နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် နယ်စပ်အနီးရှိ လမ်းများကို ဖောက်ခွဲဖျက်ဆီးပြီး အဆက်အသွယ် လုံးဝဖြတ်တောက်မည်ဟု သတိပေး

အောက်တိုဘာလ (၁၅) ရက်၊ ဆိုးလ်၊ တောင်ကိုရီးယား။

မြောက်ကိုးရီးယားက ကျွန်းဆွယ်တောင်ပိုင်းနှင့် ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးနှစ်ခု၏ အစိတ်အပိုင်းများကို ယနေ့ အောက်တိုဘာလ (၁၅) ရက်အင်္ဂါနေ့က ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ပြုံယမ်းက သတိပေးခဲ့ပြီးနောက် တောင်ကိုးရီးယားနှင့် သူတို့၏ ပိုင်နက်နယ်မြေကို လုံးဝဖြတ်တောက်ပစ်မယ်ဟု ပြောပါသည်။

အနောက်ဘက်ကမ်းရိုးတန်းရှိ ဂယွန်အီ (Gyeongui) လိုင်းနှင့် အရှေ့ဘက်ကမ်းရိုးတန်းရှိ ထွန်ဟယ် (Donghae) လိုင်းတို့၊ မြောက်နှင့်တောင်ကို ဆက်သွယ်ထားသော အဓိကလမ်းနှင့် မီးရထားလမ်းနှစ်ခုကို ဆိုးလ်၏ပူးတွဲ စစ်ဦးစီးချုပ်ရုံး (JCS) ၏ ပြောကြားချက်အရ ကိုရီးယား ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုသိရသည်။

လက်တွေ့အားဖြင့်၊ ခရီးသွားလမ်းကြောင်းများကို ဖျက်စီးခြင်းသည် ထူးခြားမှု အနည်းငယ်သာ ရှိသည်။ ကိုရီးယားနှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးသော ခုခံစစ်ပြင်ထားသည့် နယ်ခြားနယ်နိမိတ် တစ်ခုဖြင့် ပိုင်းခြားထားဆဲဖြစ်ပြီး လမ်းများကို နှစ်ပေါင်းများစွာ အသုံးမပြုတော့ပါ။ သို့သော် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များကြား အထူးပြင်းထန်သော ဝေဖန်တိုက်ခိုက်သည့်စကားများအကြားတွင် ထိုသို့သော လုပ်ဆောင်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ မျှဝေသည့် ဗီဒီယိုတွင် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်ဘက်နယ်နိမိတ်မျဉ်း၏ မြောက်ဘက်ခြမ်းရှိ လမ်းများပေါ်တွင် ပေါက်ကွဲမှုများစွာကို ပြသခဲ့သည်။ ထို့နောက် ထရပ်ကားများနှင့် တူးဖော်ရေး စက်များ အပါအဝင် အကြီးစား စက်ယန္တရားများကို အနက်ရောင် အတားအဆီးကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ထားသည့် လမ်းများအနက်မှ အနည်းဆုံးတစ်ခုတွင် ဖြန့်ကျက်ချထားခဲ့ကြောင်း ဗီဒီယိုတွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားသည် အခင်းဖြစ်ပွားရာနေရာတွင် “စက်ယန္တရားများဖြင့် အပိုဆောင်းအလုပ်များကို” ဆောင်ရွက်နေသည်ဟု JCS မှ ပြောကြားသော်လည်း အသေးစိတ်ကို ဖော်ပြခြင်းမရှိပေ။

ပေါက်ကွဲမှုများကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားစစ်တပ်သည် တောင်ကိုရီးယား စစ်ရေးနယ်နိမိတ်မျဉ်း အတွင်းဖက် ဧရိယာအတွင်းတွင်အမြောက်များဖြင့် ပစ်ခတ်ခဲ့ကာ မြောက်ကိုရီးယားစစ်တပ်၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေပြီး အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် အသင့်အနေအထားကို အပြည့်အ၀ ထိန်းသိမ်း ထားကြောင်း JCS က ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် တောင်ကိုရီး ယားက နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် လမ်းများကို ဖြိုချရန် ပြင်ဆင်နေသည့် အရိပ်အယောင်များကို တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏စစ်တပ်က တန်ပြန်အရေးယူမှုများ လုပ်ဆောင် ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသော်လည်း အသေးစိတ် အချက်အလက် များကို ပြောကြားခြင်းမရှိပေ။

JCS ၏ပြောရေးဆိုခွင့်ရှိသူ လီးဆန်းဂျွန်း(Lee Sung-joon) က တောင်ကိုးရီးယားစစ်တပ်သည် မြောက်ကိုရီးယားဘက်ခြမ်းရှိ လမ်းများပေါ်တွင် အတားအဆီးများ ကို တပ်ဆင်နေသော အလုပ်လုပ်နေသူများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏မြို့တော် ပြုံယမ်းသို့တောင်ကိုရီးယားမှ လွှတ်လိုက်သော ဝါဒဖြန့်ချီရေး စာရွက်များသယ်ဆောင်လာသည့် မောင်းသူမဲ့ လေယာဉ်များ ပျံဝဲလာခဲ့သည်ဟု စွပ်စွဲပြီး ရက်အနည်းငယ်အကြာတွင် မြောက်ကိုရီးယားက အမှိုက်သယ်ဆောင်လာသည့် မီးပုံးပျံများကို တောင်ကိုရီးယားသို့လွှတ်တင် ပို့ပြီးနောက်အပြန်အလှန် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် လမ်းများကို ဗုံးဖောက်ဖျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (Kim Jong Un) သည် ယခုနှစ်အစောပိုင်းက တောင်ကိုရီယားနှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းထားသည့် ကာလကြာမြင့် စွာထားရှိသည့် မူဝါဒကို ဖျက်သိမ်းပြီးနောက် ၎င်း၏ ပိုင်နက်နယ်မြေကို တောင်ကိုရီးယားနှင့် လုံးဝဖြတ်တောက်ရန် ကြီးမားသော စစ်ရေးခြေလှမ်းကို လုပ်ဆောင်မည်ဟု မြောက်ကိုရီးယား စစ်တပ်က သတိပေးခဲ့သည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် ၁၉၅၃ ခုနှစ်တွင် စစ်ပြေငြိမ်းခဲ့ပြီးကတည်းက ကွဲကွာနေခဲ့သည်။ နှစ်ဘက်စလုံးသည် နည်းပညာအရ စစ်ပွဲဖြစ်နေသေးသော်လည်း အစိုးရနှစ်ရပ်စလုံးက တစ်ရက်ရက်တွင် ပြန်လည်ပေါင်းစည်းနိုင်ရေး ရည်မှန်းချက်ဖြင့် ကြိုးပမ်းခဲ့ကြသည်။

ဇန်န၀ါရီလတွင် ကင်ဂျုံအွန်က တောင်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးကို ကြိုးပမ်းတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးသည် ရန်လိုသောနိုင်ငံနှစ်နိုင်ငံ၏ စစ်မက်ဖြစ်ပွားနေသော သူပုန်နှစ်ဦးကြား ဆက်ဆံရေးတစ်ခုဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။

“ ပြင်းထန်သော စစ်ရေးအခြေအနေ”

နိုင်ငံပိုင်သတင်းဌာန KCNA မှ အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ကိုရီးယားပြည်သူ့တပ်မတော် (KPA) မှ အထွေထွေဝန်ထမ်းများက တောင်ကိုရီးယားနှင့် ဆက်သွယ်ထားသည့် ကျန်ရှိနေသည့် လမ်းများနှင့် မီးရထားလမ်းများကို ဖြတ်တောက်ကာ နယ်စပ်တစ်လျှောက် ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

“ကိုရီးယားကျွန်းဆွယ်မှာ ပျံ့နှံ့နေတဲ့ ပြင်းထန်တဲ့ စစ်ရေးအခြေအနေဟာ နိုင်ငံတော် လုံခြုံရေးကို ပိုပြီးဂုဏ်သရေရှိရှိ ကာကွယ်နိုင်ရေးအတွက် မြောက်ကိုရီးယားရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပိုမိုပြတ်သားပြီး ခိုင်မာတဲ့အစီအမံတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု KCNA သတိပေးချက်တွင် ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုများသည် တောင်ကိုရီးယားတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် “စစ်ရေးလေ့ကျင့်မှု” ကို တုံ့ပြန်မှုဖြစ်ပြီး ဒေသတွင်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် နျူကလီးယားအခြေချနေရာ ဖြစ်သည်ဟု ‌မြောက်ကိုရီးယားစစ်ဦးးချုပ်ရုံးကဆိုသည်။ ပြီးခဲ့သောနှစ်အတွင်းတွင် အမေရိကန် လေယာဉ်တင်သင်္ဘော၊ ကုန်းရေနှစ်သွယ် ချေမှုန်းရေးသင်္ဘောများ၊ တာဝေးပစ်ဗုံးကြဲ လေယာဉ်များ နှင့် ရေငုပ်သင်္ဘောများသည် တောင်ကိုရီးယားသို့ လာရောက်လည်ပတ်ခဲ့ခြင်းကို ပြုံယမ်းမှ ဒေါသတကြီး ပြစ်တင်ရှုတ်ချ ခဲ့သည်။

ဇန်နဝါရီကတည်းက ပြုံယမ်းသည် ၎င်း၏နယ်နိမိတ်ကာကွယ်ရေးကို ခိုင်ခံ့စေခဲ့ပြီး မြေမြှုပ်မိုင်းများချထားခြင်း၊ တင့်ကားဆန့်ကျင်ရေးထောင်ချောက်များ တည်ဆောက်ခြင်းနှင့် မီးရထားလမ်းအခြေခံအဆောက်အအုံများကို ဖယ်ရှားခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

မြောက်နှင့်တောင်ကိုရီးယား ခေါင်းဆောင်များသည် ပြင်းထန်သောရန်လိုသည့် စကားလုံးများ ကိုသုံးစွဲပြောဆို အရှိန်မြှင့်ခဲ့သည်။

ယခုလအစောပိုင်းတွင် ကင်ဂျုံအွန်သည် မြောက်ကိုရီးယားက ၎င်း၏နျူကလီးယား လက်နက်ကို အသုံးပြုပါက အစိုးရ၏အဆုံးသတ်ခြင်းကို ရင်ဆိုင်ရမည်ဟု တောင်ကိုရီးယား သမ္မတက သတိပေးခဲ့ပြီးနောက် ယခုလအစောပိုင်းတွင် ကင်ဂျုံအွန်က တိုက်ခိုက်ခံရပါက တောင်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားထုတ်လုပ်ရေး ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ကာ ရုရှားနှင့် ဆက်ဆံရေးကို ခိုင်ခံ့အောင် ပြုလုပ်ထားပုံရပြီး အထီးကျန်နိုင်ငံ၏ ဦးတည်ချက်အပေါ် အနောက်နိုင်ငံများ၏ စိုးရိမ်မှု ကျယ်ပြန့်လာကာ အဆိုပါ ပြောဆိုချက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆိုးလ်မြို့ရှိ Ewha အမျိုးသမီးတက္ကသိုလ်မှ ပါမောက္ခ Leif-Eric Easley က မြောက်ကိုရီးယား၏ တောင်ကိုရီးယားတို့အကြား ပိုင်နက်နယ်မြေကို ဖြတ်တောက်ရန် မြောက်ကိုရီးယား၏ လှုပ်ရှားမှုသည် ၎င်း၏ စီးပွားရေး မအောင်မြင်မှုအတွက် ပြင်ပခြိမ်းခြောက်မှုကို အကြောင်းပြ အပြစ်ပုံချရန်နှင့် တန်ဖိုးကြီးသော ဒုံးကျည်များနှင့် နျူကလီးယား လက်နက်များ တည်ဆောက်မှုကို တရားဝင်ကြောင်း ကြံစည်ခြင်းဖြစ်သည် ဟုဆိုသည်။

“ကင်ဂျုံအွန် ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာပရိသတ်တွေကို စစ်ရေးအရ အင်အားပြနေတယ်လို့ ယုံကြည်စေချင်ပေမယ့် တကယ်တမ်းတော့ သူရဲ့ နိုင်ငံရေးအားနည်းမှုကြောင့် လှုံ့ဆော်နေရတာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများသည် အစစ်အမှန်နှင့် စကားအသုံးအနှုန်း နှစ်မျိုးစလုံးသည် မျိုးရိုးအလိုက် အာဏာယူထားသော အာဏာရှင်စနစ်၏ ရှင်သန်ရပ်တည်ရေးဗျူဟာကို ထင်ဟပ်နေခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော