နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မောင်တောမြို့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတာကြောင့် စစ်သုံ့ပန်းတွေနဲ့ မူဆလင်လက်နက်ကိုင်တွေအပါအ၀င် အကျဉ်းသား (၅၀)ကျော်သေဆုံးခဲ့

စက်တင်ဘာလ (၁၀)ရက်။

မနေ့က ည (၉)နာရီခွဲအချိန်မှာ မောင်တောမြို့ရှိ လေးမိုင်(နခခ-၂)စခန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် (၂)စီးနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အကျဉ်းသား (၅၀)ကျော် သေဆုံးခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သေဆုံးသူတွေထဲ မြို့သိမ်းတိုက်ပွဲကနေ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေ၊ မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင် လက်နက်ကိုင်တွေ၊ လက်ကိုင်တုတ်တွေ၊ သတင်းပေးတွေ၊ တော်လှန်ရေးကို ဖျက်ဆီးဖိုးကြိုးစားနေသူတွေ၊ ALP နဲ့ ဆက်စပ်နေသူတွေနဲ့ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားသူတွေ ပါ၀င်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာ နခခ-၂ စခန်းထဲရှိ အကျဉ်းစခန်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ခေတ္တထိန်းသိမ်းထားတဲ့ အကျဉ်းသား (၅၀)ကျော် ပွဲချင်းပြီး သေဆုံးခဲ့သလို အမြောက်အများ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ည (၈)နာရီ (၂၀)မိနစ်နဲ့ (၂၃)မိနစ်တို့မှာ မောင်တောမြို့ရှိ (၃)မိုင်နဲ့ ဝေသာလီရွာထဲက UN အဆောက်အအုံ တို့ကို အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကနေ ဂျက်လေယာဉ် (၁)စီးနဲ့ နခခ-၂ ကို တိုက်ခိုက်ပြီးနောက် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နခခ-၂ စခန်းဟာ သူတို့ရဲ့ စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်(AA)က ဇူလိုင်လ (၆)ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိထားတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို အရင်ကထက် ပိုမိုလုပ်ဆောင်လာနေပြီး လူနေထူထပ်တဲ့ နေရာတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံတွေ၊ ဌာနဆိုင်ရာတွေနဲ့ စွန့်လွှတ်ခဲ့ရတဲ့ စခန်းတွေကိုပါ တိုက်ခိုက်နေတာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အဲ့ဒီနေရာတွေမှာ သတိထားသွားလာကြဖို့အပါအ၀င် လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြဖို့နဲ့ မိုင်းအန္တရာယ်ကိုပါ သတိထားကြဖို့ အာရက္ခတပ်တော်(AA)က ထပ်မံသတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 20 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 14 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ