နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်ဖို့ ဟားမက်စ်တွေဘက်က သဘောမတူသေးတာလို့ ဘလင်ကန်ထုတ်ပြန်

အပစ်အခတ်ရပ်ဖို့ ဟားမက်စ်တွေဘက်က သဘောမတူသေးတာလို့ ဘလင်ကန်ထုတ်ပြန်

++++++++++++++++++++

“အပစ်အခတ်ရပ်စဲချင်ရင် ဟားမက်စ်တွေကို ဟုတ်ကဲ့လို့သာ ပြောခိုင်းလိုက်ပါ”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တနင်္လာနေ့က ဂျေရုစလင်နဲ့ ကိုင်ရိုကို အပြန်အလှန်သွားရောက်ပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုထားချက်တွေကို တွန်းအားပေးခဲ့ပါတယ်။ ဘီလင်ကန်ဟာ ကိုင်ရိုမြို့မှာ အီဂျစ်သမ္မတ အဲလ်စီစီနဲ့တွေ့ဆုံခဲ့ပြီး အဲဒီနောက် သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အကြီးမားဆုံးအတားအဆီးဖြစ်တဲ့ ဟားမက်စ်စစ်သွေးကြွအဖွဲ့ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ သဘောတူညီချက်ကို လက်ခံနိုင်ခြင်းမရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ သဘောတူညီချက်ကို လုံး၀လက်မခံသေးတာက ဟားမက်စ်တွေပဲ၊ ဂါဇာမှာရှိတဲ့ ပါလက်စ်တိုင်းတွေအားလုံး စောင့်မျှော်နေကြတာလဲ ဟားမက်စ်တွေ သဘောတူဖို့ကိုပဲ စောင့်နေကြတာပါ။ အစ္စရေးကတော့ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ သူတို့ရဲ့မိသားစုတွေနဲ့တွေ့ဆုံဖို့ကိုပဲ စောင့်မျှော်နေကြတာဖြစ်ပါတယ်”

အဲဒီနောက်မှာတော့ ဘလင်ကန်ဟာ အစ္စရေးနိုင်ငံ ဂျေရုစလင်ကို ပြန်သွားပြီ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့တွေ့ဆုံခဲ့ပါတယ်။ ပူးတွဲကြေညာချက်မှာတော့ ဝန်ကြီးချုပ်နေတန်ယာဟုက မိမိတို့အနေနဲ့ အောင်ပွဲလုံး၀ ရတဲ့အထိ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ရဲ့ မှတ်ချက်စကားတွေဟာ ဘက်လိုက်မှုရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလအတွင်းက ဟားမက်စ်စစ်သွေးကြွတွေ အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲဟာ အခုဆိုရင် ၉ လတာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ကို အစ္စရေးက ပြန်လည်တုန့်ပြန်ခဲ့ရာမှာတော့ ဂါဇာကမ်းမြောင်ထဲက ပါလက်စ်တိုင်းအရပ်သား 37000 ကျော် သေဆုံးခဲ့ရပါတယ်။

အစ္စရေးစစ်တပ်က တနင်္လာနေ့မှာ အောက်တိုဘာလ ၇ ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရတဲ့  ဓါးစာခံ ၄ ဦးကို နူဆာရတ်ဒုက္ခသည်စခန်းက ကယ်ထုတ်လာခဲ့တဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ အဲဒီစစ်ဆင်ရေးမှာ မြေပြင်တပ်တွေနဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သား 274 ဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်းကျန်းမာရေးအာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

နေအိမ်အပျက်အဆီးတွေကို ကောက်ယူနေတဲ့ အာနက်စ် အဲလျန်က “ ဒါက ကျတော်တို့အိမ်ပဲ၊ အိမ်ထဲမှာ ကျတော်တို့အေးအေးဆေးဆေးထိုင်နေတုန်း ရုတ်တရက် ထပေါက်ကွဲတာ၊ ဘာတွေဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းပြေးတော့ မိဘတွေနဲ့ ဆွေးမျိုးတွေအားလုံး သေဆုံးနေကြပြီ။ အစ္စရေးစစ်သားတွေက ကျတော်တို့ကို မော်တာ သေနတ်တွေနဲ့ပစ်ခတ်တာ တော်တော်များများလည်း ဒဏ်ရာရသွားကြတယ်”လို့ ပြောပြပါတယ်။

အစ္စရေးစစ်တပ်ကတော့ စစ်ဆင်ရေးအတွင်း လူ ၁၀၀ ထက်မပိုတဲ့ ပါလက်စ်တိုင်းတွေ သေဆုံးသွားခဲ့တာကို သတိပြုမိကြောင်း ထုတ်ဖော်ပြောထားပါတယ်။ ဟားမက်စ်စစ်သွေးကြွအဖွဲ့တွေကတော့ ဂါဇာတောင်ပိုင်းက ရာဖာဖြို့မှာ အစ္စရေးတပ်တွေ တင့်ကားတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ ဗီဒီယိုတွေ ထုတ်ပြန်ခဲ့ပါတယ်။ ရာဖာမြို့က စစ်ဆင်ရေးတွေကို ရပ်ဆိုင်းဖို့ အမေရိကန်သမ္မတရုံးဖြစ်တဲ့ အိမ်ဖြူတော်က ဖိအားပေးထားပေမယ့် အစ္စရေးတပ်တွေဟာ ထိုးစစ်ဆင်ခဲ့ကြတာကြောင့် ရာဖာမြို့မှာ ခိုလှုံနေကြတဲ့ သန်းချီတဲ့ ဒုက္ခသည်တွေဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ