နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို ပြန်လည်သုံးသပ်ရလျှင် ကရင်အမျိုးသားများ မညီညွတ်ခြင်းကြောင့်ဖြစ်သည်။ KNU မှခွဲထွက်ပြီး ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အဖွဲ့အစည်းDKBA ဖြစ်လာခြင်း၊ ထိုမှတဖန်စစ်အုပ်စု၏ ဖိအားကြောင့် DKBA (Democratic Karen Buddhist Army) မှ ခွဲထွက်ပြီး ကရင်နယ်ခြားစောင့်တပ် BGF (Border Guard Force) ပေါ်လာခြင်းအပြင် KNLA (Karen National Liberation Army) မှ ခွဲထွက်ပြီး KNLA (PC) ဖြစ်လာခြင်း ထို့ပြင် နွေဦးတော်လှန်ရေးအတွင်း KNU မှခွဲထွက်ပြီး ကော်သူးလေတပ်မတော် (Kaw Thoo Lei Army (KTLA)) ကို နောက်ဆုံးတည်ထောင်ခဲ့ခြင်းတို့သည် ကရင်လက်နက်ကိုင် ဖွဲ့များ အကြားညီညွတ်ရေး ပြိုကွဲနေခြင်းကို ဖော်ပြနေခဲ့သည်။ ထိုအထဲတွင် ဗိုလ်မှူးချုပ်စောချစ်သူ ဦးစီးသည့် BGF နယ်ခြားစောင့်တပ်သည် စစ်အစိုးရ လက်အောက်ခံတပ်အဖြစ် ခံယူခဲ့ပြီး စီးပွားရေး လုပ်ပိုင်ခွင့်များနှင့်အတူ စောချစ်သူသည် သန်းကြွယ်သူဌေးကြီး ဖြစ်ခဲ့သည့်အပြင် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့်ပေါင်း၍ ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့် လူမှောင်ခိုမှုများ၊ အဓမ္မလူကုန်ကူးမှုများ ပြုလုပ်ရန် ရွှေကုက္ကိုကို တည်ထောင်ခဲ့သည်။ KNU ဗဟိုကော်မတီဝင်တချို့သည်လည်း BGF ဗိုလ်မှူးချုပ်စောချစ်သူနှင့်လက်ဝါးရိုက်၍ ရွှေကုက္ကို ဒုစရိုက်လုပ်ငန်းများတွင် အစုရှယ်ယာများ ပါဝင်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့မှဆိုသည်။

တဖက်တွင်လည်း လောက်ကိုင်နှင့် တရုတ်-မြန်မာနယ်စပ်တွင် ကြီးထွားလာသည့် ကျားဖြန့်ငွေလိမ် လူမှောင်ခိုလူကုန်ကူးဂိုဏ်းကြောင့် တရုတ်နိုင်ငံသည်နှစ်စဉ် ဘီလီယံနှင့်ချီပြီး နစ်နာနေရပြီး တရုတ်လူမျိုး အများအပြားသည်လည်း လောက်ကိုင်တွင် မတရား ခိုင်းစေခြင်း ခံနေရသည်။ တရုတ်အစိုးရမှ မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်ကောင်စီကို အကြိမ်ကြိမ်နှိမ်နင်းရန် ဖိအားပေးသော်လည်း စစ်အုပ်စုကိုယ်တိုင်မှ ခန့်ထားသည့် ပယ်ဆောက်ချိန်နှင့် ဂိုဏ်း၄ဂိုဏ်းထံမှ မင်းအောင်လှိုင်ကိုယ်တိုင် ဝေစုရနေသည့်အတွက်ကြောင့် အရေးမယူ ဖြစ်နေမှုကို စိတ်မရှည်တော့သဖြင့် မြောက်ပိုင်းညီနောင်သုံးဖော်တို့၏ ၁၀၂၇ စစ်ရေး စီမံချက် ပေါ်လာပြီး လောက်ကိုင်ကို လက်လွှတ်ခဲ့ရသည်မှာ တရုတ်မှညီနောင်သုံးဖော်ကို အားပေးကူညီခဲ့ခြင်းကြောင့်ဖြစ်သည်မှာ ယုံမှားသံသယဖြစ်စရာ မရှိပေ။

လောက်ကိုင်ကျသွားသော်လည်း ရွှေကုက္ကိုတွင်ငွေလိမ်ဂိုဏ်းက ဆက်လက်ရှင်သန်နေသေးသည့်အတွက် ဖိအားဆက်ရှိနေသည့်အပေါ် မင်းအောင်လှိုင်မှ ဗိုလ်စောချစ်သူကို ပယ်ဆောက်ချိန်တို့ကဲ့သို့ ချကျွေးမည်ကို စောချစ်သူတယောက် စိုးရိမ်လာခဲ့သည်ဟုခန့်မှန်းရသည်။ ထို့ကြောင့်မကြာခင်ဇန်နဝါရီလ ၂၂ ရက်တွင်စောချစ်သူအနေနှင့် မင်းအောင်လှိုင်တို့လက်အောက်ခံ လစာယူနေမှုများကို မယူတော့ဘဲ သီးခြားရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့လက်အောက်ခံ BGF တပ်ရင်း ၁၃ ရင်းကို ဌာနချုပ်ရှိရာ ဖားအံဖက်သို့ ပြန်လည်းခေါ်ယူခဲ့သည့်အတွက် မဲဟောင်ဆောင်ရှိ တပ်မဟာ ၅ နယ်မြေအတွင်းရှိ မြန်မာစစ်သားများထံ ရိက္ခာများပေးပို့ခြင်းသည် ရပ်ဆိုင်းသွားခြင်းကြောင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကို အကြီးအကျယ် ထိခိုက်ခဲ့သည်။ ထို့အပြင် BGF တပ်ရင်း၊ အမှတ် ၁၀၁၂၊ ၁၀၁၅ နှင့် ၁၀၁၆ တို့လည်း လက်ရှိ အခြေချနေသည့် နယ်မြေမှ ဆုတ်ခွာသွားခဲ့ကြသည်။ ကရင်ပြည်နယ် ဘားအံမြို့နယ် ပင်မအခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

စစ်ကောင်စီအဖွဲ့မှ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ကရင်ပြည်နယ်အုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဌ ဦးဇော်မင်းဦးနှင့် ၎င်းတို့၏ အဖွဲ့ ဝင်များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးရှိ ဗိုလ်ချုပ်စောချစ်သူနှင့် အတွင်းရေးမှူးတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြသော်လည်း ဗိုလ်မှူးချုပ်စောချစ်သူက မယုံကြည်ဘဲ မြန်မာအစိုးရထံမှ ထောက်ပံ့ခြင်းကို မယူတော့ဘဲ ခွဲထွက်ဖို့ ၎င်းတို့အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မင်းအောင်လှိုင် စေလွှတ်လိုက်သည့် ညှိနှိုင်းရေးကော်မတီကို အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်စောချစ်သူအနေနှင့် ရွှေကုက္ကိုကိုရှိ ကျားဖြန့်လုပ်ငန်းများကို ပိတ်ပစ်ပြီး နိုင်ငံတကာသို့ ဝင်ခွင့်ပေးခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို ပြသနိုင်လျှင် ရွှေကုက္ကိုသည် ဒုစရိုက်မြို့တော်ဘဝမှ ပွင့်လင်းမြင်သာသည့်စီးပွားရေးမြို့တော် ဖြစ်လာနိုင်မည်ဖြစ်သည်။

ကေအင်ယူအနေနှင့် စောချစ်သူကို ပြန်လည်သိမ်းသွင်းပြီး လမ်းမှန်ရောက်အောင် အားပေးဆောင်ရွက်သင့်သည့် အချိန်အခါကောင်းဖြစ်သည်။ ဤအခြေအနေသည် ကရင်မိခင်တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းဖြစ်သည့် ကေအင်ယူမှ အမျှော်အမြင်ကြီးစွာ သိမ်းသွင်းသင့်သည်။ နိုင်ငံရေးတွင် အမြဲတမ်း ရန်သူဟူ၍ မရှိပါ၊ မိမိအမျိုးသားအောင်ပွဲအတွက် BGF, KTLA, DKBA, KNLA (PC) တို့ကို သဘောထားကြီးစွာ ထားပြီး ပြန်လည်စုစည်းနိုင်ရန် အချိန်အခါကောင်းဖြစ်သည်။ မိမိတို့သည့် ကရင်အမျိုးသားများ ဖြစ်ကြပြီး ဘုံရန်သူကို တယောက်တကွဲ တိုက်နေခြင်းထက် မြောက်ပိုင်းညီနောင်များကဲ့သို့ ညီရင်းအကိုစိတ်ဓါတ်ဖြင့် လက်တွဲကြရန်လိုသည်။ ခိုင်ခံ့တောင့်တင်းသည်ဟု ယူဆခဲ့သော စစ်အုတ်တံတိုင်းသည် အပေါက်အပြဲ အက်ကြောင်းများ ထနေပြီဖြစ်သည် ညီညွတ်အားဖြင့် တိုက်ချပါက မကြာမီ ပြိုကျ သွားတော့မည်ဖြစ်သည်။ ကရင်အမျိုးသားများကြားရှိ ပဋိပက္ခသည် မိတ်ဖက်ပဋိပက္ခသာ ဖြစ်သည်။ မိမိအတ္တ၊ မာန်မာန၊ ပုဂ္ဂိုလ်ရေးများကို ရှေ့တန်းမတင်ကြဘဲ အမျိုးသားရေးအဖြစ် စည်းလုံးကြရန်လိုပြီဟု တိုက်တွန်းလိုက်ရပေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 29 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 55 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 48 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 126 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 105 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 144 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 108 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 117 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။