နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဥရောပရွေးကောက်ပွဲများတွင် လက်ယာစွန်းများ အင်အားကောင်းလာခြင်းသည် ထရန့်အတွက် နမိတ်ကောင်းတစ်ခု ဖြစ်လာနိုင်မလား။

+++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ထွက်ရန် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် ဒေါ်နယ်ထရန့် သမတရွေးကောက်ပွဲတွင် အနိုင်ရရှိမှုသည် အားလုံးကို မှင်သက်သွားစေခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန်လတွင် ထရန့်၏ လူကြိုက်များသော အမျိုးသားရေးဝါဒ၊ ရွှေ့ပြောင်းအခြေချသူများအပေါ် ဆန့်ကျင်ရန်လိုမှု၊ စီးပွားရေး ကျဆင်းနေကြောင်း နှိမ့်ချပြောဆိုခြင်းနှင့် အုပ်ချုပ်ရေးနေရာတွင်ရှိ လူတန်းစားများနှင့် ကမ္ဘာလုံးဆိုင်ရာ အမြင်ရှိသည့် အင်စတီကျူးရှင်းများကို အထင်အမြင်သေးခြင်းတို့ကို အီးယူရှိ လက်ယာစွန်း ကိုယ်စားလှယ်လောင်းအများစုကလည်း ထရန့်နှင့် တစ်သဘောတည်း ဖြစ်နေကြသည်။

၎င်းတို့ကဲ့သို့ လက်ယာစွန်းကိုယ်စားလှယ်လောင်းများကို ဥရောပတွင် လက်ခံလာခဲ့ကြပြီး ရွေးကောက်ပွဲများတွင် ကြီးကြီးမားမား အောင်ပွဲများကို ရရှိခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲများသည် ပြည်နယ်အလိုက် မဲပေးရွေးချယ်ကြခြင်း ဖြစ်ပြီး ဥရောပသမဂ္ဂတွင် ရွေးချယ်ပုံနှင့် များစွာကွဲပြားခြားနားသည်။ ထို့အပြင်၊ လွန်ခဲ့သည့် ၈ နှစ်က ထရန့် ၏ အနိုင်ရမှုသည် ဗြိတိန်က ဥရောပမှ ခွဲထွက်မှုထက် ဒီမိုကရက်တစ် ဟီလာရီကလင်တန်၏ မဲဆွယ်စည်းရုံးခြင်း အားနည်းမှုနှင့် ပို၍သက်ဆိုင်သည်ဟု ဆိုကြသည်။

အမေရိကန်တွင် ထိန်းချုပ်မှု ကင်းမဲ့စွာ ရွှေ့ပြောင်းနေထိုင်သူများ ရောက်ရှိလာမှုအပေါ် လူအများက ဒေါသဖြစ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရသော မဲဆန္ဒရှင်များ၏ နာကျင်ခံစားရမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် လူတစ်ဦးချင်းစီအတွက် ကုန်ကျစရိတ်များကလည်း မြင့်တက်လျက်ရှိသည်။

သမတပြိုင်ပွဲကို ဆုံးဖြတ်မည့် ပြည်နယ်များတွင် ထရန့်သည် အဆိုပါ အကြောင်းအရာများကို ထည့်သွင်း ပြောကြားပြီး လက်ရှိ သမတဘိုင်ဒင်ကို အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။

ဥရောပရွေးကောက်ပွဲများ၏ နောက်ထပ်သင်ခန်းစာတစ်ခုမှာ ငွေကြေးဖောင်းပွနေသည့်ခေတ်ကြီးတွင် လက်ရှိသမ္မတများကို မကျေမနပ် ဖြစ်နေကြသည့် မဲဆန္ဒရှင်များ ရှိနေခဲ့သည်။

ဘိုင်ဒင်သည် လာမည့်သီတင်းပတ် ဇွန်လ (၁၃) ရက်မှ ဇွန်လ (၁၅) ရက်တွင် အီတလီ၌ G7 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရှိနေပြီး နိုင်ငံရေးအရ အားနည်းနေသော အနောက်တိုင်းခေါင်းဆောင်လေးဦးတွင် သူလည်း တဦးအဖြစ် ပါဝင်မည် ဖြစ်သည်။ ၎င်းတို့မှာ ပြင်သစ်၊ ဂျာမန်၊ ကနေဒါနှင့် ဗြိတိန် ခေါင်းဆောင်တို့ ဖြစ်သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျာမန်အဓိပတိ အိုလောဗ့်ရှော့ဇ်တို့သည် ရွေးကောက်ပွဲတွင် အရှုံးပေးရဖွယ် ရှိနေသည်။ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရုူးဒိုးလည်း လူထုထောက်ခံမှုကျဆင်းနေသည့်အတွက် လာမည့်နှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ၎င်း၏လစ်ဘရယ်ပါတီသည် ဦးဆောင်နိုင်မည် မဟုတ်ပေ။ ကွန်ဆာဗေးတစ်အုပ်စိုးမှု ၁၄ နှစ်ကြာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ရီရှိဆူနတ် (Rishi Sunak) သည် လာမည့်လတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရာထူးမှ ဖယ်ရှားခံရဖွယ် ရှိသည်။

အံ့သြဖွယ်ကောင်းသည်က G7 တွင် စိတ်ချရသည့် ဥရောပခေါင်းဆောင်က အီတလီ၏ လက်ယာယိမ်းဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) ဖြစ်သည်။ အီတလီနိုင်ငံသည် ခေါင်းဆောင်များကို ဖြုတ်ချသည့်နေရာတွင် ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်သည့် နာမည်ကြီးနိုင်ငံ ဖြစ်သည်။ မယ်လိုနီ၏ပါတီသည် ကြီးကြီးမားမား အနိုင်ရခဲ့ပြီး သူမသည် အတ္တလန်တိတ်တစ်ဖက်ခြမ်းတွင် သြဇာအရှိဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

ဘိုင်ဒင်အတွက် သူ့ဂုဏ်သရေကို ဆယ်နိုင်ရန် အမေရိကန်ရွေးကောက်ပွဲကို အနိုင်ရဖို့ လိုသည်။ ပြစ်ဒဏ်ချမှတ်ခံထားရသူသမတဟောင်းနှင့် လူကြိုက်မများသော လက်ရှိ သမ္မတတစ်ဦးတို့အကြား ပြိုင်ပွဲဖြစ်သည်။ ထရန့်သည် ပြစ်ဒဏ်ချမှတ်ခံထားရသော သမ္မတဟောင်းတစ်ဦး ဖြစ်သည့်အပြင် အငြင်းပွားဖွယ်ရာ အိမ်ဖြူတော်ရှိ လျှို့ဝှက်စာရွက်စာတမ်းများကို သယ်ဆောင်သွားခဲ့သည့် သမ္မတတစ်ဦး ဖြစ်သည်။

လူကြိုက်များသော အမျိုးသားရေးဝါဒသည် နေရာတိုင်းတွင် ထွန်းကားနေသည် မဟုတ်ပါ။ ဘိုင်ဒင်သည် ၂၀၂၂ ခုနှစ်တွင် ရီပတ်ပလီကင် (GOP) ၏ လူကြိုက်များသောဆောင်ပုဒ် “ Make America Great Again” ၏ လွှမ်းမိုးမှုများကို ကျော်ဖြတ်ပြီး အံ့အားသင့်ဖွယ် အောင်မြင်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို ဘိုင်ဒင်က ဦးဆောင်ခဲ့သည်။

လာမည့်လတွင် ဗြိတိန်ရှိ လေဘာပါတီ၏ အာဏာပြန်ရလာမည့်ဆိုပါက လက်ယာယိမ်းပါတီများ၏ လမ်းကြောင်းကို ထိခိုက်စေမည်ဖြစ်သည်။ ထို့ပြင် ပိုလန်သည် ထရန့်ထံမှ စိတ်ကူးစိတ်သန်းများ ရရှိခဲ့ပြီး ရှစ်နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ပေါ်ပြူလာ ဖြစ်သူများကို မရွေးချယ်တော့ဘဲ ပယ်ချခဲ့သည်။

မက်ခရွန်သည် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ခေါ်ယူခဲ့သည်။ ပြင်သစ်တွင်လည်း မာရီလူပင်န် ဦးဆောင်သည့် လက်ယာစွန်းရောက်သည့် National Rally ပါတီသည် လူထုထောက်ခံမှုကို ရရှိနေသည်။ စစ်တမ်းကောက်ချက်များက မာရီလူပင်န် National Rally ပါတီသည် မက်ခရွန်၏ ပါတီထက် မဲ ၂ ဆ ပိုရရှိနိုင်ဖွယ်ရှိသည်ဟု ပြသနေသည်။

ဗဟိုဝါဒီပါတီကို ဦးဆောင်နေသည့် မက်ခရွန်သည် ဥပဒေပြုရေးဆိုင်ရာ ရွေးကောက်ပွဲများတွင် မဲပေးသူ ပိုများလာခြင်းသည် လမ်းကြောင်းပြောင်းသွားနိုင်ကြောင်း လောင်းကြေးထပ်ထားသည်။

မက်ခရွန်က မဲဆန္ဒရှင်များအား ၎င်း၏လောင်းကြေးထပ်မှုသည် “ ပြင်သစ်လူမျိုးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုအပေါ် အခြေခံပြီး သူတို့အတွက်နဲ့ အနာဂတ်မျိုးဆက်တွေအတွက် အမျှတဆုံး ရွေးချယ်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ အမေရိကန် ဒီမိုကရေစီလည်း ကြီးမားတဲ့အန္တရာယ်ပေါ်မှာ ကျရောက်နေပြီး မဲဆန္ဒရှင်တွေက ဒါကို ကယ်တင်ဖို့ လိုအပ်တယ်ဆိုတဲ့ သတိပေးချက်နဲ့ ဆင်တူပါတယ်” ဟု ဘိုင်ဒင်က ပြီးခဲ့တဲ့ သီတင်းပတ်က D-Day နော်မန်ဒီကမ်းခြေ အထိမ်းအမှတ် နှစ် ၈၀ ပြည့် အခမ်းအနားမှာ မက်ခရွန်ဘက်က ရပ်တည်ပြောဆိုခဲ့သည်။

အိမ်ဖြူတော်သည် ဇူလိုင် ၇ ရက်တွင် ပြင်သစ်ရွေးကောက်ပွဲရလဒ်များကို အီးယူရွေးကောက်ပွဲများထက်ပင် ပိုမိုနီးကပ်စွာ စောင့်ကြည့်နေမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 41 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 34 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး