နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားစစ်ပွဲဆီကို ဦးတည်တော့မှာလား?

နိုဝင်ဘာလ (၂၂) ရက်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ရုရှားက နျူကလီးယားအထိ ထည့်သွင်းနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲဟာ အရှိန်အဟုန်မြင့်လာခဲ့ပါတယ်။

အခုတိုက်ခိုက်မှုဟာ ရုရှားနှင့် အနောက်အုပ်စုကြား ပဋိပက္ခမှာ အန္တရာယ်ရှိတဲ့ အခိုက်အတန့်ကိုလည်း ဖော်ပြနေတာဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ အဲ့ဒီဒုံးကျည်ဟာ ထိပ်ဖူးများစွာထည့်သွင်းနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ ဒီဒုံးကျည်ကို အသုံးပြုမှုဟာ ဆယ်စုနှစ်များစွာ ဖြစ်ပွားလာခဲ့တဲ့ စစ်အေးကာလရဲ့ နျူလက်နက် အတားအဆီး အယူဝါဒကနေ ရှင်းရှင်းလင်းလင်း ထွက်ခွာသွားတာ ဖြစ်ပါတယ်။

Multiple Individually Guided Reentry Vehicles (MIRV) လို့ ခေါ်တဲ့ ထိပ်ဖူးများစွာပါတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ရန်သူကို တိုက်ခိုက်ရာတွင် ရုရှားဟာ ဘယ်တုန်းကမှ အသုံးမပြုဖူးဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

“ ကျွန်တော်သိသလောက်တော့ MIRV ကို တိုက်ခိုက်ရေးမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တာပါ” လို့ အမေရိကန် သိပ္ပံပညာရှင်များအဖွဲ့ချုပ်မှ Nuclear Intelligence Project ဒါရိုက်တာ Hans Christensen က ပြောကြားခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေဟာ ချိမ်းခြောက်မှုကို ကြံကြံခံနိုင်စေဖို့ အသုံးချတာဖြစ်ပြီး နျူကလီးယားခေတ်မှာ “ အပြန်အလှန် ခုခံခြင်းနဲ့ ဖျက်စီးခြင်းနှစ်မျိုးလုံး” ကို လုပ်ဆောင်နိုင်တာကို MAD (Mutual Assured Destruction) ဆိုတဲ့ တရားဝင်အမည်နဲ့ လူသိများပါတယ်။

MAD ရဲ့ အခြေခံသဘောတရားမှ ပထမအကြိမ် နျူကလီးယား တိုက်ခိုက်မှုမှာ ဒုံးကျည် အနည်းငယ်သာ အသုံးချရန် ကျန်ရှိတော့မယ်လို့ ဆိုပါက ရန်သူထံမှာတော့ မြို့ကြီး အများအပြားကို ချေမှုန်းပစ်ဖို့ လက်နက်တိုက်မှာ အလုံအလောက် ကျန်ရှိနေမှာဖြစ်လို့ နျူကလီးယား တိုက်ခိုက်မှုရဲ့ အကျိုးဆက်တွေကို နှစ်ဖက်လုံး တိမ်းရှောင်ဖို့ မလွတ်ကင်းနိုင်ဘူးလို့ တွေးဆထားပါတယ်။။

ပဲ့ထိန်းဒုံးကျည်တွေကို ဒီဇိုင်းထုတ်ထားတာဟာ အနာဂါတ်မှာ ဒေါသကြောင့် နျူကလီးယား လက်နက်တွေကို ထပ်မံအသုံးပြုတာမျိုး မဖြစ်အောင် တားဆီးဆောင်ရွက်ထားတာဖြစ်လို့ တကယ်လို့နျူကလီးယား လက်နက်သုံးလိုက်မယ်ဆိုရင် ဒီလို ကြိုတင် ဆောင်ရွက်ထား တာတွေဟာ အလဟဿဖြစ်သွားမှာဖြစ်တယ်။

ဒါပေမယ့် ခရစ်စတင်း (Christensen) အပါအဝင် ကျွမ်းကျင်သူတွေက တိုက်ခိုက်မှုကို ဟန့်တားမယ့်အစား MIRV စနစ်သုံး ဒုံးကျည်တွေနဲ့ ပထမဆုံး တိုက်ခိုက်မှုကို ဦးတည်သွားနိုင်တယ်လို့ ဆိုကြပါတယ်။

MIRV တွေရဲ့ ပြင်းထန်တဲ့ အဖျက်စွမ်းအားက ဒုံးကျည်တွေဟာ ဖြစ်နိုင်စွမ်းရှိတဲ့ ပထမဆုံး ချက်ချင်းတုံ့ပြန်နိုင်တဲ့လက်နက်နဲ့ ပစ်မှတ်တွေကို အရင်ဆုံး ပစ်ခတ်နိုင်သတဲ့ နှစ်မျိုးလုံးကို လုပ်နိုင်တယ်လို့ ခရစ်စတင်းနဲ့ အမေရိကန်သိပ္ပံပညာရှင်တွေအဖွဲ့ချုပ်က လုပ်ဖော်ကိုင်ဖက် မတ်ကိုဒါ (Matt Korda) တို့က မတ်လမှာ ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ရေးသားခဲ့ပါတယ်။။

နိုဝင်ဘာလ ၂၁ ရက်နေ့က ရုရှားရဲ့ တိုက်ခိုက်မှု ဗီဒီယိုမှာ ဒုံးကျည် ထိပ်ဖူးတွေဟာ ပစ်မှတ်တွေကို ထောင့်အမျိုးမျိုးကနေ ကျရောက်နေတာကို တွေ့မြင်ရပါတယ်။ ထိပ်ဖူးတစ်ခုစီတိုင်းဟာ အကောင်းဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက်ပင် ချေမှုန်းနိုင်ဖို့ မလွယ်သေးဘဲ အချိန်လိုအပ်မယ်လို့ ဆိုကြပါတယ်။

ရုပ်သံဖိုင်ကို တယ်လီဂရမ်ရဲ့ အောက်ကလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://t.me/eraseye/2083

ယူကရိန်းအရှေ့ပိုင်း၊ နစ်ပရိုမှာ ကျရောက်ခဲ့တဲ့ ဒုံးကျည်ထိပ်ဖူးတွေဟာ နျူကလီးယား ထိပ်ဖူးမဟုတ်ပေမယ့် သမားရိုးကျ တိုက်ခိုက်ရေးမှာ အသုံးပြုလိုက်တာဟာ တင်းမာနေတဲ့ ကမ္ဘာကြီးအတွက် မသေချာမရေရာမှု အသစ်တွေကို တိုးလာစေမှာ သေချာပါတယ်။

အရေးကြီးတာတစ်ခုက ရုရှားနိုင်ငံဟာ မပစ်လွှတ်မီ ဒုံးကျည်အသုံးပြုမှုနဲ့ပတ်သက်ပြီး အမေရိကန်ကို သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကြိုတင်သတိပေးတယ်လို့ ဆိုစေအုံး ပူတင်အစိုးရဟာ နောက်ထပ်ပစ်လွှတ်မှုတွေ ထပ်မံပြုလုပ်မယ်ဆိုရင် ဥရောပတစ်ဝှမ်းမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာမှာ သေချာပါတယ်။ တော်တော်များများက ဒါဟာ နျူကလီးယားစစ်ပွဲ ဖြစ်လာတော့မှာလား ဟန့်တားနိုင်ပါ့မလားဆိုတာကို မေးမြန်းမှုတွေ များလာမှာဖြစ်ပါတယ်။

သတင်းရင်းမြစ်။ CNN သုံးသပ်ချက်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 26 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 22 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN –
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 28 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 25 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း