နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသိမ်းယူထားတဲ့ မြို့တွေကို ယူကရိန်းဘက်က ပစ်မှတ်ထားတိုက်ခိုက်

ရုရှားသိမ်းယူထားတဲ့ မြို့တွေကို ယူကရိန်းဘက်က ပစ်မှတ်ထားတိုက်ခိုက်

++++++++++++++

ယူကရိန်းဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ဒွန်းညက်မြို့က စားသောက်ဆိုင်တစ်ဆိုင်ကို ထိမှန်ခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ၉ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားက ခန့်အပ်ထားတဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားနယ်စပ်က ဘယ်ဂိုရော့နဲ့ ကာ့စ်မြို့တွေကိုလည်း ဒရုန်းနဲ့ အမြောက်ဒုံးကျည်တွေပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ဒွန်းညက်မြို့က ထိခိုက်မှုဟာ အဲဒီတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် လူ ၅ ဦးအထိသေဆုံးခဲ့ပြီး လူအများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာပါတယ်။

2024 ခုနှစ်မှာ ရုရှားရဲ့ ကျောထောက်နောက်ခံပြု ခွဲထွက်ရေးအဖွဲ့တွေရဲ့ လက်အောက်ကို ကျရောက်ခဲ့ရတဲ့ ဒွန်းညက်မြို့ဟာ 2022 ခုနှစ်အတွင်းက ရုရှားရဲ့ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းရှိနေခဲ့တာဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းမှာ ဆင်ခြေဖုံးရပ်ကွက်တွေထဲက ယူကရိန်းတပ်ဖွဲ့တွေကို ဖိအားပေးတိုက်ခိုက်ခဲ့တာကြောင့် ဒွန်းညက်မြို့ဟာ ပိုပြီးလုံခြုံတဲ့ မြို့တစ်မြို့ဖြစ်လာခဲ့တာပါ။

ဘယ်ဂိုရော့မြို့နဲ့ ကာ့စ်မြို့တွေကတော့ မကြာခဏဆိုသလို ယူကရိန်းတပ်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံနေရတာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ လူဟန့်စ်ပြည်နယ်မှာတော့ ဒုံးကျည်ပေါက်ကွဲထိခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၄ ဦးအထိရှိလာခဲ့တယ်လို့ ရုရှားလက်အောက်ခံတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးကတော့ နယ်စပ်စည်းတလျှောက်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၂၁ စင်းနဲ့ ဒရုန်း ၁၆ စင်းတို့ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ စနေနေ့ အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကာကိဗ်ဒေသအစွန်းပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

ယူကရိန်းဘက်က နယ်မြေစိုးမိုးမှုရဖို့ တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ကြေညာချိန်မှာပဲ ရုရှားဘက်ကတော့ မိမိတို့ဘက်က ရွာ ၅ ရွာလောက်ကို သိမ်းယူထားပြီးပြီလို့ ပြောထားပါတယ်ခင်ဗျာ . . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 11 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဗန်စ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ‘အချို့အရာတွေကို မှားယွင်းလုပ်ဆောင်ခဲ့တယ်’ ဟု ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မကြာသေးမီ သီတင်းပတ်များအတွင်း တင်းမာလာပုံရချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သည် “ အချို့အရာတွေကို အသေအချာပဲ မှားယွင်းလုပ်ဆောင်ခဲ့တာ ရှိပါတယ်” ဟု
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲက အီရန်ကို ဟော်မုဇ်ရေလက်ကြားအား လက်နက်တစ်ခုသဖွယ် ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားပေးခဲ့သည်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ရေးသားသူ- ဂျယ်ရမီ ဘိုဝင် (Jeremy Bowen) နိုင်ငံတကာရေးရာ အယ်ဒီတာ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဒီကိစ္စတွေအားလုံး ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့ချိန်တုန်းက ဒေါ်နယ်ထရမ့်နဲ့ ဘင်ဂျမင် နေတန်ယာဟုတို့က အစိုးရအပြောင်းအလဲ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်သဘောတူညီချက်အပေါ် ထရမ့် ရင်ဆိုင်နေရသည့် ဒေါ်လာ ဘီလီယံ ၃၀၀ ပြဿနာ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၇ရက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်တို့အကြား စတင်ပျိုးထောင်နေဆဲဖြစ်သော သဘောတူညီ ချက် သည် ရှေးရိုးစွဲကွန်ဆာဗေးတစ်အများအပြား၏ ငြင်းဆန်မှုကို ကြုံတွေ့နေရသဖြင့် လက်ရှိတွင် ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။ သို့သော် အဆိုပါပြဿနာများ၏ ထိပ်ဆုံးတွင်
နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး ဖြစ်နေခဲ့‌သည် ဟုသိရသည်။ ထို (G7) အစည်း အဝေး သည်အမေရိကန်နှင့်အီရန်တို့ အကြားငြိမ်းချမ်းရေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နှင့်စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ‘မကြာမီ’ ထုတ်ပြန်မည်ဖြစ်ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက် အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်အတွက် ပဏာမ သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်းနှင့် အဆိုပါသဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကို “ မကြာမီ”