နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

လေဘာပါတီမှ ကီရာစတာမာ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာ။

ဇူလိုင်လ (၅) ရက်။

ဗြိတိန်အလုပ်သမားပါတီခေါင်းဆောင် ကီရာစတာမာသည် ဇူလိုင် ၅ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ Tate Modern နေရာ၌ ရွေးကောက်ပွဲတွင် အနိုင်ရရှိခြင်းအတွက် ဂုဏ်ပြုသည့်ဧည့်ခံပွဲ၌ ၎င်း၏ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့သည်။

“ အခုပဲ အပြောင်းအလဲ စတင်နေပါပြီ” ဟု လန်ဒန်တွင် ဗြိတိန်ဝန်ကြီးချုပ်သစ် ကီရာစတာမာ (Keir Starmer) က ပြောကြားခဲ့သည်။

မကြာမီ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာတော့မည့် ကီရာစတာမာသည် လန်ဒန်မြို့လယ်ရှိ လေဘာပါတီအောင်ပွဲခံ လူထုစုဝေးပွဲတွင် အားပေးထောက်ခံသူများအား မိန့်ခွန်းပြောကြားပြီး ကွန်ဆာဗေးတစ်ပါတီ၏ ၁၄ နှစ်ကြာ အုပ်ချုပ်မှု ပြီးနောက် “နိုင်ငံတော်ကို ပြန်လည်၍ အခင်းအကျင်းသစ် ဖန်တီးမည်” ဟု ကတိပြုခဲ့သည်။ “ အဲဒီအတွက် ကျွန်တော်တို့ မဲဆွယ်ခဲ့တယ်၊ ခင်ဗျားတို့ အဲဒီအတွက် တိုက်ပွဲဝင်ခဲ့တယ်၊ အဲဒီအတွက် ခင်ဗျားတို့ မဲပေးခဲ့တယ်၊ အခုကျွန်တော်တို့ လိုချင်တဲ့နေရာကို ရောက်နေပြီ။ အပြောင်းအလဲကို ကျွန်တော်တို့ အခုစမယ်” ဟု စတာမာက လေဘာပါတီအား ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ရိုးသားရမယ် … ဒါဟာ ကျွန်တော်တို့ လုပ်ရမဲ့အလုပ်ပဲ။ ပြောင်းလဲသွားတဲ့ လေဘာပါတီဟာ ကျွန်တော်တို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ” ဒါပေမဲ့ ဒီလိုလုပ်ပိုင်ခွင့် ရရှိတာဟာ ကြီးမားတဲ့တာဝန်နဲ့တွဲပြီးလာတယ်” ဟု စတာမာက သတိပေးခဲ့သည်။

ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်သည် အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း ဝန်ခံပြီးနောက် ခဏအကြာမှာ ဝန်ကြီးချုပ်အသစ် ဖြစ်လာမည့် စတာမာက “ကျွန်တော်တို့ရဲ့တာဝန်ဟာ ဒီနိုင်ငံကို စုစည်းထားတဲ့ အတွေးအခေါ်တွေကို အသစ်ပြန်လည်တည်ဆောက်ခြင်းမှတပါး အခြားမရှိပါ။ ခင်ဗျားအလုပ်ကြိုးစားရင် ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း အတိုင်းကျင့်ကြံ နေထိုင်ရင် ဒီနိုင်ငံဟာ ခင်ဗျားတက်လှမ်းဖို့ တရားမျှတတဲ့အခွင့်အရေးပေးသင့်တယ်…အဲဒါကို ငါတို့ပြန်လည်အသက်သွင်းရမယ်”။

သူက ဆက်လက်၍ “နိုင်ငံရေးကို ပြည်သူ့ဝန်ဆောင်မှုအဖြစ် ပြန်ပေးရမယ်၊ နိုင်ငံရေးဆိုတာ ကောင်းတာလုပ်တဲ့ အင်အားစုဆိုတာ ပြသရမယ်။ အမှားမလုပ်မိစေနဲ့ ဒါဟာ ဒီခေတ်မှာ နိုင်ငံရေးအတွက် အကြီးမားဆုံး စမ်းသပ်မှုကြီးပါပဲ” ဟု ပြောကြားခဲ့သည်။

STAFFORDSHIRE, UNITED KINGDOM – JULY 2: Labour Leader, Sir Keir Starmer delivers a speech and takes media questions while visiting Norton Cannes Community Centre on July 2, 2024 in Norton Canes, Staffordshire, United Kingdom. Maintaining a 20-point lead over the Conservatives, Keir Starmer prioritises his closing campaign efforts to win back voters in areas that were once Labour’s traditional strongholds, often referred to as the “ Red Wall.” (Photo by Christopher Furlong/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 15 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊