နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ဂါဇာမှာ တရက်တည်း အစ္စရေးစစ်သား ၂၁ ဦး သေဆုံး

ဇန်နဝါရီလ (၂၃) ရက်။

ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲအတွင်း တရက်တည်း အစ္စရေးစစ်သား ၂၁ ဦး သေဆုံးခဲ့ပြီး တိုက်ပွဲကာလအတွင်း အသေအပျောက် အများဆုံး ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ယနေ့ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟားမတ်စ်အဖွဲ့ကို ချေမှုန်းပြီး ဂါဇာတွင် ဖမ်းဆီးထားသော ဓားစာခံ ၁၀၀ ကျော်ကို လွတ်မြောက်အောင် မစွမ်းဆောင်နိုင်မချင်း ရှေ့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

လုပ်နိုင်ပါ့မလားဆိုသည့် မေးခွန်းအပေါ် အစ္စရေးများအကြား သဘောထားများ ကွဲပြားလာကြပါသည်။ တနင်္လာနေ့တွင်၊ ဓားစာခံများ၏ မိသားစုဝင်များသည် အစ္စရေးပါလီမန်တွင် ကော်မတီအစည်းအဝေးကို နှောင့်ယှက်ခဲ့ပြီး “သူတို့သေဆုံးနေချိန်မှာ မင်းဒီမှာ ထိုင်နေမှာမဟုတ်ဘူး!” ဟုကြွေးကြော်ခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုသည် တနင်္လာနေ့တွင် တောင်ပိုင်း Khan Younis မြို့ကို ထိုးစစ်ဆင်ခဲ့ပြီး ထောင်ပေါင်းများစွာသော ပါလက်စတိုင်းများကို တောင်ဘက်သို့ ထွက်ပြေးရန် တွန်းအားပေးခဲ့သည်။ စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူ ၂ ဒသမ ၃ သန်း၏ ၈၅ ရာခိုင်နှုန်းခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ၎င်းတို့အနက် လေးပုံတစ်ပုံမှာ ငတ်ပြတ်နေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသမှ အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သည့် စစ်ပွဲတွင် ပါလက်စတိုင်း ၂၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပြီး အစ္စရေးတောင်ပိုင်းတွင် လူ ၁၂၀၀ ခန့် သေဆုံးကာ ဓားစာခံ ၂၅၀ ခန့်ကို ဟားမတ်စ်တို့က ဖမ်းဆီးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဂျာမန်အဓိပတိ အော်လော့ရှော့ဇ် ယူကရိန်းနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 2 Views
ဒီဇင်ဘာလ (၂) ရက်၊ ကိ့ဗ်- ယူကရိန်း။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းခေါ်ဆိုမှုအတွက် ယူကရိန်းသမ္မတ က ဂျာမန်အဓိပတိ အိုလော့ဖ်
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဂျိုးဘိုင်ဒင်က သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 2 Views
ဒီဇင်ဘာ (၂) ရက်။ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း တနင်္ဂနွေနေ့ ညနေပိုင်းက ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ အခွန်ရှောင်မှုနှင့် တရားမဝင်သေနတ်ကိုင်ဆောင်ထားမှုများနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန် နဲ့ ဟက်ဆက် တို့ဟာ အမေရိကန်စစ်တပ်ကို ဘယ်လိုပြောင်းလဲနိုင်သလဲ၊ သူတို့ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကဘာလဲ။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 8 Views
ဤနေရာတွင် ပိ့ဟက်ဆက် (Pete Hegseth) ၏ ပင်တဂွန်အပေါ် သက်ရောက်မှုသည် သိသာထင်ရှားမည်ဖြစ်သည်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် နှင့် ကာကွယ်ရေးဌာနကို ဦးဆောင်မည့်သူ ပိ့ဟက်ဆက် တို့သည် အမေရိကန်စစ်တပ်အတွက် ကြီးမားသောအပြောင်းအလဲများကို အဆိုပြုခဲ့ပြီး ဒုတိယ ထရန့်
နိုင်ငံတကာသတင်း အမေရိကန်

သန်းကြွယ်သူဌေးနှစ်ဦး အီလွန်မာ့ခ် နှင့် ဗီဗက်ရာမာဆွာမိတို့ရဲ့ထရန်ကိုကူမဲ့နည်းလမ်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 8 Views
အီလွန်မာ့ခ် (Elon Musk) နှင့် ဗီဗက် ရာမာဆွာမိ (Vivek Ramaswamy) တို့သည် အစိုးရ၏ စွမ်းဆောင်ရည် (Department of Government Efficiency –(DOGE) ဌာန အစီအစဉ်များ အတွက် အောက်လွှတ်တော်ရီပတ်ဘလစ်ကန်များနှင့်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ရဲ့ရှေ့ရေးနဲ့ ဒေါ်နယ်ထရန့်ရဲ့ဝန်ကြီးများ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 8 Views
ခေတ်မျက်လုံးပရိတ်ဿတ်များ ဒီနေ့မှာ လာမဲ့ အမေရိကန်သမတ ဒေါ်နယ်ထရန့် အစိုးရလက်ထက် အမေရိကန်နိုင်ငံကို ဘယ်လိုအစိုးရဝန်ကြီးတွေကစီမံခန့်ခွဲသွားမယ် ဆိုတဲ့အကြောင်းကို ဦးထွန်းအောင်ကျော်က တင်ပြပေးထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

တုန်လှုပ်ချောက်ချားဖွယ်ရာ ထိုးစစ်တစ်ခုဖြင့်သူပုန်များသည် ဆီးရီးယား၏ အကြီးဆုံးမြို့ကို ပထမဆုံးအကြိမ် ဝင်ရောက်နိုင် ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 12 Views
သူပုန်များသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ကို ထိုးဖောက်ဝင်ရောက်လာ ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ ၊ ဘေရွတ်မြို့- သောင်းကျန်းသူများသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ကို
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ရာမာ (၂) (Rama II) လမ်းတွင် ကရိန်းပျက်ကျပြီး မြန်မာ ၃ ဦး၊ ထိုင်း ၁ ဦးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 14 Views
နိုဝင်ဘာလ (၂၉) ရက်။ တနင်္လာနေ့ နံနက်စောစောပိုင်းက ရာမာ(၂) လမ်းတွင် ကရိန်းနှင့် ကွန်ကရစ် အစိတ်အပိုင်း ပြိုကျသဖြင့်လူ ၄ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့သည်။ ရာမာ (၂) လမ်းမှ မြို့ပြင်ထွက်သည့် လမ်းဆောက်လုပ်နေသည့်အပေါ် လမ်းအပိုင်း M82
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ရုရှားသည် ယူကရိန်းသို့ များပြားသည့် ဒရုန်းနှင့် ဒုံးကျည်များ ပစ်ခတ်မှုကြောင့် စွမ်းအင်အခက်အခဲနှင့်ယူကရိန်း ရင်ဆိုင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 11 Views
နိုဝင်ဘာလ (၂၉) ရက်။ ယူကရိန်းစွမ်းအင်ဝန်ကြီးက အရေးပေါ် ဓာတ်အား ပြတ်တောက်မှု စတင်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် တာဝေးပစ် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကြားတွင် ယူကရိန်း၏ ဒေသအားလုံးသည် ကြာသပတေးနေ့ အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်