နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အင်တာနက်ပေါ်တွင် ပေါက်ကြား

အောက်တိုဘာလ (၂၀) ရက်။

အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အင်တာနက်ပေါ်တွင် ပေါက်ကြားခဲ့ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဤကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိသူသုံးဦးက ပြောဆိုထားပါသည်။

တစ်ဦးမှ အချက်အလက်များ၏ စစ်မှန်ကြောင်း အတည်ပြုခဲ့သည်။ CNN နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန်အရာရှိတစ်ဦးက “ အလွန်အမင်းစိုးရိမ်ဖွယ်” ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်သတင်းဝက်ဆိုက် Axios သည် ဤသတင်းပေါက်ကြားမှုကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပထမဆုံး ဖော်ပြခဲ့သည်။

အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်စွဲပါ “ အရှေ့အလယ်ပိုင်း စောင့်ကြည့်လေ့လာသူ” ဟု အမည်ပေးထားသည့် တယ်လီဂရမ် အကောင့်တစ်ခုမှ စာရွက်စာတမ်းနှစ်ခု ပေါက်ကြားခဲ့ပြီး ၎င်းတို့ကို အောက်တိုဘာလ ၁၈ ရက်နေ့၌ တင်ခဲ့သည်။

စာတမ်းကို “ ထိပ်တန်းလျှို့ဝှက်ချက်” အဖြစ် အမှတ်အသားပြုထားပြီး၊ ဆိုလိုသည်မှာ ၎င်းကို “ မျက်လုံးငါးလုံး” အတွင်းသာ ထုတ်ဖော်နိုင်သည်ဟု သိရှိရပြီး ထိုမျက်လုံးငါးလုံးမှာ အင်္ဂလိပ်စကားပြောနိုင်ငံငါးနိုင်ငံဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ တို့ကို ဆိုလိုသည်။

အီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုအတွက် အစ္စရေး၏ ပြင်ဆင်မှုများကို ဖော်ပြသည်။

စာရွက်စာတမ်းတစ်ခုအား ပင်တဂွန်၏ “ အမျိုးသားဘူမိဗေဒ-လေကြောင်းထောက်လှမ်းရေးဌာန (National Geospatial-Intelligence Agency)” မှ ပြုစုထားပြီး အစ္စရေးသည် လက်နက်များနှင့် ခဲယမ်းမီးကျောက်များကို ရွှေ့ပြောင်းနေကြောင်း ဖော်ပြထားသည်။

အခြားသတင်းရင်းမြစ်က အမျိုးသားလုံခြုံရေးအေဂျင်စီဟု ဆိုကြပြီး အစ္စရေးစစ်တပ်က ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များကို အသုံးပြုကာ စစ်ရေးလေ့ကျင့်မှု၏ အကြမ်းဖျင်းအချက်များ ပါရှိသည်။

အကယ်၍ ဤအချက်အလက်များ ပေါက်ကြားပါက ကာကွယ်ရေးဌာနနှင့် ထောက်လှမ်းရေးအေဂျင်စီများနှင့်အတူ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည် စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ရန် စီစဉ်ထားသော်လည်း FBI မှ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

စာရွက်စာတမ်းများအနက်မှ တစ်ခုမှာ အစ္စရေးသည် အီရန်ကို နျူကလီးယားလက်နက် အသုံးပြုရန် အစီအစဉ်ရှိကြောင်း အရိပ်အမြွက် ဖော်ပြထားသည်။ အစ္စရေးသည် နျူလက်နက်ပိုင်ဆိုင်သည်ဟု ဖော်ပြထားသော်လည်း နျူလက်နက်ပိုင်ဆိုင်ကြောင်း တရားဝင်အသိအမှတ် မပြုခဲ့ပေ။

ပေါက်ကြားမှုသည် အမှန်ဖြစ်ပါက အစ္စရေး၏ တုံ့ပြန်မှုကို မလွဲမသွေ ပြုလုပ်မည်ဟု ကျွမ်းကျင်သူများက ထောက်ပြသည်။ အဆိုပါ အချက်အလက်သည် ဟက်ကာတစ်ဦးက ဖောက်ယူခဲ့သလား သို့မဟုတ် တစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားခဲ့သလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

Photo: Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်