နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလီကန်တွေ သမ္မတရွေးကောက်ပွဲနဲ့ အထက်လွှတ်တော်မှာ အနိုင်ရပြီးနောက် အောက်လွှတ်တော်မှာလည်း ရီပတ်ဘလီကန်အများစု အနိုင်ရ

နိုဝင်ဘာလ (၁၄) ရက်။

ရီပတ်ဘလစ်ကန်ပါတီသည် အမေရိကန် သမ္မတရွေးကောက်ပွဲနှင့် တွဲဖက်ကျင်းပသည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ရွေးကောက်ပွဲများတွင် အများစု အနိုင်ရသွား ပြီဖြစ်သည်။ ရလဒ်အနေဖြင့် ရီပတ်ဘလီကန်ပါတီသည် ရွေးကောက်ခံသမ္မတ ထရန့်လက်ထက်တွင် သီးသန့်အာဏာရရှိမည်ဖြစ်ပြီး လက်ယာယိမ်းများ လွှမ်းမိုးသည့်ခေတ်သစ်ကို အမေရိကန်နိုင်ငံရေးက ဦးတည်တော့မည် ဖြစ်သည်။

ရွေးကောက်ခံသမ္မတသည် ကြီးမားသည့် အခွန်လျော့ချမှု၊ ပြင်းထန်သည့် လူဝင်မှုကြီးကြပ်ရေးဖြိုခွင်းမှု အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာ မူဝါဒများ အပြောင်းအလဲ အပါအဝင် ပြောင်းလဲနိုင်သည့် မူဝါဒများကို အနှောက်အယှက်မရှိဘဘဲ ပြဋ္ဌာန်းဖို့ လမ်းကြောင်း ရရှိသွားပြီ ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးကို ရီပတ်ဘလီကန်များက ထိန်းချုပ်ထားနိုင်ခြင်းက သမ္မတထရန့်သည် သူ့တွင် အကန့်အသတ်မရှိသော အာဏာရှိသည်ဟု ယုံကြည်ထားပြီး ၎င်းသည် ပြီးခဲ့သည့် နွေရာသီတွင် တရားရုံးချုပ်၏ စီရင်ချက်များကို ၎င်ရာထူးရသည်နှင့် ကင်းလွတ်ခွင့်ပေးခြင်းကို တရားဝင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။

သမ္မတထရန့်သည် တရားရုံးချုပ်ရှိ အကြီးတန်းတရားသူကြီးများကို အစားထိုးရန် အခွင့်အရေးရှိပြီး ၎င်း၏ပထမသက်တမ်းအတွင်း ကွန်ဆာဗေးတစ်အများစုသည် ရာစုနှစ်အလယ်ပိုင်းအထိ ဆက်လက်တည်ရှိနေနိုင်သည်။

သမ္မတထရန့်သည် ၎င်း၏ အစိုးရအဖွဲ့ဝင်များနှင့် အိမ်ဖြူတော် အကြီးတန်း အရာရှိများ၏ စာရင်းကို ကြေညာခဲ့ပြီး အများစုမှာ ၎င်းကို အခိုင်အမာ ထောက်ခံသူများဖြင့် ဖွဲ့စည်းထားသည်။ ၎င်း၏ ဒုတိယသက်တမ်းတွင် ထရန့်သည် ၎င်း၏ပထမသက်တမ်းအတွင်း ၎င်း၏အစီအစဥ်များပေါ်တွင် ကန့်သတ်ခဲ့သော အတွေ့အကြုံရင့်ကျက်သည့် ဗျူရိုကရက်များ၏ အကန့်အသတ်အနည်းငယ်နှင့်သာ ရင်ဆိုင်ရဖွယ်ရှိသည်။

ထရန့်၏ “အမေရိကန်ကို တစ်ဖန် ကြီးကြယ်ခမ်းနားသောနိုင်ငံဖြစ်အောင်လုပ်မည်” အစီအစဉ်ကို အကောင်ထည်ဖော်နိုင်စေရန် သမတသက်တမ်းပထမရက် ၁၀၀ တွင် ပြင်းထန်သော အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း ထရန့်က မဲဆွယ်စဉ်က ကတိပြုထားသည်။ မဲဆွဲစဉ်က ၎င်းသည် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် တရားမဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိုးရိမ်မှုများကို အသားပေးပြောကြားခဲ့သည်။

လက်ရှိခန့်မှန်းချက်များအရ ရီပတ်ဘလစ်ကန်များသည် အထက်လွှတ်တော်တွင် ထိုင်ခုံ ၅၂ နေရာ ရရှိမည်ဖြစ်သည်။ သို့သော် filibuster ကို ရှောင်နိုင်ရန် လိုအပ်သော နေရာ ၆၀ ကိုတော့ မရရှိခဲ့ပေ။ (မှတ်ချက်။ filibuster ဆိုသည်မှာ လွှတ်တော်အတွင်း ဆုံးဖြတ်ချက်မချနိုင်ရန် လွှတ်တော်အမတ်များက တယောက်ပြီးတယောက် မိန့်ခွန်းများပြောပြီး အနှောက်အယှက်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။)

အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်အများစုနေရာရရှိခြင်းသည် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်အတွက် အောင်ပွဲဖြစ်သည်။ ဂျွန်ဆင်သည် လွန်ခဲ့သည့်နှစ်အတွင်း အောက်လွှတ်တော်ကို ထိန်းချုပ်ရန် ရုန်းကန်ခဲ့ရသည်။ အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်များသည် မကြာခဏ ပရမ်းပတာနှင့် ရန်ဖြစ်မှုများတွင် နစ်မွန်းခဲ့ရပြီး အချို့မှာ ထရန့်၏စွက်ဖက်မှုနှင့် ထောက်ခံသူများထံမှ ကျယ်ပြောသော စကားလုံးများဖြင့် ပိုမိုဆိုးရွာရခဲ့သည်။

ယခုအခါ ဒီမိုကရက်တစ်ပါတီသည် ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြန်လည်စည်းလုံးညီညွတ်ရန် အဓိက ရင်ဆိုင်နေရသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 20 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့်
ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 24 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒီအပတ် စနေ/တနင်္ဂနွေ နိုင်ငံတကာ သတင်း အချက်အလက် အကျဉ်းချုပ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 37 Views
၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၃ရက် အမေရိကန် (USA) အမေရိကန်-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်။ သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် တစ်ရပ်ကို တင်သွင်းခဲ့ပြီး
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 45 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်၏ ယူကရိန်းအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်တွင် မြေယာစွန့်လွှတ်မှုနှင့် စစ်ရေးလျှော့ချရေးတို့ လိုအပ်မည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 42 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၁ရက် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အစိုးရအဖွဲ့သစ်ဖြစ်လာမည့် ထရမ့်၏ စီမံချက်အရ ကိ့ဗ် (Kyiv) အနေဖြင့် ရုရှားကို နယ်မြေများ စွန့်လွှတ်ပေးရမည်၊ ကရင်မလင် မှ အင်အားသုံး သိမ်းပိုက်ထားသော ခရိုင်မီးယား နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား စစ်ပွဲ လက်ရှိ အခြေအနေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 45 Views
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် အခုလက်ရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်ပွဲက ဆက်လက် ပြင်းထန်နေဆဲပါ။ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတိုက်ပွဲနေရာတွေမှာ အဓိက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး၊
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိုင်း၏ ဖိုင်များကို ထုတ်ပြန်ရန် တရားရေးဝန်ကြီးဌာန(DOJ) အား ဖိအား ပေးသည့် ဥပဒေကြမ်းကို ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 46 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက် သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ တရားရေးဝန်ကြီးဌာန (DOJ) အား ဂျက်ဖရီ အက်ပ်စတိုင်းနှင့် သက်ဆိုင်သော မှတ်တမ်းဖိုင်များ အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ရန် ညွှန်ကြားသည့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင်
ဂျပန် တရုတ် နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ်က တိုင်ဝမ်အရေး မှတ်ချက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ဒေါသတုံ့ပြန်မှုသတင်းနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 53 Views
+++++++++++++++++++++ ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်များ ++++++++++++++++++ သဘောထားတင်းမာသော ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအိချိ (Sanae Takaichi) က ထိုင်ဝမ်အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းလာကို လွှတ်တော်တွင်း ဖြေကြားရာ၌ တရုတ်က တိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မှု