နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်အပြေးသမား ပြိုင်ပွဲအပြီး စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရ

+++++++++++++++++++++++++++++++++++++++

တရုတ်အပြေးသမား ဟီဂျီ (He Jie) သည် တနင်္ဂနွေနေ့တွင် ဘေဂျင်းမာရသွန်တစ်ဝက်တာဝေးပြေးပွဲတွင် အနိုင်ရရှိခဲ့ပြီး အာဖရိကန်အပြေးသမား သုံးဦးက သူ့ကို အနိုင်ရစေရန် တမင်နှေးကွေးစွာ ပြေးနေပုံပေါ်သောကြောင့် တရုတ်အင်တာနက်အသုံးပြုသူများက မေးခွန်းထုတ်ခြင်းကိုခံရပြီးနောက် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။

ပြိုင်ပွဲပြီးဆုံးသည့် ဗီဒီယိုကလစ် တစ်ခုတွင် ကင်ညာမှ ဝီလီ မန်နန်ဂတ် (Willy Mnangat) သည် ဟီဘက်သို့လှည့်ကာ အပြေးသမားလေးဦး တစ်ဦးနှင့် တစ်ဦး ရင်ဘောင်တန်းနေစဉ် ရှေ့သို့တက်ရန် အချက်ပြသည်ကို ပန်းဝင်ရန် မီတာအနည်းငယ် အကွာအဝေးတွင် အချက်ပြခဲ့သည်ကို တွေ့မြင်ရသည်။

ကင်ညာနိုင်ငံမှ ကမ္ဘာ့စံချိန်ရှင်ဟောင်း ရောဘတ် ကီတာ (Robert Keter) သည် ၎င်း၏နိုင်ငံသားနှင့် အီသီယိုးပီးယားမှ ဒီဂျီနီ ဟိုင်လူ (Dejene Hailu) အား နောက်ပြန်ဆွဲရန် အချက်ပြပြီး ဟီအား သူတို့အုပ်စုကို ကျော်တက်စေရန် လက်ဝှေ့ယမ်း အချက်ပြလိုက် ပုံကိုလည်း ရုပ်သံတွင် သိသာထင်ရှားစွာ တွေ့မြင်ရသည်။

တရုတ်အပြေးသမားသည် ၁:၀၃:၄၄ တွင် ပထမဆု ဒေါ်လာ ၅,၅၀၀ ကို ရယူခဲ့ပြီး အာဖရိကတိုက်သား သုံးဦးသည် တစ်စက္ကန့်သာ နောက်ကျပြီး ပူးတွဲဒုတိယဆုကို ရကြသည်။

အာရှအားကစားပြိုင်ပွဲ၏ မာရသွန်ချန်ပီယံအပြေးသမား ဟီသည် ၎င်း၏ ပထမဆုံးယှဉ်ပြိုင်ဖူးသည့် မာရသွန်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စိတ်အားထက်သန်မှု နည်းပါးနေခဲ့သည်။ အာဖရိကန်အပြေးသမားများက သူ၏ကျောကိုပုတ်ပြီး အောင်နိုင်မှုကို လက်ခုပ်တီးနေသည်ကို ရုပ်သံတွင် တွေ့မြင်ရသည်။

ပြီးခဲ့သောနှစ်နှစ်အတွင်း တရုတ်နိုင်ငံ၏ မာရသွန်စံချိန်ကို နှစ်ကြိမ်ချိုးဖျက်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဟီသည် ပြိုင်ပွဲအပြီးတွင် သတင်းထောက်များအား “ကျွန်တော်ရဲ့အကောင်းဆုံးယှဉ်ပြိုင်မှု အခြေအနေမှာ မရှိကြောင်း” ပြောကြားခဲ့သော်လည်း အငြင်းပွားဖွယ် ပန်းဝင်မှုကို မဖြေရှင်းခဲ့ပေ။

တရုတ်အင်တာနက်အသုံးပြုသူအချို့က အဆိုပါပြိုင်ပွဲကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သော်လည်း အချို့က ပွဲစီစဉ်သူများထံမှ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

အခြားလူကြိုက်များသော မှတ်ချက်တစ်ခုက “ ကျွန်တော် စုံစမ်းစစ်ဆေးမှုကို ထောက်ခံပါတယ်၊ တရားမျှတတဲ့ကစားနည်းက အရေးကြီးပါတယ်” ဟု သုံးစွဲသူများက အာဏာပိုင်များက “ ယှဉ်ပြိုင်မှု၏တရားမျှတမှုကို ထိန်းသိမ်းရန်နှင့် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုကို လေးစားရန် ရှင်းလင်းပြတ်သားသော ရှင်းလင်းချက်တစ်ခုပေးနိုင်မည်ဟု မျှော်လင့်ပါသည်။” ဟု မှတ်ချက်ပြုကြသည်။

တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြိုင်ပွဲကျင်းပရေးစီစဉ်သူ ဘေဂျင်းမြူနီစီပယ်အားကစားဗျူရိုနှင့် တရုတ်ပြေးခုန်ပစ်အသင်းတို့က အဆိုပါကိစ္စနှင့်ပတ်သက်၍ “အလွန်အရေးကြီးသည်” ဟု မှတ်ချက်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

ဟီနှင့် ဘေဂျင်းမာရသွန်တစ်ဝက်တာဝေးပြေးပွဲနှစ်ခုစလုံးကို စပွန်ဆာပေးသည့် တရုတ်အားကစားကုမ္ပဏီ Xstep က အခြေအနေများကို စုံစမ်းစစ်ဆေးနေပြီး အတည်ပြုထားကြောင်း နိုင်ငံပိုင်သတင်းစာ The Paper သို့ ပြောကြားခဲ့သည်။

“နောက်ထပ် အချက်အလက်တွေကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားမှာပါ” ဟု Xstep မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ပြေးခုန်ပစ် အားကစားအဖွဲ့ က CNN သို့ အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ပြိုင်ပွဲ၏ ဗီဒီယိုဖိုင်ကို သိရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု ဖော်ပြခဲ့သည်။

“ ကျွန်ုပ်တို့၏ အားကစား ဂုဏ်သိက္ခာသည် ကမ္ဘာ့ပြေးခုန်ပစ်တွင် အမြင့်ဆုံး ဦးစားပေးဖြစ်သည်” ဟု ဖော်ပြထားသည်။

Source: CNN

မှတ်ချက်။ He Jie ကို “ ဟွာဂျယ်” ဟု တရုတ်လို ထွက်ဆိုသော်လည်း အင်္ဂလိပ်အသံထွက်ဖြင့် ရေးသားထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 61 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား