နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဘက်ခေါင်းဆောင်တွေက ဒုတိယသမ္မတသက်တမ်းရာထူးရဖို့ သူ့ကြိုးစားနေမှုအပေါ် သတိပေးသံတွေ ထွက်ပေါ်လာ

ရွေးကောက်ပွဲနေ့တွင် အမေရိကန်ပြည်ထောင်စု၏ “အတွင်းရန်သူ” ကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်စစ်တပ်ကို အသုံးပြုသင့်သည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အကြံပြုချက်သည် သူ့အနေနှင့် ဒုတိယအကြိမ် သမ္မတအဖြစ် ရွေးချယ်ခံရပါက ကာကွယ်ရေးဦးစီးချုပ်အဖြစ် အမေရိကန်တပ်များကို မည်သို့ကိုင်တွယ်မည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ထို့အပြင် ဤသတိပေးချက်သည် ထရန့်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အကြီးတန်းစစ်ခေါင်းဆောင်များထံမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဘော့ဝုဒ်ဝါ့ဒ် (Bob Woodward) ရေးသားသော “စစ်ပွဲ” ဆိုသည့် စာအုပ်သစ်ထဲတွင် ပူးတွဲစစ်ဦးစီးချုပ်များ၏ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီ (Mark Milley) က သမ္မတဟောင်းသည် “ဤနိုင်ငံအတွက် အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အတွင်းစိတ်၌ ဖက်ဆစ်စိတ်ရှိသူတစ်ယောက် ဖြစ်သည်” ဟု ဆိုခဲ့သည်။

ကြာသပတေးနေ့တွင် The Bulwark ပေါ့တ်ကာစ်တွင် ဘော့ဝုဒ်ဝါ့ဒ်က ထရန့် ၏ကာကွယ်ရေး အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သေ ာဗိုလ်ချုပ်ဂျင်မ် မက်တစ် ( Jim Mattis) မှ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီမှ ဘော့ဝုဒ်ဝါ့ဒ် ထံပေးပို့သော အကဲဖြတ်ချက်ကို သူ့အနေနှင့် သဘောတူကြောင်း အီးမေးလ်ပေးပို့ခဲ့သည်ဟု ဘော့ဝုဒ်ဝါ့ဒ်က ပြောကြားခဲ့သည်။ ပေါ့တ်ကာစ်တွင် ဘော့ဝုဒ်ဝါ့ဒ်မှ ထရန့်နှင့်ပတ်သက်သော မက်တစ်၏ အီးမေးလ်ကို ဖော်ပြ၍ တွန်းအားပေးခြင်းသည် “ ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်အတွက် ကျွန်ုပ်တို့သည် ထိုခြိမ်းခြောက်မှုကို လျစ်လျူရှုမထားသင့်” ဟု ဆိုထားသည်။

ထရန့်သည် ဒုတိယကမ္ဘာစစ်က ဗိုလ်ချုပ်ကြီး ‌ဂျော့ပက်တန် (George Patton) နှင့် ဒေါက်ဂလပ်စ်မက်အာသာ (Douglas MacArthur) တို့ကို သူ့အိုင်ဒေါလ်များအနေဖြင့် ကလေးဆန်ဆန် စွဲလမ်းခဲ့သည်မှာ ကြာပါပြီ။

ထိုသို့ စွဲလမ်းနေသော်လည်း ထရန့်သည် ဗီယက်နမ်စစ်ပွဲတွင် စစ်မှုထမ်းခြင်းကို အကြိမ်များစွာ ရှောင်ရှားရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့သည်။

ဆယ်ကျော်သက်အရွယ်တွင် သူသည် နယူးယောက်ရှိ စစ်ပုံစံဘော်ဒါကျောင်းတွင် တက်ရောက်ရန် စဥ်းစားခဲ့ဖူးသည်။

သူသမ္မတဖြစ်လာသောအခါ ထရန့်သည် သူ၏အစိုးရအဖွဲ့တွင် အကြီးတန်းဗိုလ်ချုပ်မျာကို ခန့်အပ်တာ၀န်ပေးခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်ကို ဦးဆောင်ရန် အငြိမ်းစားကြယ်လေးပွင့် ဗိုလ်ချုပ် မက်တစ်ကို ခန့်အပ်ခဲ့သည်။ ထရန့်၏ ဦးစီးချုပ် ဂျွန်ကယ်လီသည်လည်း ကြယ်လေးပွင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးတဦးဖြစ်ပြီး ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေးနှစ်ဦးမှာ ကြယ်သုံးပွင့် ဗိုလ်ချုပ်ကြီး မိုက်ကယ်ဖင်း (Michael Flynn) နှင့် အိပ်ချအာ မက်မာစတာ (H.R. McMaster) တို့ ဖြစ်သည်။

ထရန့်သည် စစ်တပ်၏ ခမ်းနားထည်ဝါမှုနှင့် အခမ်းအနားများအား နှစ်သက်ပြီး ဝါရှင်တန်ဒီစီတွင် ကြီးမားသော ကရင်မလင်ပုံစံ ချီတက်ပွဲဖြစ်လာရန်အတွက် စည်းရုံးလှုံ့ဆော်ခဲ့သည်။ သို့ရာတွင် ချီတက်ပွဲကတော့ ဘယ်တော့မှ ဖြစ်မလာခဲ့ပါ။

ထရန့်သည် စစ်တပ်နှင့် ဆက်ဆံရေးကောင်းနေသော်လည်း အကြီးတန်း အငြိမ်းစားဗိုလ်ချုပ်များနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများက သူ့ကို ပြန်မချစ်ကြပေ။ အချို့က သမ္မတဟောင်းသည် “အတွင်းရန်သူ” စစ်စစ် ဖြစ်သည်ဟု ထင်မြင်ကြပုံရသည်။

လွန်ခဲ့သောလေးနှစ်ခန့်က ပြန်ပြောင်းတွေးကြည့်လျှင် မက်တစ်သည် “ ဒေါ်နယ်ထရန့်ဟာ အမေရိကန်ပြည်သူများကို ညီညွတ်ရန် စည်းလုံးရန် မကြိုးစားဘဲ စည်းလုံးနေပါတယ်ဆိုတဲ့ ဟန်ဆောင်မှုတောင် မရှိတဲ့သူဖြစ်ပြီး ကျွန်တော်တို့ အချင်းချင်းကို ဖြိုခွဲဖို့ ကြိုးစားနေတဲ့ ကျွန်တော့်တစ်သက်တာမှာ ပထမဆုံးကြုံတွေ့ရတဲ့ သမ္မတဖြစ်ကြောင်း” အတ္တလန်တစ် (The Atlantic) မဂ္ဂဇင်းကို ပြောခဲ့သည်။

အလားတူပင် “ ထရန့်သည် ကျွန်ုပ်တို့၏ ဒီမိုကရေစီအင်စတီကျူးရှင်းများ ကျွန်ုပ်တို့၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုခြင်းမှတပါး အခြားမရှိသောပုဂ္ဂိုလ်” ဟု ယမန်နှစ် CNN ၏ သတင်းသမား ဂျိတ်တက်ပါ (Jake Tapper) သို့ ကယ်လီ (Kelly) က ပြောကြားခဲ့သည်။

မက်မာစတာ (McMaster) ၏ ကျွန်ုပ်တို့ အချင်းချင်း စစ်ဖြစ်နေချိန် (“ At War with Ourselves” ) စာအုပ်တွင် သူ ထရန့်အိမ်ဖြူတော်တွင် အလုပ်လုပ်နေစဉ်က အတွေ့အကြုံအရ မက်မာစတာသည် ထရန့်၏ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ထရန့်၏ “ အတ္တနှင့် ကိုယ့်ကိုကိုယ်ချစ်ခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုခံကာကွယ်ခြင်း” ဆိုသည့် သမ္မတတယောက်၏ အမြင့်ဆုံးတာဝန်ဖြစ်သည့် သစ္စာကတိကို ဖောက်ဖျက်ဖို့ တွန်းအားပေးခဲ့သည်” ဟု ရေးသားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အိုစမာဘင်လာဒင်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသော ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဦးစီးခဲ့သူ ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ်စတယ်က လွန်ခဲ့သည့် ၃ ပတ်က The New York Times တွင် “ထရန့်၏ စရိုက်လက္ခဏာကြောင့် ဒုသမ္မတ ကာမလာဟဲရစ်ကို မဲပေးခြင်းဖြစ်သည်” ဟု ပြောဆိုခဲ့သည်။ ” ၎င်း၏ ဧည့်သည်ဆောင်းပါးအခန်းကဏ္ဍတွင် မက်ခရစ်စတယ်က ထရန့်အပေါ် အကဲဖြတ်မှုကို မဖော်ပြခဲ့သော်လည်း ယခင်က မက်ခရစ်စတယ်က ထရန့်သည် “ အကျင့်ပျက်သူ” နှင့် “ မရိုးသားသူ” ဟု ဆိုခဲ့သည်။

ဘင်လာဒင်ရှင်းလင်းရေး၏ စစ်ဆင်ရေး၏ခေါင်းဆောင်မှာ စစ်ဦးစီး ဘီးလ်မာ့ရေဗင် (Adm. Bill McRaven) ဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်တွင် ထရန့်အကြောင်းကို Washington Post ၏ ဧည့်သည်ဆောင်းပါးအခန်းကဏ္ဍတွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။

“ သမ္မတ၏ အတ္တနှင့် ကိုယ့်ရာထူးနေရာမှ မဖယ်ရရေးအတွက် ကြိုးစားခြင်းသည် အမျိုးသားလုံခြုံရေးထက် ပိုမိုအရေးကြီးသောအခါ ထိုမကောင်းဆိုးဝါးမှုကို အောင်ပွဲမရစေရန်အတွက် ရပ်တန့်ရန်မှတပါး အခြားမရှိတော့ပါ”

၂၀၂၀ ခုနှစ် ဇွန်လအစောပိုင်းတွင်၊ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌဖြစ်သော ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန် (Mike Mullen) က The Atlantic သတင်းတွင် ရေးသားရာတွင် မကြာသေးမီက ဂျော့ဖလွိုက် (George Floyd) ကို ရဲများနှိပ်စက်မှုကြောင့်သေဆုံးခဲ့ရသည့် မကြာသေးမီက လူသတ်မှုကို အိမ်ဖြူတော်တဝိုက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အတင်းအဓမ္မ ကြမ်းတမ်းစွာ ဖယ်ရှားခဲ့သည်ကို တွေ့မြင်ရသည့်အတွက် စက်ဆုတ်မိကြောင်း ရေးသားခဲ့သည်။

အမေရိကန်သမ္မတတစ်ဦးကို အကြီးတန်းအရာရှိများစွာက ပြစ်တင်ရှုံချသိက္ခာချခံရသည့်အဖြစ်သည် အလွန်ဖြစ်ခဲပါသည်။

ထရန့်သည် ဗိုလ်ချုပ်များကြားတွင် သူ့အား ထောက်ခံသည့် ဗိုလ်ချုပ်အချို့လည်း ရှိနေပါသည်။

ထရန့် သမတတာဝန် ထမ်းဆောင်နေစဉ်အတွင်း၊ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ New America က အငြိမ်းစားယူပြီး တာဝန်ထမ်းဆောင်နေသော စစ်ဗိုလ်ချုပ်အရာရှိများက ထရန့် နှင့်ပတ်သက်ပြီး ဆန့်ကျင်သည့် လူထုထုတ်ပြန်ချက်များကို ပြုစုခဲ့ပါသည်။

အရာရှိ ၂၅၅ ဦးသည် ထရန့်ကို ပြစ်တင်ဝေဖန်နေကြပြီး ၅၄ ဦးမှာ ထရန့် အုပ်ချုပ်ရေးကို ထောက်ခံနေချိန်တွင် ဆန့်ကျင်သူက ငါးဆပိုများကြောင်း ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထရန့်၏ပရိသတ်များထဲမှတစ်ဦးမှာ ဒုသမ္မတ မိုက်ပန့်၏ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိ့ကလော့ဂ် (Keith Kellogg) ဖြစ်သည်။

ဝုဒ်ဝ့ါဒ်၏ယခုနှစ်အစောပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု နှင့်ထရန့်တို့ “လျှို့ဝှက်စွာတွေ့ဆုံခြင်း” စာအုပ်အသစ်တွင် ကလော့ဂ်အကြောင်းပေါ်လာသည်။ ခရီးစဉ်အပြီးတွင် ကလော့ဂ်က ထရန့် ကို “ သူတို့က အပစ်အခတ်ရပ်စဲရေးကို အတူလုပ်မှာ မဟုတ်ဘူး” ဟု‌ ပြောခဲ့သည်။

ကလော့ဂ်သည် ထရန့်၏သမ္မတသက်တမ်းအတွင်း ထရန့်၏ အိမ်ဖြူတော်ရှိအကြီးတမ်းအကြံပေးအနည်းငယ်ထဲမှတစ်ဦးဖြစ်ပြီး ထရန့်၏ရာထူးသက်တမ်းအတွင်း နှုတ်ထွက်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း မခံခဲ့ရသူဖြစ်သည်။ ထရန့်အပေါ် နှစ်ရှည်လများ သစ္စာစောင့်သိမှုကြောင့် ကလော့ဂ်သည် နိုဝင်ဘာလတွင် ထရန့် အနိုင်ရပါက အကြီးတန်းရာထူးသို့ ပြန်လည်ရောက်ရှိဖွယ်ရှိသည်။

အကယ်၍ ထရန့်သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက ဇန်နဝါရီ ၂၀ ရက်အထိ စစ်ဦးစီးချုပ်ဖြစ်မည် မဟုတ်သောကြောင့် Fox News သို့ အကြံပြုထားသည့်အတိုင်း ရွေးကောက်ပွဲနေ့တွင် အမေရိကန်စစ်တပ်အား မည်သည့်အရာကိုမှ လုပ်ဆောင်ရန် အမိန့်ပေးနိုင်မည် မဟုတ်ပေ။

သို့သော် ထရန့် သည် အိမ်ဖြူတော်အား အပြိုင်အဆိုင် ရရှိရန်ကြိုးစားနေသည့် ခေါင်းပန်းလှန်နေသည့် အကြွေစေ့တစ်ခုဖြစ်သည်။ အကယ်၍ စစ်နေနာပတိချုပ်သမတအဖြစ် အနိုင်ရလာပါက သူ့အမိန့်ကိုလိုက်နာမည့် လိုက်လျောညီထွေမှုရှိသော ကာကွယ်ရေးဝန်ကြီးကို ခန့်ထားပြီး ပင်တဂွန်အား သူအလိုရှိသည့် မည်သည့်အချက်ကိုမဆို လုပ်ဆောင်ရန် အမိန့်ပေးနိုင်သည်။

သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အကြီးတန်းအရာရှိများက “ ဒါဟာ ပြဿနာ ဖြစ်စေမယ့် အလားအလာ ဖြစ်တယ်” ဟု ပြောဆိုထားပါသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 15 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 16 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)