နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ICC ဖမ်းဝရမ်းကို ကြောက်လန့်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု ဆို

++++++++++++++++++++++++++++++

ဒီဇင်ဘာလ (၂၀) ရက်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် (Auschwitz) လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိပါသည်။

ပိုလန်သတင်းဌာန Rzeczpospolita က အစ္စရေးတာဝန်ရှိသူများသည် နေတန်ယာဟု၏တက်ရောက်မှုနှင့် ပတ်သက်၍ ၎င်းတို့၏ပိုလန်နိုင်ငံသားများထံ ဆက်သွယ်ခြင်းမရှိသေးကြောင်း ဖော်ပြခဲ့သည်။ နေတန်ယာဟုအား အောက်တိုဘာ ၇ ရက်ကတည်းက ကျူးလွန်ခဲ့သည့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများ” အတွက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းနှင့် ဆက်စပ်မှုရှိကြောင်း ဝါဆောက ပြောဆိုထားသည်။

နေတန်ယာဟုနှင့် ၎င်း၏ကာကွယ်ရေးဝန်ကြီးဟောင်းတို့အား စစ်ရာဇ၀တ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ထားသော ICC ၏ စီရင်ထုံးများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပိုလန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပိုလန်နေ့စဉ်ထုတ်သတင်းစာတွင် ပြောကြားခဲ့သည်။

အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော (Isaac Herzog) သည်လည်း အဆိုပါပွဲကို တက်ရောက်ရန် အစီအစဉ်မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီများ၏ လူမျိုးတုံး သတ်ဖြတ်မှု ကပ်ဆိုးကြီးမှ လွတ်မြောက် လာခဲ့သူများကို ဆိုဗီယက်တပ်များက ကယ်တင်ခဲ့သည့် အခမ်းအနားကို ပိုလန်နိုင်ငံမှ သြဇဝစ် Auschwitz အကျဉ်းစခန်းဟောင်းတွင် ကျင်းပလေ့ရှိပါသည်။

ဤအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်များလည်း တက်ရောက်လေ့ရှိပါသည်။

၁၉၄၀ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း ဤသြဇဝစ်အကျဉ်းစခန်းတွင် ဂျူးလူမျိုး အကျဉ်းသား တသန်းကျော် သတ်ဖြတ်ခံခဲ့ရပြီး ဥရောပတခုလုံးတွင် ဂျူးလူမျိုး စုစုပေါင်း ၆ သန်း ခန့် အသတ်ခံခဲ့ရပါသည်။

သတင်းရင်းမြစ်။ Middle East Eye and Poland Media

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 35 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 37 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)