နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

အယ်ဒီတာအာဘော်

မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ဖျက်သိမ်းခဲ့ဖူးသည့် သမိုင်းရှိခဲ့သည်။ ထိုအချိန်မှ စတင်ခဲ့သည့် မြန်မာ့နိုင်ငံရေးကို တပ်မတော်မှ လက်ဝါးကြီးအုပ်ပြီး ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ၄၈ နှစ်ကြာ အာဏာရယူ လာခဲ့သည်မှာ ၂၀၁၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင်လည်း တပ်မတော်မှ ဖန်တီးတည်ထောင်ထားသည့် ကြံခိုင်ဖွံ့ဖြိုးရေးပါတီကသာ အာဏာကို ရယူခဲ့သည်။ ထိုရွေးကောက်ပွဲသည်လည်း လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ခဲ့ချေ။

အင်အားရှိပြီး ပြည်သူထောက်ခံမှုရှိသော NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပြီး လုပ်ခဲ့သည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်း ရွေးကော်ဥက္ကဋ္ဌ (ယခုလက်ရှိ မင်းအောင်လှိုင်က ပြန်လည်ခန့်ထားသည့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး) သည် မဲလိမ်မဲခိုးမှုများ၊ တပ်တွင်းမဲများကို တဖက်သတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့ ထည့်စေခဲ့ခြင်းနှင့် ကြိုတင်မဲများကို ဗြောင်လိမ်လည်ခဲ့ခြင်း၊ မဲစာရင်းထပ်နေမှုများတို့ ရှိခဲ့သော်လည်း တပ်မှမျက်စိမှိတ်နေခဲ့ပါသည်။

သို့ရာတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဒုတိယအကြိမ် တောင်ပြိုကမ်းပြို ထပ်နိုင်သည့်အခါမှ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က မဲလိမ်မဲခိုးမှုကို အကြောင်းပြပြီး ပြည်တွင်း ဆူပူမှုမရှိဘဲ တပ်မှကိုယ်နှင့်မဆိုင်သည့် နိုင်ငံရေးတွင် ထပ်မံ ပါဝင်လာပြီး အာဏာသိမ်းခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဖျက်စီးခြင်းပင်ဖြစ်သည်။ ထိုသို့ပါတီစုံကို အားကောင်းလာအောင် မလုပ်ဘဲ မိမိတို့ တည်ထောင်ထားသည့်ပါတီ အနိုင်မရသည့်အခါ အနိုင်ရပါတီကို မဲလိမ်မဲခိုးသည်ဟု အပုတ်ချခြင်းသည် မရှက်ကင်းမဲ့သည့် ဗြောင်လိမ်ဗြောင်စားလုပ်ရပ်အဖြစ် ထင်ရှားစေခဲ့သည်။

တက်ရောက်လာသည့် နိုင်ငံရေးပါတီများအနေနှင့် သူတို့ပါတီ မှတ်ပုံတင်ခြင်းကို အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းစေခဲ့ပြီးမှ မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းနှင့်အတူ ပါတီကို အကြမ်းဖက် ဖျက်စီးခံရမှုမှ ကာကွယ်နိုင်ရန် မချစ်သော်လည်း အောင့်ကာနမ်းဆိုသည့် ပြန်လှန်ခုခံပြောဆိုပိုင်ခွင့် ရှိမနေသည့် အခြေအနေကို ရင်ဆိုင်နေရသည့် ကာလဖြစ်သဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ပြောသမျှကို အလိုက်သင့် နေထိုင်နေကြရသည့် အခြေအနေ ဖြစ်သည်ဟု သုံးသပ်မိပေသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်တိုက်ဖျက်စီးခဲ့သော စစ်အာဏာရှင်အဆက်ဆက် ခေါင်းဆောင်များ၏ နောက်ဆုံးမျိုးဆက်ဖြစ်သည့် မင်းအောင်လှိုင်က နိုင်ငံရေးပါတီများသည် ဒီမိုကရေစီစနစ်၏ အမာခံ ဖြစ်ရန်လိုသည်ဟု ပြောနေခြင်းသည် ရယ်စရာ ပျက်လုံးတစ်ခုထက် မပိုပါ။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံ့တာဝန်များကို မဖြစ်မနေ ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း ဖြေရှင်းပေးခဲ့မှု မရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်း မှားယွင်းမှုများမှာ မည်သို့မျှ လက်ခံ၍ မရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ယုတ္တိမတန်စွာ ရှင်းလင်းပြောခဲ့သည်။ မင်းအောင်လှိုင်အသက်ပေး စောင့်ရှောက်ပါမည်ဆိုသည့် ၂၀၀၈ ခြေဥတွင် ရွေးကောက်ပွဲအနိုင်အရှုံးနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးရာတွင် ရွေးကော်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဟု ဆိုထားပြီးဖြစ်သည်။ တပ်မတော်မှ အခြေခံဥပဒေအတိုင်း လိုက်လာမည်ဆိုလျှင် ဝင်ရောက်စွက်ဖက်စရာ အကြောင်းမရှိချေ။ ထို့ပြင် တောင်ပြိုကမ်းပြိုနိုင်နေသည့် ရွေးကောက်ပွဲရလာဒ်ကို မည်သို့မျှ မဲမသမာမှု အကြောင်းပြချက်ဖြင့် ပြောင်းလဲနိုင်မည်လည်း မဟုတ်ချေ။ ပွတ်ခါသီခါ တပ်တည်ထောင်ထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ့်နေပါက ထိုဆင်ခြေသည် ယုတ္တိရှိသော်လည်း မည်သို့မှ မနိုင်နိုင်သော အခြေအနေကို မဲမသမာမှု အကြောင်းပြချက်ဖြင့် “ ငါမလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုပြီး တပ်ကို ခုတုံးလုပ် အာဏာသိမ်းခြင်းသည် ကိုယ့်ပါတီ မနိုင်နိုင်သည့်အတွက် ညစ်တွန်းတွန်းခြင်းထက် မပိုချေ။

ပို၍ ထင်ရှားသည်မှာ ၂၀၀၈ ခြေဥတွင် အရေးပေါ်အခြေအနေတွင် အစိုးရက မထိန်းနိုင်ပါက သမတကြီးက တပ်ချုပ်ကို ကာလုံခေါ်ယူ၍ အာဏာလွှဲပေးရမည်ဟု ဆိုထားသည်။ ထိုအချက်ကို လက်တလုံးခြားလုပ်၍ အရေးပေါ် အခြေအနေမရှိဘဲ ငြိမ်းချမ်းစွာ လွှတ်တော်ခေါ်ယူမည့်နေ့တွင် ပြည်သူက ရွေးချယ်ပေးသည့် သမတကြီးကို ဖမ်းဆီးပြီး ခြေဥတွင် ပြဋ္ဌာန်းမထားသည့် စစ်တပ်မှ ရွေးချယ်ပေးသော ဒုသမတ ဦးမြင့်ဆွေမှ အာဏာအပ်နှင်း၍ အာဏာသိမ်းရပါသည်ဟု အရှက်မဲ့ အကြောင်းပြ အာဏာရယူခြင်းသည် ၂၀၀၈ ခြေဥကို သစ္စာဖောက်ဖျက်ခြင်းဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရသည်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့် ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည် လွှဲပြောင်းပေးအပ် နိုင်ရေးပင်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှု နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း သူခိုးက လူဟစ်သည့်စကားကို ပြောကြားလာခဲ့သည်။

လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကို တပ်မတော်က မည်ကဲ့သို့ တုံ့ပြန်သနည်းဆိုသည်ကို သမိုင်းကို ပြန်လှန်ကြည့်လျှင် ၁၉၉၀ ရွေးကောက်ပွဲကို နမူနာပြပြီး ပြောချင်ပါသည်။

၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဒီမိုကရေစီတောင်းဆိုမှု အရေးတော်ပုံကြီး ဖြစ်ပြီးနောက် ပါတီစုံပေးပြီး ရွေးကောက်ပွဲကို တပ်မတော်မှ ကြီးကြပ် ပြုလုပ်ပေးခဲ့သည်။ NLD ပါတီက တော်ပြိုကမ်းပြိုနိုင်သည့်အခါ မူလက အနိုင်ရပါတီကို အာဏာအပ်နှင်း၍ စစ်ဘားတိုက်သို့ ပြန်မည်ဆိုသည့် ကတိကိုဖျက်ပြီး အနိုင်ရပါတီဝင် အမတ်များနှင့် ခေါင်းဆောင်များအား ဖိနှိပ်ဖမ်းဆီး ထောင်ချခဲ့သည့် သာဓက ရှိခဲ့သည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အနေနှင့် အနိုင်ရပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဖြစ်လျှင် လက်ခံမည်ဖြစ်သော်လည်း NLD ပါတီဖြစ်ပါက လက်ခံမည်လားဟု မေးစရာရှိသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းသည် ၁၉၉၀ ခုနှစ် စစ်တပ်က အနိုင်ရပါတီကို ပါတီစုံနှင့်သက်ဆိုင်သော အခြေခံဥပဒေ မရှိသေးဟု အကြောင်းပြပြီး အာဏာအပ်နှင်းရန် ပိတ်ပင်မှုနှင့် အလားတူသည်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဟု ဆိုသည်။ ယနေ့ ပြည်သူများသည် ၂၀၀၈ ခြေဥကို လက်မခံတော့ချေ။ ၂၀၀၈ ခြေဥအောက်တွင် စစ်အုပ်စုက ၂၅% လွှတ်တော်တွင် အခန့်သား နေရာယူပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်ရန် ဆက်လက် ချုပ်ကိုင်ထားမည်ကို လက်မခံသလို ထိုအခြေဥသည် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် လားလားမျှ မကိုက်ညီသည်ကို မင်းအောင်လှိုင် ကိုယ်တိုင်လည်း သိရှိပြီးဖြစ်သည်။ ၂၀၀၈ခုခြေသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်ပေးမည့် အခြေခံဥပဒေ မဟုတ်ပါ။

မင်းအောင်လှိုင်က “၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ ရှိသကဲ့သို့ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း” ဆိုခဲ့ပြန်သည်။ PDF များကို အကြမ်းဖက်မှု ဆိုပါက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင်နီ၊ ချင်း၊ ကရင်၊ ကချင်တို့တွင် ပြည်သူအိုးအိမ်များကို ရွာလုံးကျွတ် မီးတိုက်နေသော အကြမ်းဖက်တပ်ခေါင်းဆောင်က မိမိတို့သည် ပြည်သူများကို ရက်စက်စွာ ဒဏ်ခတ်သတ်ဖြတ်မှုကြီးများကို ကျူးလွန်နေခြင်းကို မသိသယောင် အရှက်မဲ့ PDF များကို လက်ညှိုးထိုးနေခြင်းသည် သူခိုးက လူဟစ်သည့် သဘောထက် မပိုပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 28 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 55 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 48 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 125 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 104 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 164 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 108 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 116 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။