နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဒေါ်နယ်ထရန့်ကြောင့် ယူကရိန်းစစ်ပွဲ အလျင်အမြန် ပြီးဆုံးလိမ့်မယ်လို့ ဇယ်လင်စကီးပြော

ဒေါ်နယ်ထရန့်ကြောင့် ယူကရိန်းစစ်ပွဲ အလျင်အမြန် ပြီးဆုံးလိမ့်မယ်လို့ ဇယ်လင်စကီးပြော

+++++++++++++++++++

ရုရှား-ယူကရိန်းစစ်ပွဲဟာ အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရန့်လက်ထက်မှာ အလျင်အမြန်အဆုံးသတ် နိုင်ဖွယ်ရှိတယ်လို့ ယူကရိန်းသမ္မတဇယ်လင်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကာလတွေမှာ မည်သို့ မည်ပုံ ပြုလုပ်မယ်ဆိုတာ အတိအကျမပြောထားပေမယ့် သူသမ္မတဖြစ်တဲ့အခါ ယူကရိန်းစစ်ပွဲကို 24 နာရီအတွင်း အဆုံးသတ်ပြမယ်လို့ ကြုံးဝါးပြောဆိုထားတာပါ။

စနေနေ့က ထုတ်လွှင့်ခဲ့တဲ့ ယူကရိန်းရေဒီယိုအင်တာဗျူးမှာ သမ္မတဇယ်လင်စကီးက လာမယ့်နှစ်အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ သံခင်တမန်ခင်းနည်းလမ်းအပါအဝင် အားလုံးပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရပြီးနောက် ရုရှားနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲဟာ အဆုံးအဖြတ်ကာလကို ရောက်ရှိလာခဲ့ပြီလို့လည်း ဇယ်လင်စကီးက မှတ်ချက်ပေးခဲ့ပါတယ်။

ဇန်နဝါရီလ 20 ရက်နေ့မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ အမေရိကန်ဥပဒေက ဒေါ်နယ်ထရန့်နဲ့ သူ့ကို တွေ့ဆုံဖို့ တားမြစ်ထားတယ်လို့ဆိုပါတယ်။ “ အခု အိမ်ဖြူတော်မှာ ဦးဆောင်မယ့်အဖွဲ့ကြောင့် ယူကရိန်းစစ်ပွဲဟာ မြန်မြန်အဆုံးသတ်တော့မှာပါ”

ဒါပေမယ့်လည်း ရုရှားသမ္မတပူတင်က ငြိမ်းချမ်းရေးဆွေးနွေးချက်ကို စိတ်မဝင်စားဘူးပြောင်းနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေမှသာ မော်စကိုအစိုးရအနေနဲ့ ဆွေးနွေးဖွယ်ရှိကြောင်း ဇယ်လင်စကီးက ထောက်ပြခဲ့ပါတယ်။

ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မော်စကိုသံအမတ်ကြီးကတော့ စစ်ပွဲဆုံးသတ်ရေးဆွေးနွေးမှုတွေစတင်ဖို့ ဒေါ်နယ်ထရန့်ကသာ ဝင်ရောက်စေ့စပ်ပေးမယ်ဆိုရင် ဖြစ်လာနိုင်ကြောင်းနဲ့ မြေပြင်ပေါ်က ဖြစ်ရပ်မှန်တွေကို အသိအမှတ်ပြုရမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

လက်ရှိမှာ ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုကို ယူကရိန်းအနေနဲ့ ပေးအပ်ရမယ်လို့ မော်စကိုအစိုးရက တောင်းဆိုထားပါတယ်။ ယူကရိန်းသမ္မတဇယ်လင်စကီးကတော့ 2022 ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ထွက်သွားသည့်တိုင် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးဘူးလို့ အကြိမ်ကြိမ်ပြောဆိုထားပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 20 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 38 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်