နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ ဥရောပ

နေတိုးပုံစံ ကာကွယ်ရေးသဘောတူစာချုပ်နှင့် ပုံရိပ်မြှင့်တင်ခြင်းနှင့်အတူ မြောက်ကိုရီးယားခရီးစဉ်မှ ပူတင် ဘာတွေရရှိခဲ့ပါသလဲ။

CNN သတင်း။

ဇွန်လ (၂၀) ရက်။

ရာစုနှစ်၏ လေးပုံတစ်ပုံနီးပါးအတွင်း ဗလာဒီမီယာပူတင်၏ ပထမဆုံးမြောက်ကိုရီးယားခရီးစဉ်ကို ကမ္ဘာတဝှမ်းမှ အလေးထား စောင့်ကြည့်ခဲ့ကြသည်။ အနောက်တိုင်းက သူ့ကိုစောင့်ကြည့်နေသည်ကို ရုရှားက သိနေပြီး ပူတင်သည် အလေးထားပုံ မရှိပါ။ ပူတင်သည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသောကြောင့် ကမ္ဘာအနှံ့အပြားတွင် ဖမ်းဆီးခံရမည့် အန္တရာယ်ရှိသည်။

သို့သော် ဗုဒ္ဓဟူးနေ့တွင် အထီးကျန်ဆန်နေသော ရုရှားသမ္မတကို ပြုံယမ်းတွင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကို ပြုလုပ်ခဲ့သည်။ ကင်မ်အီဆွန်းရင်ပြင်၏ တစ်ဖက်တစ်ချက်စီတွင် ပူတင်၏ ဧရာမရုပ်ပုံလွှာကို ကလေးများက ဝှေ့ယမ်းပြီး ရုရှားအလံများကို ဝှေ့ယမ်းနေကြစဉ် ရုရှားနိုင်ငံပိုင်မီဒီယာတွင် ထုတ်လွှင့်နေသည့် ဗီဒီယိုဖိုင်တွင် ကရင်မလင်ခေါင်းဆောင်ကြီး၏ ပိုစတာများကို လမ်းမများပေါ်တွင် တန်းစီချိတ်ဆွဲထားခဲ့သည်။

ဤခရီးစဉ်မှ ပူတင်သည် တဖက်တွင် အထီးကျန်နေသော်လည်း ၎င်းတွင် ထောက်ခံသူရှိကြောင်းနှင့် တန်ဖိုးထားဆဲဖြစ်ကြောင်း ကမ္ဘာကို ပြသသည့် အချက်ပြမှုလည်း ဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယားတွင် တရုတ်နဲ့မတူဘဲ၊ သူ့ကို အငယ်တန်း လုပ်ဖော်ကိုင်ဖက်ကဲ့သို့ သဘောမထားဘဲ ခေါင်းဆောင်ကြီးတဦးကဲ့သို့ ဂုဏ်ပြုခဲ့သည်။

ခေါင်းဆောင်နှစ်ဦး၏ နှုတ်ထွက်စကားများသာမက ၎င်းတို့ချုပ်ဆိုခဲ့သော “ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုစာချုပ်” ဟု ခေါ်တွင်စေကာမူ ပူတင်က ခေါ်ဆိုခဲ့သော “အမေရိကန်၏ နယ်ချဲ့ဝါဒနှင့် ၎င်း၏ လက်အောက်ခံများ” ကို ဆန့်ကျင်ရန် စုစည်းမှုတခုအဖြစ် သံသယဖြစ်စရာ မလိုပေ။ ” အဆိုပါ သဘောတူညီချက်တွင် ပူတင်၏အဆိုအရ “ ဤသဘောတူညီချက်ပါဝင်သည့်အုပ်စုများကို ရန်စလာသောအခါတွင် အပြန်အလှန် အကူအညီပေးရန်အတွက် နေတိုး၏ အပိုဒ် (၅) နှင့်ဆင်တူသောအပိုဒ် ပါရှိသည်” ကို တွေ့ရပါသည်။

ယူကရိန်းသို့ F-16 တိုက်လေယာဉ်များနှင့် အခြားလက်နက်များ ပေးအပ်ခြင်းဖြင့် အနောက်နိုင်ငံများက ၎င်း၏ နိုင်ငံတကာတာဝန်များကို ချိုးဖောက်သည်ဟု ပူတင်က စွပ်စွဲခဲ့ပြီး “ရုရှားသည် စာရွက်စာတမ်းနှင့်အညီ မြောက်ကိုရီးယားနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုကို ပယ်ချခြင်း မရှိကြောင်း” ပြောကြားခဲ့ပြီး လက်မှတ်ရေးထိုးခဲ့ပါသည်။

တနည်းဆိုရသော် ၎င်းတို့နှစ်ဦးသည် အိမ်နီးချင်းများနှင့် အနောက်နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းထန်လာချိန်တွင် အချင်းချင်း စစ်ရေးအရ ကူညီမည်ဟု ကတိပြုလိုက်ခြင်းပင် ဖြစ်သည်။ ထိုလုပ်ဆောင်မှုအတွက် အဓိက မေးခွန်းများ ထွက်ပေါ်လာသည်။

အကယ်၍ ယင်းသည် ကာကွယ်ရေးသဘောတူ စာချုပ်ဖြစ်ပါက၊ ရုရှား၏ နျူကလီးယား လက်နက်အဟန့်အတား သဘောတူညီထားချက်သည် ယခု မြောက်ကိုရီးယားနှင့် အပြန်အလှန် အကျိုးသက်ရောက်မှု ရှိပါသလား။ အဆိုပါ “ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု” တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်းနှင့် ၎င်းတို့၏ နယ်နိမိတ်ကို ကာကွယ်ရန် ပူးပေါင်းတပ်ဖွဲ့များ ထူထောင်ခြင်းတို့ ပါဝင်မည်လား။ နောင်တွင် မည်သူက ဤစာချုပ်တွင် ပါဝင်နိုင်မည်နည်း။ ပူတင်ရော ကင်မ်ရော တိကျသေချာသည့် အသေးစိတ် အချက်အလက်များကို မပေးခဲ့ပါ။

“ တစ်နည်းအားဖြင့် ဒါက မကြာသေးမီက လတွေနဲ့ နှစ်တွေအတွင်းမှာ သူတို့တည်ဆောက်ပြီးသားအရာတွေကို ပုံဖော်နေပါတယ်” ဟု ကိုရီးယားကာကွယ်ရေးသုတေသန အင်စတီကျု့ (Korea Institute for Defense Analyses) မှ တွဲဖက်သုတေသီဂျိဘီးယွန် (Jo Bee-yun) က ပြောကြားခဲ့သည်။ “ ဒါပေမယ့် သေချာတာကတော့ ဒီစာပိုဒ်ဟာ အရမ်းကြောက်စရာကောင်းတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။” ဟု သူက ပြောခဲ့ပါသည်။

“ ကနဦးအဆင့်မှာဆိုတော့ ဘယ်လိုအရာတွေ ထွက်ပေါ်မလဲပေါ် မူတည်ပြီး ငါ့အနေနဲ့ သူတို့နေရာမှဆိုရင် သူတို့လိုအပ်သလို စာပိုဒ်ကို အဓိပ္ပာယ်ပြန်ဆိုပြီးအသုံးပြုကြမှာ ဖြစ်တယ်။” “စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု” သည် မြောက်ကိုရီးယားစက်ရုံများမှ ယူကရိန်းရှေ့တန်းသို့ ရောက်ရှိလာသည့် ကျည်များနှင့် ဒုံးကျည်များ ပိုမိုများပြားလာနိုင်ကြောင်း စိုးရိမ်မှုတစ်ခုကို ဖြစ်စေသည်။

မော်စကိုနှင့် ပြုံယမ်းတို့ နှစ်ဖက်စလုံးက ယင်းကိစ္စရပ်ကို ငြင်းဆိုထားသော်လည်း ရုရှားသည် တစ်ချိန်က ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျောထောက်နောက်ခံပြုပြီး မြောက်ကိုရီးယားမှ လက်နက်တင်ပို့ခြင်းကို ပြတ်သားစွာ တားဆီးထားသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုကို “နိုင်ငံရေးအရ ပိတ်ပင်သောလုပ်ဆောင်ခြင်းအဖြစ်” ရှုံ့ချရန် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်။

မတ်လအတွင်းက ရုရှားသည် မြောက်ကိုရီးယား၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်မှုရှိမရှိ စောင့်ကြည့်သည့်အဖွဲ့၏ လုပ်ပိုင်ခွင့်ကို ဗီတိုအာဏာသုံးပယ်ချ၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ၎င်း၏အာဏာကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ ရုရှားနိုင်ငံပိုင်မီဒီယာသည် အနောက်နိုင်ငံများကို ထိုးဆွတိုက်ခိုက်ရန် အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။ “ပူတင်၏ မြောက်ကိုရီးယားခရီးစဉ်နှင့်ပတ်သက်၍ အလွန်စိုးရိမ်နေမှုကို အနောက်နိုင်ငံများက ဝန်ခံထားသည်” ဟု နိုင်ငံပိုင်နေ့စဉ်သတင်းစာ Moskovsky Komsomolets တွင် အင်္ဂါနေ့က ခေါင်းစီးတွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ရဲ့ အိမ်နီးချင်း (မြောက်ကိုရီးယား) နဲ့ စကားပြောတာကို အမေရိကန်တွေအနေနဲ့ ဘယ်လိုများ ထူးခြားနေလို့လဲ၊ ဘာကြောင့် ဒီလောက် စိတ်မသက်မသာဖြစ်နေရတာလဲ” ဟု ကရင်မလင် ထိပ်တန်း ဝါဒဖြန့်သူ ဗလာဒီမာဆိုလိုဗီယက်ဗ်က ဆိုသည်။ ၎င်း၏ အင်္ဂါနေ့ည ဟောပြောပွဲတွင် “ကျွန်တော်တို့ တတိယကမ္ဘာစစ်ကြီးထဲသို့ရောက်ရှိနေပြီ” ဟု ပြောဆိုခဲ့သည်။

ယင်းမှတ်ချက်သည် မော်စကို၏ မဟာဗျူဟာကျသော အခြားအစိတ်အပိုင်းတစ်ခုအား ပြောကောင်းပြောနိုင်သည်။ ယခုအခါ ရုရှားသည် ၎င်း၏ ကိုယ်ပိုင်နျူကလီးယားဖြင့် ချိမ်းခြောက်မှုသည် အနောက်နိုင်ငံများမှ ယူကရိန်းအား အကူအညီများ တိုးမြှင့်လာခြင်းကို တားဆီးရန် လုံလောက်မှု မရှိတော့ကြောင်း ရုရှားက တွက်ချက်ခဲ့သည်။

ကင်ဂျုံအန်းနှင့် ပူတင်တို့တွေ့ဆုံမှုနှင့် ဤ “အောင်မြင်သော” သဘောတူညီချက်သည် ယူကရိန်းသို့ အမေရိကန်လက်နက်များပို့ဆောင်ရန် နှစ်ရှည်လများ စောင့်စားနေခဲ့ရပြီးမှ ရုရှားကို တိုက်ခိုက်ရန်အတွက် ကန့်သတ်ချက်အချို့ကို ရုတ်သိမ်းပေးလိုက်ပြီးနောက် ယူကရိန်းသို့ လက်နက်များ စတင်စီးဆင်းလာချိန်နှင့် တစ်ချိန်တည်း ဖြစ်လာခဲ့သည်။ ရုရှားသည် ယူကရိန်းကို မောပန်းနွမ်းနယ်လာပြီး လက်နက်ချရန် မိမိဗျူဟာကို ဆက်လက်ကိုင်စွဲထားရန် လက်နက်များ လိုအပ်သည်။

ထိုအချက်သည် ရုရှားက ရှင်းလင်းစွာ နျူကလီးယား လက်နက်ထုတ်လုပ်မှုကို ချဲ့ထွင်ရန် ၎င်း၏ ခန့်မှန်း၍ မရသည့် အိမ်နီးချင်းကို ထောက်ပံ့မှု သို့မဟုတ် နည်းပညာ ပေးအပ်မှုသည် ရုရှားအတွက် ဗျုဟာအရ အကျိုးအမြတ် ရှိချင်မှ ရှိမည်ဖြစ်သော်လည်း ထိုသို့စွန့်စား လုပ်ဆောင်မှုသည် တရုတ်ကို စိတ်ပျက်စေမည့် အန္တရာယ်ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အနောက်အုပ်စုကို သူတကယ်လုပ်မည်ဟု ယုံကြည်စေလိုသည့် သဘောလည်း ဖြစ်နိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 16 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “