နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

အယ်ဒီတာ့အာဘော်

ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ပြီး တနိုင်ငံနဲ့တနိုင်ငံ မကျူးကျော်ရေးအတွက် ကမ္ဘာ့အာဏာစဉ် (World order) ကို တည်ဆောက်ခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲတွေ မပေါ်ပေါက်ဖို့ ထိန်းသိမ်းနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း တည်ထောင်ခဲ့ကြပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ စစ်မက်ဖြစ်ပွားတဲ့အခါ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို မနှိပ်စက်မညှင်းပန်းဖို့ လူသားဂုဏ်သိက္ခာ အညီထားဖို့ နိုင်ငံတကာ သဘောတူညီချက်ကို ဂျနီဗာကွန်ဗင်းရှင်းမှာ ချမှတ်ကျင့်သုံးခဲ့ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူတရပ်လုံး အုံကြွလာပြီး နွေဦးတော်လှန်ရေး ဖြစ်လာတာ ဒီနေ့ဆိုရင် ၃ နှစ် သုံးမိုး ရှိခဲ့ပြီဖြစ်ပါတယ်။ တော်လှန်ရေးအစမှာ ကရင်နီမှာ မိန်းမ၊ ကလေးတွေ အပါအဝင်ကားတစီးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး ကားတစင်းလုံးကို မီးရှို့သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ရာကအစ ဆယ်စုနှစ်အဆက်ဆက် အပစ်မဲ့ပြည်သူပြည်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချခဲ့တာတွေ၊ အတင်းအကြပ်ပေါ်တာဆွဲပြီး စစ်လက်နက်ပစ္စည်းများကို ကျေးကျွန်များသဖွယ် သယ်ခိုင်းပြီး မသယ်နိုင်သူတွေကို ရိုက်နှက်သတ်ဖြတ်မှုတွေ လုပ်ခဲ့တာတွေကို မြန်မာပြည်သူတွေ ကြားသာကြားခဲ့ရပြီး မြက်ဝါးထင်ထင်မြင် တွေ့ခဲ့ရသူတွေ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ဒီနေ့ခတ်မှာတော့ ဒီလိုဖြစ်ရပ်တွေကို လက်ကိုင်ဖုန်းတွေကနေ မှတ်တမ်းတင်နိုင်ပြီး ဆိုရှယ်မီဒီယာတွေကနေ ချပြလာနိုင်တဲ့အတွက် သတင်းထိန်းချုပ်မှုတွေ၊ သတင်းမှောင်ချမှုတွေကို အစိုးရတွေက လုပ်နိုင်စွမ်းမရှိတော့သလောက် ဖြစ်လာခဲ့ပါတယ်။

အခုတလော လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ယောကာကွယ်ရေးတပ် (YDF) ရဲ့ အဖွဲ့ဝင် ရဲဘော်လေး (၂) ယောက်ကို ပျူစောထီးတွေကြီးစိုးတဲ့ မြောက်ခင်ရန်းရွာမှာ ဖမ်းဆီးရမိတဲ့အခါ နှိပ်စက်ညှင်းပန်း၊ သံကြိုးတွေနဲ့တုတ်ပြီး မြောက်ခင်ရန်းရွာအထွက် ကုက္ကိုပင်မှာ တွဲလောင်းချ ထားပြီး အောက်ကနေ မီးဖိုကာ အရှင်လတ်လတ် သွေးပျက်စရာ မီးရှို့သတ်ဖြတ်တဲ့ ဗီဒီယိုက စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်မှာ ဝမ်းသားအားရ တင်လာပြီး ကြံ့ဖွတ်အမတ်ဟောင်း ဘူးလက်လှဆွေတို့ရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

(ပူးတွဲပါဓာတ်ပုံမှာ အဘဘူးလက်လှဆွေမှ လက်စွမ်းပြပြီဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်မှာ ဖော်ပြထားပါတယ်။)

ပထမ သူတို့လုပ်ရပ်ကို လူအများကို ကြောက်လန့်စေလိုတဲ့ အမြင်တိမ်တိမ်နဲ့ အောင်ပွဲခံ တင်ပြခဲ့ပေမဲ့ ဒီလုပ်ရပ်ဟာ သူတို့ရဲ့လူမဆန်မှုကို ဖွင့်ချလိုက်သလိုဖြစ်သွားပြီး အဲဒီနောက် ဒီလိုလူမဆန်တဲ့ အော့နှလုံးနာစရာ ရက်စက်မှုကြီးကို ပြည်သူအများက ဝေဖန်လာတဲ့အခါ ဒီသတင်းဟာ သတင်းမှားပါ သူတို့မဟုတ်ပါဘူး PDF တွေ အချင်းချင်း သတ်ဖြတ်တာပါလို့ ဗြောင်လိမ်လည်ဖို့ ကြိုးစားကြပေမဲ့ အရင်တင်ထားတဲ့သတင်းကို ရယူထားပြီးသားဖြစ်လို့ မရတော့ပါဘူး။ တစ်ခုထင်ရှားတာက မြောက်ခင်ရန်းရွာဟာ ပျူစောထီးတွေ ကြီးစိုးထားပြီး ကြံ့ဖွတ်အမတ်ဟောင်း ဘူးလက်လှဆွေရဲ့ ရွာလည်းဖြစ်တဲ့အတွက် မပြေးသော်လည်း ကန်ရာက ရှိပြီးသားပါ။

ဒီဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြီး ကိုမာဝီခေါင်းဆောင်တဲ့ KNDF ကရင်နီကာကွယ်ရေးတပ်ဖွဲ့က ရန်သူစစ်သားတွေကို ဘာမှမဖြစ်စေရဘူး ထွက်လာခဲ့ပါလို့ အာမခံပြီး လက်နက်ချခိုင်းခဲ့တယ်၊ ဆေးကုသပေးတယ် နောက်အကျဉ်းထောင်ထဲမှာ နှိပ်စက်မှုမလုပ်ဘဲ ကောင်းမွန်စွာ စစ်သုံ့ပန်းများအဖြစ် ထားတာကိုကြည့်ရင် လူသားဆန်မှုကို တွေ့ရမှာဖြစ်တယ်။ မြောက်ခင်ရမ်းရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်ကတော့ သူတို့လုပ်ရပ်အတွက် တချိန်မှာ တာဝန်ခံရတော့မှာ ဖြစ်တယ်။

တော်လှန်ရေးလုပ်နေတာကြောင့်တဖက်နဲ့တဖက်အနိုင်ရဖို့ပစ်ခတ်တိုက်ခိုက်နေကြတာမဆန်းပေမဲ့ စစ်ပွဲပြီးလို့အရှုံးအနိုင်ဖြစ်လာတဲ့အခါ ကိုယ်ဖက်နိုင်ရင် ကိုယ်ဖမ်းမိတဲ့စစ်သုံ့ပန်းတွေကို နှိပ်စက်ညှင်းပန်းမှုမလုပ်ပဲ ကောင်းမွန်စွာထိန်းသိမ်းရခြင်းဟာလူသားဆန်မှုပဲဖြစ်ပါတယ်။ ဒီလိုလူသားဆန်မှုဟာ ကိုယ်ချင်းစာတရားမှာ အခြေခံပါတယ်။ ကိုမာဝီတို့ဟာစစ်တိုက်နေရသော်လည်း လူသားဆန်စွာ ကိုယ်ချင်းစာတရားနဲ့ မိမိထံလက်နက်ချသူတွေကို ရန်ညှိုးမထားပဲ အသက်ရှင်ခွင့်ပေးခဲ့ပါတယ်။ မိမိသာအဖမ်းခံရရင် အဲဒီလိုနှိပ်စက်ညှင်းပန်းတာကို လက်ခံနိုင်ပါ့မလားလို့ ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားတတ်ကြဖို့လိုပါတယ်။ အရိုင်းစိတ်နဲ့ ငါ့ရန်သူငါတို့ဖမ်းမိပြီ နှိပ်စက်ပြီးသတ်မယ် ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ စိတ်လောက်မှောင်မိုက်နေတာ လူသားအဖြစ်က အဟိတ်တိရစ္ဆာဘဝ ရောက်နေတာ ကိုယ်ချင်းစာစိတ် ကင်းမဲ့နေလို့ဖြစ်ပါတယ်။

မြောက်ခင်ရမ်းရွာနဲ့ KNDF တို့ လုပ်ရပ်နှစ်ခုကို နှိုင်းယှဉ်ပြီး အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံမျိုးကို တည်ဆောက်မလဲ၊ လူသားဆန်စွာ တည်ဆောက်ကြမှာလား၊ အရိုင်းအစိုင်းတို့ရွာလို တည်ဆောက်ကြမှာလားလို့ ပြည်သူတွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 29 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 55 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 48 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 104 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 165 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 144 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 108 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 117 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။