နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အင်တာနက်ပေါ်တွင် ပေါက်ကြား

အောက်တိုဘာလ (၂၀) ရက်။

အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အင်တာနက်ပေါ်တွင် ပေါက်ကြားခဲ့ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဤကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိသူသုံးဦးက ပြောဆိုထားပါသည်။

တစ်ဦးမှ အချက်အလက်များ၏ စစ်မှန်ကြောင်း အတည်ပြုခဲ့သည်။ CNN နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန်အရာရှိတစ်ဦးက “ အလွန်အမင်းစိုးရိမ်ဖွယ်” ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်သတင်းဝက်ဆိုက် Axios သည် ဤသတင်းပေါက်ကြားမှုကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပထမဆုံး ဖော်ပြခဲ့သည်။

အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်စွဲပါ “ အရှေ့အလယ်ပိုင်း စောင့်ကြည့်လေ့လာသူ” ဟု အမည်ပေးထားသည့် တယ်လီဂရမ် အကောင့်တစ်ခုမှ စာရွက်စာတမ်းနှစ်ခု ပေါက်ကြားခဲ့ပြီး ၎င်းတို့ကို အောက်တိုဘာလ ၁၈ ရက်နေ့၌ တင်ခဲ့သည်။

စာတမ်းကို “ ထိပ်တန်းလျှို့ဝှက်ချက်” အဖြစ် အမှတ်အသားပြုထားပြီး၊ ဆိုလိုသည်မှာ ၎င်းကို “ မျက်လုံးငါးလုံး” အတွင်းသာ ထုတ်ဖော်နိုင်သည်ဟု သိရှိရပြီး ထိုမျက်လုံးငါးလုံးမှာ အင်္ဂလိပ်စကားပြောနိုင်ငံငါးနိုင်ငံဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ တို့ကို ဆိုလိုသည်။

အီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုအတွက် အစ္စရေး၏ ပြင်ဆင်မှုများကို ဖော်ပြသည်။

စာရွက်စာတမ်းတစ်ခုအား ပင်တဂွန်၏ “ အမျိုးသားဘူမိဗေဒ-လေကြောင်းထောက်လှမ်းရေးဌာန (National Geospatial-Intelligence Agency)” မှ ပြုစုထားပြီး အစ္စရေးသည် လက်နက်များနှင့် ခဲယမ်းမီးကျောက်များကို ရွှေ့ပြောင်းနေကြောင်း ဖော်ပြထားသည်။

အခြားသတင်းရင်းမြစ်က အမျိုးသားလုံခြုံရေးအေဂျင်စီဟု ဆိုကြပြီး အစ္စရေးစစ်တပ်က ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များကို အသုံးပြုကာ စစ်ရေးလေ့ကျင့်မှု၏ အကြမ်းဖျင်းအချက်များ ပါရှိသည်။

အကယ်၍ ဤအချက်အလက်များ ပေါက်ကြားပါက ကာကွယ်ရေးဌာနနှင့် ထောက်လှမ်းရေးအေဂျင်စီများနှင့်အတူ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည် စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ရန် စီစဉ်ထားသော်လည်း FBI မှ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

စာရွက်စာတမ်းများအနက်မှ တစ်ခုမှာ အစ္စရေးသည် အီရန်ကို နျူကလီးယားလက်နက် အသုံးပြုရန် အစီအစဉ်ရှိကြောင်း အရိပ်အမြွက် ဖော်ပြထားသည်။ အစ္စရေးသည် နျူလက်နက်ပိုင်ဆိုင်သည်ဟု ဖော်ပြထားသော်လည်း နျူလက်နက်ပိုင်ဆိုင်ကြောင်း တရားဝင်အသိအမှတ် မပြုခဲ့ပေ။

ပေါက်ကြားမှုသည် အမှန်ဖြစ်ပါက အစ္စရေး၏ တုံ့ပြန်မှုကို မလွဲမသွေ ပြုလုပ်မည်ဟု ကျွမ်းကျင်သူများက ထောက်ပြသည်။ အဆိုပါ အချက်အလက်သည် ဟက်ကာတစ်ဦးက ဖောက်ယူခဲ့သလား သို့မဟုတ် တစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားခဲ့သလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

Photo: Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 33 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ