကျော်မှုများကြောင့် နေတိုးမဟာမိတ်များ ဖိအားခံစားနေရချိန်တွင် အမေရိကန်က ဘီလာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုကို လေ့လာစောင့်ကြည့်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 70 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ရက် ဘိုရီဆော့ဗ်စကီး စစ်ရေးလေ့ကျင့်ရေးကွင်း၊ ဘီလာရုစ် —ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုကြောင့် တင်းမာနေပြီး ဖြစ်သော အခြေအနေတွင် အမေရိကန်၏ ဥရောပရှိ နေတိုးမဟာမိတ်များသည် မော်စကို၏ ဖိအားပေးမှုကို ခံစားနေရကာ စိုးရိမ်ပူပန်မှုများ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 139 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အကယ်၍ ၎င်းတို့အားလုံးက သဘောတူပြီး ရုရှားမှ ရေနံဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်မှသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 140 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည် အစ္စရေးက မြို့ကို လုံးဝပြောင်းရွှေ့ရန် အမိန့်ပေးပြီးနောက် နောက်ဆုံးအကြိမ် ဖျက်ဆီးမှုဖြစ်သည်။ဂါဇာစီးတီးအပေါ် အစ္စရေး၏ တိုက်ခိုက်မှုသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 236 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 258 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 268 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု