နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်သွင်းကုန်တွေကို အမေရိကန်အစိုးရက အခွန်တိုးမြှင့်ကောက်ခံဖို့ဆုံးဖြတ်

++++++++++++++++++

တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းတွေကို အကာအကွယ်ယူဖို့အတွက်အတွက် အမေရိကန်အစိုးရဟာ EV ကားတွေအပေါ် 100 ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းအပါအဝင် တရုတ်စက်မှုသွင်းကုန်တွေကို အခွန်တင်းကြပ်လိုက်ပါတယ်။

အိမ်ဖြူတော်ထိပ်တန်းစီးပွါးရေးအကြံပေး လက်ဘရိန်းနက်က အမေရိကန်နိုင်ငံရဲ့ EV ကားလုပ်ငန်းဟာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေကို အားကိုးနေရတဲ့အခြေအနေကနေ ရပ်တန့်နိုင်ဖို့အတွက် အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဘိုင်ဒန်အစိုးရဟာ တရုတ် EV တွေအပေါ် အခွန် 100 ရာခိုင်နှုန်း၊ ဆိုလာဆဲလ်တွေအတွက် အခွန် 50 ရာခိုင်နှုန်းနဲ့ သံမဏိ၊ အလူမီနီယံ၊ EV ကား ဘက်ထရီနဲ့ အခြားသတ္တုပစ္စည်းတင်းသွင်းမှု​တွေကို အခွန်တိုးမြှင့်ခဲ့တာဖြစ်ပြီး အဲဒီ အခွန်ဥပဒေဟာ လာမယ့် စက်တင်ဘာလ 27 ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဌာန(USTR)က ထုတ်ပြန်ခဲ့ပါတယ်။

ဝါရှင်တန် တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်ရဲ့ အခွန်မြှင့်တင်ခြင်းဟာ တရုတ်နိုင်ငံကို ဖိနှိပ်ဖို့နဲ့ အမေရိကန်နိုင်ငံရဲ့ စက်မှုပြဿနာတွေကို ဖြေရှင်းဖို့ ပျက်ကွက်မှုတစ်ခုသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ EV ကားလုပ်ငန်းအောင်မြင်မှုဟာ ဆန်းသစ်သောတီထွင်မှုနဲ့ တရုတ်အစိုးရရဲ့ အားပေးကူညီမှုတွေကြောင့်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တင်းကြပ်မှုမြှင့်တင်လိုက်တာဟာ သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ကာမယ်လာဟဲရစ်နဲ့ ဒေါ်နယ်ထရန့်တို့ တရုတ် သံမဏိနဲ့ မော်တော်ကားတင်သွင်းမှုတွေကို တင်းကြပ်မယ်လို့ မဲဆန္ဒရှင်တွေကို ကတိပေးခဲ့ကြပြီးတဲ့နောက်မှာ သက်ရောက်မှုရှိခဲ့တာပါ။ ဒေါ်နယ်ထရန့်က သူသမ္မတဖြစ်လာရင် တရုတ်သွင်းကုန်တွေကို အခွန် 60 ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့ မဲဆွယ်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ USTR ဌာနရဲ့ ဖော်ပြချက်မှာ တရုတ်နိုင်ငံထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို အခွန် 50 ရာခိုင်နှုန်းနဲ့ ဆိုလာပြားတွေမှာအသုံးပြုတဲ့ ဆီလီကွန်ဝေဖာနဲ့ ပိုလီဆီလီကွန်တွေကိုလည်း လာမယ့် 2025 ခုနှစ်ကနေစပြီး အခွန်တိုးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခင်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က ချမှတ်ထားတဲ့ အခွန်အကောက်တွေကို ၂ နှစ်ကျော်ကြာ ပြန်လည်သုံးသပ်မှုဟာ ပြီးခဲ့တဲ့ မေလအတွင်းက ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် ဘိုင်ဒန်အစိုးရဟာ လစ်သီယမ်အိုင်ရွန်း ဘက်ထရီတွေ၊ ဓါတ်သတ္တုတွေနဲ့ EV ကားတွေအပေါ် အခွန်စတင်တင်းကြပ်လိုက်တာဖြစ်ပြီး လာမယ့် 2026 ခုနှစ်မှာတော့ တရုတ်နိုင်ငံထုတ် စက်ပစ္စည်းတွေအားလုံးကို အခွန်ထပ်မံတိုးမြှင့်သွားမှာဖြစ်ပါတယ်။

အခု အခွန်စည်းကြပ်မှုအသစ်မှာ ဒေါ်လာ ဘီလျံ 300 ကျော်တန်ကြေးရှိတဲ့ တရုတ်နိုင်ငံထုတ်အရုပ်တွေ၊ တီရှပ်တွေနဲ့ အင်တာနက်ရောက်တာတွေ၊ စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းတွေကိုလည်း ယခင်ထရန့်လက်ထက်က အခွန် 7.5 ရာခိုင်နှုန်းကနေ 25 ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

EV ဘက်ထရီထုတ်လုပ်မှုမှာ အရေးပါတဲ့ ဂရပ်ဖိုက်နဲ့ အခြားဓါတ်သတ္တုတွေအပေါ် အခွန်လျှော့ပေါ့ပေးဖို့ အမေရိကန်ကားထုတ်လုပ်တဲ့ကုမ္ပဏီတချို့က တောင်းဆိုခဲ့ပေမယ့် အဲဒီတောင်းဆိုမှုတွေကို လျစ်လျူရှုပြီး အခွန်တိုးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု