နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဒေါ်နယ်ထရန့်ကြောင့် ယူကရိန်းစစ်ပွဲ အလျင်အမြန် ပြီးဆုံးလိမ့်မယ်လို့ ဇယ်လင်စကီးပြော

ဒေါ်နယ်ထရန့်ကြောင့် ယူကရိန်းစစ်ပွဲ အလျင်အမြန် ပြီးဆုံးလိမ့်မယ်လို့ ဇယ်လင်စကီးပြော

+++++++++++++++++++

ရုရှား-ယူကရိန်းစစ်ပွဲဟာ အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရန့်လက်ထက်မှာ အလျင်အမြန်အဆုံးသတ် နိုင်ဖွယ်ရှိတယ်လို့ ယူကရိန်းသမ္မတဇယ်လင်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကာလတွေမှာ မည်သို့ မည်ပုံ ပြုလုပ်မယ်ဆိုတာ အတိအကျမပြောထားပေမယ့် သူသမ္မတဖြစ်တဲ့အခါ ယူကရိန်းစစ်ပွဲကို 24 နာရီအတွင်း အဆုံးသတ်ပြမယ်လို့ ကြုံးဝါးပြောဆိုထားတာပါ။

စနေနေ့က ထုတ်လွှင့်ခဲ့တဲ့ ယူကရိန်းရေဒီယိုအင်တာဗျူးမှာ သမ္မတဇယ်လင်စကီးက လာမယ့်နှစ်အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ သံခင်တမန်ခင်းနည်းလမ်းအပါအဝင် အားလုံးပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရပြီးနောက် ရုရှားနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲဟာ အဆုံးအဖြတ်ကာလကို ရောက်ရှိလာခဲ့ပြီလို့လည်း ဇယ်လင်စကီးက မှတ်ချက်ပေးခဲ့ပါတယ်။

ဇန်နဝါရီလ 20 ရက်နေ့မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ အမေရိကန်ဥပဒေက ဒေါ်နယ်ထရန့်နဲ့ သူ့ကို တွေ့ဆုံဖို့ တားမြစ်ထားတယ်လို့ဆိုပါတယ်။ “ အခု အိမ်ဖြူတော်မှာ ဦးဆောင်မယ့်အဖွဲ့ကြောင့် ယူကရိန်းစစ်ပွဲဟာ မြန်မြန်အဆုံးသတ်တော့မှာပါ”

ဒါပေမယ့်လည်း ရုရှားသမ္မတပူတင်က ငြိမ်းချမ်းရေးဆွေးနွေးချက်ကို စိတ်မဝင်စားဘူးပြောင်းနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေမှသာ မော်စကိုအစိုးရအနေနဲ့ ဆွေးနွေးဖွယ်ရှိကြောင်း ဇယ်လင်စကီးက ထောက်ပြခဲ့ပါတယ်။

ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မော်စကိုသံအမတ်ကြီးကတော့ စစ်ပွဲဆုံးသတ်ရေးဆွေးနွေးမှုတွေစတင်ဖို့ ဒေါ်နယ်ထရန့်ကသာ ဝင်ရောက်စေ့စပ်ပေးမယ်ဆိုရင် ဖြစ်လာနိုင်ကြောင်းနဲ့ မြေပြင်ပေါ်က ဖြစ်ရပ်မှန်တွေကို အသိအမှတ်ပြုရမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

လက်ရှိမှာ ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုကို ယူကရိန်းအနေနဲ့ ပေးအပ်ရမယ်လို့ မော်စကိုအစိုးရက တောင်းဆိုထားပါတယ်။ ယူကရိန်းသမ္မတဇယ်လင်စကီးကတော့ 2022 ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ထွက်သွားသည့်တိုင် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးဘူးလို့ အကြိမ်ကြိမ်ပြောဆိုထားပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော်အဖြစ် စီမံကိန်းသည် ‘ချွေးတပ်စခန်း ‘ ဖြစ်လာမည်ဟု အစ္စရေးခေါင်းဆောင်ဟောင်းက ပြောကြား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 26 Views
CNN – ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ရက် ဂျေရုဆလင် CNN — ပါလက်စတိုင်းထောင်ပေါင်းများစွာကို ထားရှိရန် ရည်ရွယ်ထားသည့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “မြို့” ဆိုသည်မှာ “ချွေးတပ်စခန်း”တခု ဖြစ်လာမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်သည် ယူကရိန်းသို့ လက်နက်များ ပေးပို့မည့် အစီအစဉ်သစ်ကို ကြေညာပြီး ရုရှားကို ငြိမ်းချမ်းရေးရယူရန် နောက်ဆုံးရက်အသစ်သတ်မှတ် ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 18 Views
CNN —ဇူလိုင် ၁၄၊ ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ရုရှားအား ဖိအားပေးရန် ရည်ရွယ်ထားသည့် အဆင့်နှစ်ဆင့်ဖြစ်သည့် ကိယက်ဗ်မြို့သို့ လက်နက် အသစ်များ ဖြန့်ကျက်ခြင်းနှင့် ရက်ပေါင်း ၅၀ အတွင်း ငြိမ်းချမ်းရေးမရပါက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 43 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

စုတ်ပြတ်သတ်နေသော်လည်း ဦးကျိုးမသွားဘဲ ဟားမတ်စ်သည် ပျောက်ကျားနည်းဗျူဟာများကို အသုံးပြုပြီး သတ်ဖြတ်နိုင်သည့် အင်အားရှိနေဆဲဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် အသေအပျောက်ရှိသော အံ့အားသင့်ဖွယ် တိုက်ခိုက်မှုသည် ၎င်း၏တည်ရှိသည့်နေရာနှင့်အတူ တုန်လှုပ်ဖွယ်ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ တနင်္လာနေ့ညတွင် အစ္စရေးစစ်သားတစ်စုသည် နယ်စပ်စည်းရိုးမှ တစ်မိုင်ခန့်အကွာတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ အသုံးပြုသော လမ်းကြောင်းအတိုင်းဖြတ်၍
နိုင်ငံတကာသတင်း အမေရိကန်

လုံလောက်သော အကြောင်းပြချက်မရှိဘဲ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ထရန့် အစိုးရအား တရားသူကြီးက အမိန့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 28 Views
CNN -၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက် အမိမြေလုံခြုံရေးဌာနသည် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ဖြစ်နိုင်ဖွယ်အကြောင်းမရှိဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ဖက်ဒရယ် အောက်ရုံး တရားသူကြီးတစ်ဦးက သောကြာနေ့တွင် တွေ့ရှိခဲ့ပြီး လူတစ်ဦးချင်းစီကို လူမျိုး၊ စကားပြောဘာသာစကား သို့မဟုတ်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 48 Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ