နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များသည် အာဆတ်အစိုးရကို ဖြုတ်ချရန် လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ပြင်ဆင်ခဲ့ကြောင်း HTS တပ်မှူးက ဗြိတိန်သတင်းစာသို့ ပြောကြားခဲ့သည်။

ဒီဇင်ဘာလ (၁၄) ရက်။

ဆီးရီးယားအတိုက်အခံအဖွဲ့ Sharm Liberation Organization (HTS) ၏ တပ်မှူးက ၎င်းတို့သည် အာဆတ်ကို ဖြုတ်ချရန်အတွက် အာဆတ်အစိုးရကို တိုက်ခိုက်ရန် လွန်ခဲ့သည့်တစ်နှစ်က စတင်ပြင်ဆင်ခဲ့သည်ဟု ဗြိတိန်သတင်းစာ The Guardian သို့ ပြောကြားခဲ့သည်။

HTS သည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အခြေစိုက်သော နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်း Al Qaeda ၏ ဌာနခွဲတစ်ခုဖြစ်သည်။ HTS သည် တောင်ပိုင်းရှိ သူပုန်များနှင့် ဆက်သွယ်ခဲ့ပြီး စည်းလုံးညီညွတ်သော တပ်ဦးဖွဲ့စည်းရန် တောင်းဆိုခဲ့ကြောင်း တပ်မှူး အဘူဟက်ဆန်ဟမ်ဝီက ပြောကြားခဲ့သည်။

ဆီးရီးယားအတိုက်အခံများ၏ “ အခြေခံပြဿနာ” မှာ “ စစ်မြေပြင်တွင် စည်းလုံးညီညွတ်သော ခေါင်းဆောင်မှုနှင့် ထိန်းချုပ်မှု မရှိခြင်း” ဖြစ်သည်ဟု ဟမ်ဝီက ဂါးဒီးယန်းသို့ ပြောကြားခဲ့သည်။ HTS သည် ဤပြဿနာကို ဖြေရှင်းရန် အခြားအဖွဲ့အစည်းများအား ပူးပေါင်းပါဝင်ရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

“ ကျုပ်တို့ဟာ ရန်သူကို စေ့စေ့စပ်စပ် လေ့လာခဲ့ပါတယ်။ ရန်သူရဲ့ နည်းဗျူဟာတွေကို နေ့ရောညပါ ခွဲခြမ်းစိတ်ဖြာပြီး ကျုပ်တို့တပ်ဖွဲ့တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အသိဉာဏ်ပညာတွေကို အသုံးပြုခဲ့တယ်” ဟု ဟမ်ဝီက ပြောကြားခဲ့သည်။ ဟမ်ဝီက “တဖြည်းဖြည်းချင်း လုပ်ကိုင်ခဲ့ရပေမယ့် ပြန့်ကျဲနေသော အတိုက်အခံသူပုန်အဖွဲ့ အမျိုးမျိုး ပေါင်းစည်းလာကြပြီး စစ်ရေးအယူဝါဒကို ဖော်ထုတ်နိုင်တဲ့ တစ်သားတည်းကျတဲ့ စစ်အင်အားစု ဖြစ်လာခဲ့ပါတယ်” ဟု ဟမ်ဝီက ပြောကြားခဲ့သည်။

“ဆီးရီးယားတောင်ပိုင်းမှာ စစ်ဆင်ရေးကွတ်ကဲရေးဌာနတစ်ခု တည်ထောင်နိုင်ခဲ့ပြီး အတိုက်အခံအဖွဲ့ ၂၅ ဖွဲ့က တပ်မှူးတွေဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။” ဟု သူက ပြောဆိုခဲ့ပါသည်။

အသစ်ဖွဲ့စည်းထားသော အတိုက်အခံညွန့်ပေါင်းအဖွဲ့သည် နိုဝင်ဘာလနှောင်းပိုင်းတွင် တိုက်ခိုက်ရန် အခွင့်အရေးကို ရရှိခဲ့သည်။ အာဆတ်အစိုးရ၏ အဓိကကျောထောက်နောက်ခံဖြစ်သော ရုရှားနှင့် အီရန်တို့သည် ၎င်းတို့၏ ပဋိပက္ခများနှင့် အလုပ်ရှုပ်နေသည့် အချိန်ရောက်ရှိလာ၍ဖြစ်သည်။

၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် နှစ်ပတ်မပြည့်မီတွင် အာဆတ်အစိုးရ ပြိုလဲသွားကာ အာဆတ်သည် ရုရှားနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

ဆီးရီးယားမြို့တော် ဒမတ်စကတ်ရှိ ဗဟိုဘဏ်ရှေ့တွင် စောင့်ကြပ်နေသည့် အတိုက်အခံ တော်လှန်ရေး စစ်သားများ/Louai Beshara/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 22 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 29 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 25 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး