နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီရဲ့ သင်္ဘော (၃)စီးကို AA က နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့

ဖေဖော်ဝါရီလ (၉)ရက်။

စစ်ကောင်စီရဲ့ ကမ်းထိုးယာဉ်နဲ့ နေဗီသင်္ဘော စုစုပေါင်း (၃)စီးကို AA က ရခိုင်ပင်လယ်ပြင်မှာ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မှတ်တမ်းတွေအရ ၂၀၂၄ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော (၇)စီးခန့်ကို သွားလာလို့မရအောင်နဲ့ မြစ်ထဲ ရေချလို့မရနိုင်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

AA အနေနဲ့ လက်နက်ချအညံ့ခံဖို့ ပြောဆိုထားပေမယ့် နားထောင်တာမရှိဘဲ စစ်သင်္ဘောတွေပေါ်ကနေ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလဲ မြစ်ကြောင်းထဲ တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့ဟာ ရက္ခိုင့်တပ်တော်(AA)ရဲ့ သမိုင်းမှာ စစ်ကောင်စီကို ပင်လယ်ပြင်ထက်မှာ အောင်ပွဲကို ရေးထိုးနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီရေတပ်က စစ်သင်္ဘောတွေကို ရခိုင်ပင်လယ်ပြင်ထဲ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့တဲ့နေ့လဲဖြစ်ကာ ပင်လယ်ပြင်တိုက်ပွဲထဲ တာဝန်ကျေပွန်စွာ ထမ်းရွက်ပေးခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြောဆိုထားပါတယ်။

အခုလို ရက္ခိုင့်တပ်တော်(AA)က စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားတာကြောင့် ဖမ်းဆီးခံရသူ (၁၈၀၀)ကျော်ရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရသူ (၁၈၄၀)ဦးရှိတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံးအလုံး(၄၀)ခန့် ကြဲချတိုက်ခိုက်၊ ‌ဒေသခံတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၃)နာရီဝန်းကျင်ခန့်က ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၄၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)လမ်းမကြီးမှာ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်အချိန်က ရေးမြို့ အမှတ်(၈)လမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးရဲ့ ပြောဆိုထားချက်‌အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်လောက် စုံနံ့သာရွာကို ဖြတ်သွားတဲ့
မြန်မာသတင်း

ဧည့်တွေ့ခွင့်ပိတ်ထားတဲ့ ရွှေဘိုထောင်မှာ မိနစ်(၃၀)ကို (၃)သိန်းကျပ်ပေးမှ ဧည့်တွေ့ခွင့်ရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ရွှေဘိုအကျဉ်းထောင်မှာ မိနစ်(၃၀)ကို ငွေကျပ် (၃)သိန်းခန့်ပေးနိုင်တဲ့သူတွေဟာ ဧည့်တွေ့ခွင့်ရနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်‌ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွှေဘိုထောင်မှာ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ ‌ဧည့်တွေ့ခွင့်ကို လုံခြုံရေးအကြောင်းပြပြီး အခုနှစ် ဇွန်လပိုင်းကစတင်ကာ ပိတ်ပင်ထားပြီး
မြန်မာသတင်း

နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်ပြီး စစ်ကောင်စီဒုရဲအုပ်တစ်ဦးသေဆုံးကာ ရဲ (၁၇)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က ည(၇)နာရီအချိန် နေပြည်တော်မှာ စစ်ကောင်စီရဲ‌တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးနဲ့ အရပ်သားကားတစ်စီးတို့ တိုက်မိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Foton အပြာရောင်ကားဟာ ရွှေပြည်တော်ဝင်လမ်းအတိုင်း မောင်းနှင်လာချိန် သဇင်လမ်းဘက်ကနေ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့
မြန်မာသတင်း

မော်လမြိုင်ကျွန်းမြို့မှာ ဧည့်စာရင်းအကြောင်းပြပြီး NLD လူငယ် (၄)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့မှာ ဧည့်စာရင်းအကြောင်းပြပြီး NLD တက်ကြွလှုပ်ရှားလူငယ် (၄)ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဖမ်းတာက နိုဝင်ဘာ (၁၂)ရက်နေ့ ညပိုင်းလောက် ရပ်ကွက်တွေထဲကို
မြန်မာသတင်း

ထိုင်းငါးဖမ်းစက်လှေတွေ နိုင်ငံပိုင်နက်ထဲ ဝင်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးတာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ ထိုင်းငါးဖမ်းစက်လှေဟာ နိုင်ငံရေပိုင်နက်ထဲ ဝင်ရောက်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ထိုင်းငါးဖမ်းစက်လှေတွေကို ထိုင်းနိုင်ငံရေပြင်ထဲ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံ ရေပိုင်နက်ထဲ
မြန်မာသတင်း

အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ CDM တပ်သားတစ်ဦး ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 3 Views
ဒီဇင်ဘာလ (၂)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်က အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ အင်းစိန်ထောင်ကို ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနဲ့