နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့လက်နက်ကြီး သကြားစက်ရုံထဲ ကျရောက်ပြီး စက်ရုံဝန်ထမ်း (၃)ဦး ထိမှန်ခဲ့

ဒီဇင်ဘာလ (၁၀)ရက်။

မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန် နောင်ချိုမြို့မှာ စစ်ကောင်စီကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဆမ္မဆယ်ရွာရှိ သကြားစက်ရုံဝန်းထဲ ကျရောက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သရက်ကုန်းတောင်ဘက်ကနေ စကစက လက်နက်ကြီး (၃)လုံး ပစ်လိုက်တာ၊ အဲ့ဒီထဲက တစ်လုံးက ဆမ္မဆယ်ဪွာက သကြားစက်ရုံထဲ တစ်လုံးနဲ့ စက်ရုံဘေးကို (၂)လုံး ကျသွားတယ်။ လူထိခိုက်တာနဲ့ နေအိမ်နဲ့ ကားပျက်စီးတာတွေ ရှိခဲ့တယ်” လို့ ဆိုပါတယ်။

သရက်ကုန်းတောင်ဘက်ကနေ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး (၃)လုံးနဲ့ ဆမ္မဆယ်ရွာကို ပစ်ခတ်ခဲ့ကာ ရွာထဲက အမှတ်(၁) သကြားစက်ရုံဝန်းထဲကို တစ်လုံးနဲ့ စက်ရုံဘေးကို (၂)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ စက်ရုံထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စက်ရုံဝန်ထမ်း အမျိုးသား(၂)ဦးနဲ့ အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့နဲ့ ကား (၂)စီး ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ စက်ရုံဝန်ထမ်း အမျိုးသား (၂)ဦးဟာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးဟာ ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေက ပြည်သူတွေ အေးချမ်းစွာ နေထိုင်စားသောက်လို့မရအောင် လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်နေကာ ပြည်သူတွေ အထူးဂရုပြုဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင်အဖွဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Kanpetlet Council ရဲ့ ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း
မြန်မာသတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်(၁၂)နာရီ (၃၅)မိနစ်က စကစရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီ ဂွမြို့ကို မကြာခင် လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၂)ရက်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျား ထွက်ပြေးနေတာတွေနဲ့အတူ ဂွမြို့ကို မကြာခင်ရက်တွေထဲ လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA အနေနဲ့ တပြိုင်နက်ထဲ မြို့(၄)မြို့ကို ထိုးစစ်ဆင်ခဲ့တဲ့အထဲ ဂွတစ်မြို့သာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ AA အောင်ပွဲအတွက် NUG သမ္မတရုံးက ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၂)ရက်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အာရက္ခတပ်တော်(AA)ရဲ့ အောင်ပွဲအတွက် NUG သမ္မတရုံးက မနေ့က ဂုဏ်ပြုဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ AA ခေါင်းဆောင်တွေ ဦးဆောင်တာနဲ့အတူ ရဲဘော်ရဲဘက်တွေရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်တာတွေကြောင့် နပခကို
မြန်မာသတင်း

ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို AA သိမ်းပိုက်ရရှိထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 14 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ ဂွမြို့ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်နေပြီး ဒေသခံတပ်ရင်းတွေနဲ့ စစ်ကူလာတဲ့ တပ်မ(၁၁)တပ်ရင်းတွေအပြင် အခြားတပ်ရင်းအများအပြားနဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့မှာ ဘီယာဆိုင်ထိုင်နေတဲ့ ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က ညနေ(၄)နာရီခန့်က စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက်နေ ပျုစောထီး မင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရတနာပုံတပ်ဦးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျာတိုးချဲ့ရပ်ကွက်မှာနေတဲ့ မင်းသူကို ဖရဲသီးသတင်းပေးကြောင့် စောင့်ကြည့်ပြီး ပျူစောထီးတစ်ဦးဆိုတာကို သိရှိခဲ့ရတာပါ။
မြန်မာသတင်း

ဗန်းမော် စကခ(၂၁)က ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအခွင့်အရေးပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 14 Views
ဓီဇင်ဘာလ (၂၁)ရက်။ ဗန်းမော်မြို့ရှိ စကခ(၂၁)ဝန်းထဲက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချအလင်းဝင်ဖို့ တော်လှန်ရေးတပ်တွေဘက်က နောက်ဆုံးအကြိမ်အနေနဲ့ အခွင့်အရေးပေးထားတယ်လို့ သိရပါတယ်။ “ ဗန်းမော်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားလိုက်တော့ ဌာနဆိုင်ရာစကစဝန်ထမ်းတွေက စကခ(၂၁)ဝင်းထဲ ထွက်ပြေးခိုလှုံနေကြတာ။ အခု စကခ(၂၁)ကို