နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိတ်ခရိုင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ခေါင်းမာပေါ့ဆတာကြောင့် တော်လှန်ရေးရဲဘော်တွေ ကျဆုံးဒဏ်ရာရတာတွေရှိခဲ့

ဇန်နဝါရီလ (၂၂) ရက်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့က မဒေါင်ရွာအနီး တိုက်ပွဲမှာ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ ပုလော PDF ဒုတပ်ရင်းမှူးဖြစ်သူ ဦးကျော်ထင်အောင်ရဲ့ ခေါင်းမာပေါ့ဆခဲ့တာကြောင့် တော်လှန်ရေးရဲဘော် (၈) ဦးအထိကျဆုံးခဲ့တာတွေ ရှိခဲ့တယ်လို တပ်ရင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ မဒေါင်ရွာနားမှာဖြစ်တဲ့ တိုက်ပွဲမှာ စခတွေပိတ်နေတဲ့အချိန် ရဲဘော်တွေလည်း အင်အားမမျှဘဲ ကျည်ကုန်သွားတာ၊ အဲ့အချိန်ကထဲက ပြန်ဆုတ်ဖို ပြောတယ်။ ဒါပေမယ့် သူက ပြန်မဆုတ်ခဲ့ဘူး။ နောက်ထိပ်တိုက်တွေ့တဲ့အချိန်မှာလည်း ဗျူဟာအရ ဆုတ်ဖိုအမြဲပြောနေတာကို ပြန်မဆုတ်ဘဲနဲ့ ခေါင်းမာပြီး နားမထောင်ခဲ့ဘူး” လို့ ဆိုပါတယ်။

ဒုတပ်ရင်းမှူးတစ်ယောက်အနေနဲ့ အဓိကရှိရမယ့်လိုအပ်ချက်တွေဟာ စစ်ရေးအမြင်၊ အုပ်ချုပ်ရေးစွမ်းရည်နဲ့ မဟာမိတ်ဆက်ဆံရေးစွမ်းရည် ရှိရမှာဖြစ်ပြီး အခုတာဝန်ယူထားတဲ့ ဒုတပ်ရင်းမှူး ဦးကျော်ထင်အောင်ဟာ အဲ့ဒီစွမ်းရည်တွေမရှိဘူးလို့ ပြောဆိုနေကြတာပါ။

အခုလိုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဒုတပ်ရင်းမှူး ဦးကျော်ထင်အောင်ဟာ ပထမဆုံးအကြိမ် ဦးဆောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ခေါင်းမာပေါ့ဆတာတွေကြောင့် ပလောခရိုင်တပ်ရင်းက တော်လှန်ရေးရဲဘော် (၈) ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ PDF ရုပ်အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို စစ်ကောင်စီရဲ့တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ကလည်း ဒုတပ်ရင်းမှုး ကျော်ထင်အောင်က တပ်ရင်းထဲက ရဲဘော်ရောင်နီကို သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့တဲ့အတွက် ရဲဘော်ရောင်နီ ခေါင်းပေါက်သွားခဲ့ပြီး ဝင်ရောက် ဖြန်ဖြေခဲ့တဲ့ CDM ကျောင်းဆရာ စံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှုး ကျော်ထင်အောင်က ပါးရိုက်ခဲ့တယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ အရိုက်ခံခဲ့ရတဲ့ ရဲဘော်ရောင်နီဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ပိတ်မိနေတဲ့ ဒုတပ်ရင်းမှူး ဦးကျော်ထင်အောင်နဲ့အဖွဲ့ကို ကယ်ထုတ်ပေးခဲ့တဲ့ စနိူက်ပါရဲဘော်တစ်ဦးဖြစ်ပြီး သူကာပြီး ပစ်ပေးခဲ့တဲ့အတွက် ဒုတပ်ရင်းမှူး ဦးကျော်ထင်အောင် လွတ်လာတာ ဖြစ်တဲ့အတွက် အသက်ကယ်တင်ရှင် ဖြစ်တယ်လို့ အဲ့ဒီတပ်ရင်းထဲက ရဲဘော်တဦးက ပြောပါတယ်။

ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တပ်ရင်းရဲဘော်တွေဘက်ကလည်း NUG ထံ တိုင်ကြားတာတွေရှိခဲ့သလို ဦးကျော်ထင်အောင်ရဲ့ ခေါင်းမာပေါ့ဆတာကြောင့် ရဲဘော်တွေ ကျဆုံးခဲ့ရတာကို NUG ထံ တင်ပြထားတယ်လို သိရပါတယ်။

(ကျဆုံးရဲဘော်များရဲ့ဓာတ်ပုံတွေကို စစ်ကောင်စီမီဒီယာများမှ ရယူထားပါတယ်။ စိတ်​မချမ်း​မြေ့စရာ ဓာတ်ပုံတွေဖြစ်တယ်ဆိုတာကို အသိပေးလိုပါတယ်။ )

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 24 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 25 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 30 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 30 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏