နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးဒေသအတွက် ကြားကာလ နိုင်ငံရေးအစီအမံတွေ ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးတွဲထုတ်ပြန်

ဇူလိုင်လ (၁၂)ရက်။

မန္တလေးဒေသအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်နိုင်ဖို့အတွက် လုပ်ငန်းစဉ်တရပ်ချမှတ်ကာ ဆောင်ရွက်သွားမယ်လို့ တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)နဲ့ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။

မန္တလေးဒေသအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်ဖို့ လုပ်ငန်းစဉ်တွေအနေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကြီးအပေါ် အထောက်အပံ့ဖြစ်ဖို့၊ ဖက်ဒရယ်အရွေ့အသွင်ဆောင်နိုင်ဖို့၊ ပါ၀င်သင့်ပါ၀င်ထိုက်တဲ့ တော်လှန်ရေးအင်အားစုတွေ ပါ၀င်နိုင်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်တဲ့ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေ ပါ၀င်နိုင်ဖို့အပြင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ဖော်ဆောင်ဖို့၊ နိုင်ငံရေးအစီအမံမူကြမ်းကို ရေးဆွဲပြုစုဖို့အတွက် လုပ်ငန်း‌ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးဒေသရဲ့ အခုတော်လှန်ရေးကာလအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကြားကာလ နိုင်ငံရေးအစီအမံတရပ်ကို ပြင်ဆင်ဖော်ထုတ်ဖို့ လုပ်ငန်းစဉ်ဟာ အခုအခါ လိုအပ်ချက်တခုဖြစ်လာပြီလို့ ရေးသားထားပါတယ်။

ကြားကာလ နိုင်ငံရေးအစီအမံမူကြမ်းအတွက် လုပ်ငန်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦး၊ နိုင်ငံရေးပါတီ တစ်ပါတီကို (၂)ဦးစီ၊ အရပ်ဖက်အဖွဲ့က (၁၅)ဦး၊ NUG ရဲ့ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးကဏ္ဍက (၄)ဦး၊ လူနည်းစု လူမျိုးတခုကို (၂)ဦးနဲ့ ပါ၀င်သင့်ပါ၀င်ထိုက်သူ (၄)ဦးနဲ့ ဖွဲ့စည်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လုပ်ငန်းကော်မတီ ဖွဲ့စည်းတဲ့အထဲ အမျိုးသမီးပါ၀င်တာဟာ အချိုးအစားအရ အနည်းဆုံး (၃၀)ရာခိုင်နှုန်းအထိ ဖြစ်ရမှာဖြစ်ပြီး ပါ၀င်တဲ့ လွှတ်ကိုယ်စားလှယ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ လုံး၀ မပြုကြသူတွေဖြစ်ရမယ်လို့ ပြောဆိုထားပါတယ်။

ကော်မတီ၀င်တွေအနေနဲ့ နွေဦးတော်လှန်ရေးထဲ အထူးတက်ကြွစွာ ပါ၀င်နေသူဖြစ်ရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအ၀င် ဘယ်လိုအာဏာရှင်စနစ်ကိုမှ လက်မခံတဲ့သူ၊ အဂတိလိုက်စားတာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို ဆန့်ကျင်တဲ့သူဖြစ်ရမယ်လို့ ဆိုပါတယ်။

လုပ်ငန်းကော်မတီအနေနဲ့ ‌မန္တလေးဒေသနဲ့ သက်ဆိုင်တဲ့ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေကို စုစည်းချိတ်ဆက်တာ၊ အားလုံးပါ၀င်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းဆုံရပ်တခုကို ဖော်ဆောင်တာနဲ့ ကော်မတီသက်တမ်းဟာ (၄)လသတ်မှတ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 16 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 18 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 18 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 29 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 29 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏