နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားရှိ HTS ခေါင်းဆောင် အဘူ မိုဟာမက်အယ်ဂျုလာနီ (Abu Mohammed al-Julani) ဆိုတာဘယ်သူလဲ?

Hayat Tahrir al-Sham (HTS) အဖွဲ့ ၏ အလက်ပိုမြို့ကို အံ့သြသင့်စွာ သိမ်းပိုက်နိုင်ခဲ့သဖြင့် အယ်ဂျလာနီသည် ဆီးရီးယားစစ်ပွဲနှင့်ပတ်သက်သော မျှော်လင့်ချက်များစွာကို ဖြည့်ဆည်းအားတက်စေခဲ့သည်။

သမ္မတ ဘာရှာအယ်လ်အာဆတ်ကို သစ္စာခံသည့်အစိုးရတပ်ဖွဲ့များကို အံ့သြဖွယ်ရာ ပြိုကျသွားသည့်အထိ တိုက်ခိုက်ပြီးနောက် ဆီးရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် အလက်ပိုမြို့ကို အတိုက်အခံ တိုက်ခိုက်ရေးသမားများက ၃ ရက်အတွင်း သိမ်းပိုက် နိုင်ခဲ့ပါသည်။

အဆိုပါ ထိုးစစ်ကို ဦးဆောင်သူမှာ ဆီးရီးယားတွင် အင်အားအကြီးဆုံး လက်နက်ကိုင် အတိုက်အခံအင်အားစု ဖြစ်လာသည့် ဟာယဒ်တာရာအယ်ရှမ် (Hayat Tahrir al-Sham) (HTS) ၏ ခေါင်းဆောင် အဘူ မိုဟာမက် အယ် ဂျုလာနီ ဖြစ်သည်။

၎င်း၏ဂုဏ်သိက္ခာကို တက်နေမှုကို ရုတ်လျော့စေရန် ကြိုးပမ်းမှုအဖြစ် အယ်ဂျူလာနီကို ရုရှား တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးခဲ့ကြောင်း တနင်္လာနေ့တွင် အွန်လိုင်းတွင် သတင်းထုတ်လွှင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံတစ်ပုံသည် ဆရာဝန်တဦးအဖြစ် တွေ့ရှိသဖြင့် လျင်မြန်စွာြပန်လည် ဖျက်သိမ်းခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။

သူသည် ယခုအခါ ၎င်း၏တပ်ဖွဲ့များ၏ရှေ့ပိုင်းနှင့်အလယ်ပိုင်းတွင် ရှိနေပြီး အလက်ပိုမြို့ကို စုစည်းထိန်းချုပ်ကာ ဆီးရီးယားရှိ နယ်မြေများကို ပိုမိုသိမ်းပိုက်ရန် ကြိုးပမ်းနေခဲ့သည်။

အယ် ဂျူလာနီကို အနီးကပ်လေ့လာကြည့်ရှုခြင်း

+++++++++++++++++++++++++++

ပစ္စုပ္ပန်အခြေအနေ

HTS တည်ထောင်သူအနေဖြင့် အယ်လ်ဂျူလာနီသည် အခြားလက်နက်ကိုင်တပ်ဖွဲ့များ၏ နိုင်ငံဖြတ်ကျော်စစ်ဆင်ရေးများကို အာရုံစိုက်ကာ လုပ်ဆောင်နေမှုမှ ခွဲထွက်ကာ ဆီးရီးယားတွင် “အစ္စလာမ့် သမ္မတ နိုင်ငံ” ထူထောင်နိုင်ရန် ဆယ်စုနှစ်တစ်ခုနီးပါး အာရုံစိုက် ကူးပြောင်းရန် ကြိုးပမ်းခဲ့သည်။

၂၀၁၆ ခုနှစ်ကတည်းက သူနှင့်သူ့အဖွဲ့သည် ၂၀၁၁ ခုနှစ် အာရပ်နွေဦးကာလတွင် လူကြိုက်များသော လူထုအုံကြွမှုအား ရက်ရက်စက်စက် ဖိနှိပ်ခဲ့သော အယ်လ်အာဆတ်အစိုးရ လက်အောက်မှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေသည့် ယုံကြည်အားကိုးရလောက်သော ဆီးရီးယားတော်လှန်‌ရေးသမား အဖြစ် ရပ်တည်လာခဲ့သည်။

HTS သည် အရပ်ဘက်ဝန်ဆောင်မှုများ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တရားစီရင်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံများအပြင် ဘဏ္ဍာရေးနှင့် အကူအညီများ ဖြန့်ဖြူးမှုကို စီမံခန့်ခွဲရန် ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဆီးရီးယားကယ်တင်ရေး အစိုးရမှတစ်ဆင့် HTS သည် အီလစ်၏ အုပ်ချုပ်ရေးမှူးရုံးကို ဦးစီးခဲ့သည်။

သို့သော်လည်း HTS သည် တင်းကြပ်သော စည်းကမ်းရှိပြီး သဘောထားကွဲလွဲမှုများကို သည်းမခံနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများ၊ သတင်းအစီရင်ခံချက်များနှင့် ဒေသခံစောင့်ကြည့်သူများထံမှ သိရသည်။

တက်ကြွလှုပ်ရှားသူများ ပျောက်ဆုံးမှု၏ နောက်ကွယ်တွင် HTS ကရှိနေကြောင်းနှင့် ၎င်းအား ဆန့်ကျင်သော လူမှုအသိုင်းအဝိုင်းအား ဝန်ဆောင်မှုများကိုပေးရန် HTSက ငြင်းဆိုသည်ဟု စွပ်စွဲသည့် ဆန္ဒပြသူများအား ကျည်အစစ်ဖြင့် ပစ်သတ်ခဲ့ကြောင်း လွတ်လပ်သော သတင်းစာပညာအဖွဲ့အစည်း Syria Direct က ဖော်ပြသည်။

အတိတ်

++++

သူ့ကို အာမက်ဟူစိန်အယ်ရှာရား (Ahmed Hussein al-Sharaa) အမည်ဖြင့် ၁၉၈၂ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်တွင် မွေးဖွားခဲ့ပြီး ၎င်း၏ဖခင်မှာ ရေနံအင်ဂျင်နီယာအဖြစ် ဆော်ဒီနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။

မိသားစုသည် ၁၉၈၉ ခုနှစ်တွင် ဆီးရီးယားသို့ ပြန်လာပြီး ဒကပ်စကပ် အနီးတွင် အခြေချနေထိုင်ခဲ့ကြသည်။

၂၀၀၃ ခုနှစ်တွင် အီရတ်သို့ မပြောင်းမီ ဒကပ်စကပ်တွင် သူနေထိုင်ခဲ့ကြောင်းကို အနည်းငယ်မျှသာ သိရှိသူရှိပြီး ထိုနှစ်တွင်ပင် အမေရိကန်၏ အီရတ်သို့ ကျူးကျော်မှုကို ခုခံမှုရန် အီရတ်တွင်ရှိသည့် အယ်လ်ကိုင်ဒါအဖွဲတွင် ပါဝင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အီရတ်၌ အမေရိကန်တပ်ဖွဲ့များက သူ့အား ဖမ်းဆီးခဲ့ပြီး ၅ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည်။ အယ်လ်ဂျူလာနီသည် နောက်ပိုင်းတွင် ဆီးရီးယားတွင် အယ်လ်ကိုင်ဒါအဖွဲ့ခွဲ ဖြစ်သည့်အယ် နူရာတပ်ဦး (al-Nusra Front) ကို ထူထောင်ကာ အတိုက်အခံများ ထိန်းချုပ်ထားသည့် ဒေသများ အထူးသဖြင့် အီလစ်(ဘ)တွင် ၎င်း၏ သြဇာလွှမ်းမိုးမှုကို ကြီးထွားလာစေခဲ့သည်။

အယ်လ်ဂျူလာနီသည် ထိုအစောပိုင်းနှစ်များတွင် အိုင်းစစ် (ISIL (ISIS)) ဖြစ်လာသည့် အယ်ကိုင်ဒါ၏ “အီရတ်ရှိ အစ္စလာမ်နိုင်ငံတော်” အကြီးအကဲ အဘူဘာကာအယ်ဘက်ဒါဒီ (Abu Bakr al-Baghdadi) နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီလတွင် အယ်ဘက်ဒါဒီက ၎င်း၏အဖွဲ့သည် အယ်ကိုင်ဒါနှင့် အဆက်အသွယ် ဖြတ်တောက်ကြောင်း ရုတ်တရက် ကြေညာခဲ့ပြီး ဆီးရီးယားသို့ ချဲ့ထွင်လာကာကာ အယ်-နူဆာတပ်ဦးကို ISIL အဖွဲ့သစ် အဖြစ်သို့ ‌ပြောင်းလဲပစ်ခဲ့သည်။

အယ် ဂျူလာနီ (Al-Julani) က အယ်လ်ကေးဒါးကို သစ္စာခံပြီး ထိုအပြောင်းအလဲကို ပယ်ချခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင်သူ၏ပထမဆုံးရုပ်မြင်သံကြား အင်တာဗျူးတွင်သူသည် အယ်ဂျာဇီယာ (Al Jazeera) သတင်းဌာနသို့ သူ့အဖွဲ့၏ “ အစ္စလာမ့်ဥပဒေ” ၏အဓိပ္ပာယ်ဖွင့်ဆိုချက်အောက်တွင် ဆီးရီးယားကို အုပ်ချုပ်သင့်ပြီး ခရစ်ယာန်များနှင့် အာလာဝီစ် (Alawis) ကဲ့သို့သော နိုင်ငံ၏ လူနည်းစုများကို နေရာချ ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နောက်နှစ်များအတွင်းတွင် အယ်လ်-ဂျူလာနီသည် မွတ်စလင်အများစုနေထိုင်သည့် နိုင်ငံအားလုံးတွင် အယ်လ်ကိုင်ဒါ၏ “ကမ္ဘာ့ကလိဖိတ်အဖွဲ့” ထူထောင်ရေး ပရောဂျက်နှင့် ခပ်ဝေးဝေးမှ နေခဲ့ပုံရပြီး ဆီးရီးယားနယ်စပ်တွင် ၎င်း၏အဖွဲ့ကို ထူထောင်ရန် အာရုံစိုက်နေပုံရသည်။

သူ၏ခွဲထွက်မှုသည် လောင်းကြေးထပ်လိုက်ပုံရှိသည်ဟု လေ့လာသုံးသပ်သူများကဆိုသည် သူ့အုပ်စုကို နိုင်ငံကိုယ်စားပြုသည့်အမျိူးသားရေးအဖွဲ့အဖြစ်ဖော်ညွှန်းပြီးနိုင်ငံအများဖြတ်ကျော်တည်ထောက်မှုကိုဆန့်ကျင်ခဲ့ပြီး အီလစ်ရှိ အဖွဲ့များကို စည်းရုံးခဲ့သည်။

ထို့နောက် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် အလက်ပိုသည် စစ်အစိုးရထံ ကျရောက်ခဲ့ပြီးနောက် အတိုက်အခံများ ချုပ်ကိုင်ထားဆဲဖြစ်သော အီလစ်သို့ လက်နက်ကိုင်အဖွဲ့များ စတင်ပြောင်းရွှေ့ရောက်ရှိခဲ့သည်။ တစ်ချိန်တည်းမှာပဲ အယ်လ်ဂျူလာနီက သူ့အဖွဲ့ကို ဂျက်ဟတ်ဖာတက်အယ်ရှမ် (Jabhat Fateh al-Sham) အဖြစ် ပြောင်းလဲလိုက်ကြောင်း ကြေညာခဲ့ပါသည်။

၂၀၁၇ အစောပိုင်းတွင် ထောင်နှင့်ချီသော တိုက်ခိုက်ရေးသမားများသည် အလက်ပိုမြို့မှ အီလစ်မြို့သို့ ရောက်ရှိလာကြပြီး အယ်ဂျူလာနီသည် ထိုအဖွဲ့အများအပြားကို ၎င်း၏ကိုယ်ပိုင်အဖွဲ့ နှင့် ပေါင်းစည်း၍ ဟာယဒ်တာရာအယ်ရှမ် (Hayat Tahrir al-Sham (HTS)) ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

HTS ၏ ရည်ရွယ်ချက်မှာ အာဆတ်၏သက်ဦးဆံပိုင်အစိုးရထံမှ ဆီးရီးယားကို လွတ်မြောက်ရန်၊ အီရန်ပြည်သူ့စစ်များကို နိုင်ငံတွင်းမှနှင်ထုတ်ကာ “အစ္စလာမ့်ဥပဒေ” ၏ ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ နိုင်ငံထူထောင်ရန်ဖြစ်ကြောင်း ဝါရှင်တန်ဒီစီရှိ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာမှ ပညာရှင်အဖွဲ့ထံမှ သိရသည်။

အတိုက်အခံ တိုက်ခိုက်ရေးသမားများသည် အလက်ပိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီး တောင်ဘက်သို့ ပြောင်းရွှေ့လာစဉ် အယ်လ်ဂျူလာနီသည် ဆီးရီးယားရှိ လူနည်းစုများအပေါ် ပိုမိုလိုက်လျောညီထွေရှိသော ရပ်တည်ချက်တစ်ရပ်ကို ထုတ်ဖော်‌ပြောလာခဲ့သည်။

အလက်ပိုကို သိမ်းပိုက်ပြီးကတည်းက ဘာသာရေးနှင့် လူမျိုးစု လူနည်းစုများကို အကာအကွယ်ပေးမည်ဟု အာမခံချက်ပေးထားသည်။

လီဗန့် (Levant) ရှိ ဆီးရီးယားရှိ လက်နက်ကိုင်အဖွဲ့များ အကြောင်းတွင် ကျွမ်းကျင်သူ ဟာဆန်ဟာဆန် (Hassan Hassan) ၏ အဆိုအရ အယ်ဂျူလာနီသည် HTS ကို ဆီးရီးယားတွင် ယုံကြည်ရလောက်သော အုပ်ချုပ်မှုအဖွဲ့အစည်းအဖြစ် တံဆိပ်တပ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှု တန်ပြန်ရေး ကြိုးပမ်းမှုများတွင် ဖြစ်နိုင်ချေရှိသော မိတ်ဖက်တစ်ဦးအဖြစ် လက်ခံမှုကို လိုလားသည်။

အီလစ်(ဘ)တွင် သူသည် CSIS ၏အဆိုအရ Harakat Nour al-Din al-Zinki၊ Liwa al-Haq နှင့် Jaysh al-Sunna ကဲ့သို့သော အခြားလက်နက်ကိုင်အတိုက်ခံအဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့ပြီး ဆီးရီးယားရှိ အယ်လ်ကိုင်ဒါအဖွဲ့ခွဲသစ် Hurras al-Din ကဲ့သို့သော အစောပိုင်းမဟာမိတ်များကို ရှောင်ရှားခဲ့သည်။

လက်ရှိတွင် HTS ကို ကုလသမဂ္ဂ၊ တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က “အကြမ်းဖက်” အဖွဲ့အစည်းဟု တံဆိပ်တပ်ထားသည်။

အယ်လ်ဂျူလာနီက ၎င်း၏ အဖွဲ့သည် ၎င်း၏အတိတ်က သစ္စာခံမှုများကို အမျိုးသားရေးဆန္ဒအရ စွန့်လွှတ်လိုက်သောကြောင့် ယင်းသတ်မှတ်မှုသည် တရားမျှတမှုမရှိဟု ပြောကြားခဲ့သည်။

အယ်လ်ဂျူလာနီ၏ ပြည်တွင်းရည်မှန်းချက်များ မည်သို့ပင်ရှိစေကာမူ ဆီးရီးယားရှိ အကြီးမားဆုံး အတိုက်အခံ လက်နက်ကိုင်အဖွဲ့၏အကြီးအကဲအနေဖြင့် ၎င်း၏နိုင်ငံအပေါ် သက်ရောက်မှုသည် တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာတွင် ပဲ့တင်ထပ်နေမည် ဖြစ်သည်။

သမ္မတ ဘာရှာအယ်လ်အာဆတ်အား ရုရှားမှ ခိုလှုံခွင့်ကမ်းလှမ်းထားပြီး သူ၏ဇနီးနှင့် သားသမီးများကို ရုရှားနိုင်ငံသို့ ပို့ဆောင်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ Al Jazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 36 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်