နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလီကန်တွေ သမ္မတရွေးကောက်ပွဲနဲ့ အထက်လွှတ်တော်မှာ အနိုင်ရပြီးနောက် အောက်လွှတ်တော်မှာလည်း ရီပတ်ဘလီကန်အများစု အနိုင်ရ

နိုဝင်ဘာလ (၁၄) ရက်။

ရီပတ်ဘလစ်ကန်ပါတီသည် အမေရိကန် သမ္မတရွေးကောက်ပွဲနှင့် တွဲဖက်ကျင်းပသည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ရွေးကောက်ပွဲများတွင် အများစု အနိုင်ရသွား ပြီဖြစ်သည်။ ရလဒ်အနေဖြင့် ရီပတ်ဘလီကန်ပါတီသည် ရွေးကောက်ခံသမ္မတ ထရန့်လက်ထက်တွင် သီးသန့်အာဏာရရှိမည်ဖြစ်ပြီး လက်ယာယိမ်းများ လွှမ်းမိုးသည့်ခေတ်သစ်ကို အမေရိကန်နိုင်ငံရေးက ဦးတည်တော့မည် ဖြစ်သည်။

ရွေးကောက်ခံသမ္မတသည် ကြီးမားသည့် အခွန်လျော့ချမှု၊ ပြင်းထန်သည့် လူဝင်မှုကြီးကြပ်ရေးဖြိုခွင်းမှု အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာ မူဝါဒများ အပြောင်းအလဲ အပါအဝင် ပြောင်းလဲနိုင်သည့် မူဝါဒများကို အနှောက်အယှက်မရှိဘဘဲ ပြဋ္ဌာန်းဖို့ လမ်းကြောင်း ရရှိသွားပြီ ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးကို ရီပတ်ဘလီကန်များက ထိန်းချုပ်ထားနိုင်ခြင်းက သမ္မတထရန့်သည် သူ့တွင် အကန့်အသတ်မရှိသော အာဏာရှိသည်ဟု ယုံကြည်ထားပြီး ၎င်းသည် ပြီးခဲ့သည့် နွေရာသီတွင် တရားရုံးချုပ်၏ စီရင်ချက်များကို ၎င်ရာထူးရသည်နှင့် ကင်းလွတ်ခွင့်ပေးခြင်းကို တရားဝင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။

သမ္မတထရန့်သည် တရားရုံးချုပ်ရှိ အကြီးတန်းတရားသူကြီးများကို အစားထိုးရန် အခွင့်အရေးရှိပြီး ၎င်း၏ပထမသက်တမ်းအတွင်း ကွန်ဆာဗေးတစ်အများစုသည် ရာစုနှစ်အလယ်ပိုင်းအထိ ဆက်လက်တည်ရှိနေနိုင်သည်။

သမ္မတထရန့်သည် ၎င်း၏ အစိုးရအဖွဲ့ဝင်များနှင့် အိမ်ဖြူတော် အကြီးတန်း အရာရှိများ၏ စာရင်းကို ကြေညာခဲ့ပြီး အများစုမှာ ၎င်းကို အခိုင်အမာ ထောက်ခံသူများဖြင့် ဖွဲ့စည်းထားသည်။ ၎င်း၏ ဒုတိယသက်တမ်းတွင် ထရန့်သည် ၎င်း၏ပထမသက်တမ်းအတွင်း ၎င်း၏အစီအစဥ်များပေါ်တွင် ကန့်သတ်ခဲ့သော အတွေ့အကြုံရင့်ကျက်သည့် ဗျူရိုကရက်များ၏ အကန့်အသတ်အနည်းငယ်နှင့်သာ ရင်ဆိုင်ရဖွယ်ရှိသည်။

ထရန့်၏ “အမေရိကန်ကို တစ်ဖန် ကြီးကြယ်ခမ်းနားသောနိုင်ငံဖြစ်အောင်လုပ်မည်” အစီအစဉ်ကို အကောင်ထည်ဖော်နိုင်စေရန် သမတသက်တမ်းပထမရက် ၁၀၀ တွင် ပြင်းထန်သော အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း ထရန့်က မဲဆွယ်စဉ်က ကတိပြုထားသည်။ မဲဆွဲစဉ်က ၎င်းသည် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် တရားမဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိုးရိမ်မှုများကို အသားပေးပြောကြားခဲ့သည်။

လက်ရှိခန့်မှန်းချက်များအရ ရီပတ်ဘလစ်ကန်များသည် အထက်လွှတ်တော်တွင် ထိုင်ခုံ ၅၂ နေရာ ရရှိမည်ဖြစ်သည်။ သို့သော် filibuster ကို ရှောင်နိုင်ရန် လိုအပ်သော နေရာ ၆၀ ကိုတော့ မရရှိခဲ့ပေ။ (မှတ်ချက်။ filibuster ဆိုသည်မှာ လွှတ်တော်အတွင်း ဆုံးဖြတ်ချက်မချနိုင်ရန် လွှတ်တော်အမတ်များက တယောက်ပြီးတယောက် မိန့်ခွန်းများပြောပြီး အနှောက်အယှက်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။)

အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်အများစုနေရာရရှိခြင်းသည် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်အတွက် အောင်ပွဲဖြစ်သည်။ ဂျွန်ဆင်သည် လွန်ခဲ့သည့်နှစ်အတွင်း အောက်လွှတ်တော်ကို ထိန်းချုပ်ရန် ရုန်းကန်ခဲ့ရသည်။ အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်များသည် မကြာခဏ ပရမ်းပတာနှင့် ရန်ဖြစ်မှုများတွင် နစ်မွန်းခဲ့ရပြီး အချို့မှာ ထရန့်၏စွက်ဖက်မှုနှင့် ထောက်ခံသူများထံမှ ကျယ်ပြောသော စကားလုံးများဖြင့် ပိုမိုဆိုးရွာရခဲ့သည်။

ယခုအခါ ဒီမိုကရက်တစ်ပါတီသည် ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြန်လည်စည်းလုံးညီညွတ်ရန် အဓိက ရင်ဆိုင်နေရသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 11 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 42 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 45 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။