နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောကြားခဲ့တဲ့ သမတဘိုင်ဒင်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်

သြဂုတ်လ (၂၃) ရက်။

ဘိုင်ဒင်က ဦးညွှတ်အရိုအသေပေးမှုကို ခံယူလိုက်ပါတယ်။

လွန်ခဲ့တဲ့တစ်လခန့်က သူတို့ဟာ သူ့ကို သမတရွေးပွဲမှထွက်ရန် တွန်းအားပေးခဲ့ကြပါတယ်။ တနင်္လာနေ့ညမှာတော့ ချီကာဂိုမှာရှိတဲ့ ဒီမိုကရက်တစ်တွေက ခြားနားတဲ့တေးသွားကို သီဆိုကာ အော်ဟစ်ပြီး သူ့အား ဂုဏ်ပြုခဲ့ကြပါတယ်။ သူရဲ့ဆယ်စုနှစ်များစွာ ပြည်သူ့ဝန်ဆောင်မှု၊ ပုဂ္ဂိုလ်ရေးကြင်နာမှုနဲ့ သမတလောင်းလက်မှတ်ကိုဟဲရစ်ကို ပေးလိုက်ခြင်းအတွက် ကျေးဇူးတင်ရှိတာကို ပြသကြတာဖြစ်ပါတယ်။ ဘိုင်ဒင်က လေးမိနစ်ကြာ နှုတ်ဆက်ပြီးမှသာ စတင်ခဲ့တဲ့ သူ့မိန့်ခွန်းမှာ ဟဲရစ်နဲ့ ဝေါ့ဇ်တို့ကို ထောက်ခံကြောင်း စိတ်ဓာတ်တက်ကြွသော သတင်းစကားကို ပြောကြားခဲ့ပြီး ထရန့်ကို အများက ရင်းနှီးနေပြီဖြစ်တဲ့ ပစ်ပစ်ခါခါဝေဖန်မှုတွေနှင့်အတူသူ့အစိုးရအဖွဲ့ရဲ့ ဥပဒေပြုရေးဆိုင်ရာ အောင်မြင်မှုတွေကို အသေးစိတ် အမှတ်တရအဖြစ် မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

သူက နိုင်ငံအနေနဲ့ ခက်ခဲစွာ ၂၀၂၀ သမတရွေးကောက်ပွဲစည်းရုံးရေးဆင်းမှုအတွင်း ကမ္ဘာ့ကပ်ရောဂါဘေးနဲ့အတူ လူမျိုးရေးခေါင်းထောင်လာမှုတွေကို ပြန်လည်ပြောပြရင်း သူ့မိန့်ခွန်းကို စတင်ခဲ့ပါတယ်။

အဲ့ဒီနောက် သူဟာ ထရန့်ကို ထိုးချက်တွေနဲ့ အစိုးရကောင်းရဲ့တန်ဖိုး၊ လောဘ၊ သေနတ်၊ ရောဂါနဲ့ အာဏာရှင်စနစ်တို့အကြောင်း အကြမ်းဖျင်း ပြောကြားခဲ့ပြီး ဆောင်ပုဒ်အမျိုးအစားများစွာကို ပြောကြားခဲ့ပါတယ်။ “ မင်းကြောင့် ဒါကို ငါက ချဲ့ကားပြောနေတာ မဟုတ်ဘူး- မင်းကြောင့်၊ ကျွန်တော်တို့မှာ အထူးခြားဆုံး လေးနှစ်တာ ကာလတစ်ခု ရခဲ့တယ်” လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့လို့ ပြောတဲ့အခါ ကျွန်တော်နဲ့ ကင်မလာတို့ကို ဆိုလိုတာပါ” လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

သမ္မတက စိတ်အားထက်သန်စွာ ပြောလိုက်တဲ့အခါ ဒါမှမဟုတ် ထိမိတဲ့ စကားတစ်ခွန်းကို ပြောလိုက် တဲ့အခါ ပရိသတ်က သူ့ကို သဘောကျစွာဖြင့် ဆူညံစွာ သြဘာပေးကြပါတယ်။ ထရန့်နဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အဆုံးအဖြတ်ပေးမယ့် စကားစစ်ထိုးပွဲမှာ ကောင်းစွာ မခြေပနိုင်တဲ့အတွက် စကားစစ်ထိုးပွဲအပြီး နွေရာသီအစောပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ စိုးရိမ်ပူပန်မှုတွေဟာ အခု မရှိတော့ပါဘူး။ ဒီမိုကရက်တွေဟာ ဂျိုးဘိုင်ဒင်နဲ့အတူ ပျော်ရွှင်မှုကို ပြန်လည်ခံစားခဲ့ကြတယ်။ တစ်ချိန်က ဘိုင်ဒင်က “ ကျုပ်ရဲ့ အလုပ်ကို ချစ်တယ်လို့ဆိုခဲ့တယ် ဒါပေမယ့် ကျုပ်အလုပ်ထက် နိုင်ငံကို ပိုချစ်တယ်” လို့ နောက်ဆုံးမှာ သူဟာ သမတအဖြစ်ဝင်ရောက်ရွေးချယ်ခံမှုကို စွန့်လွှတ်ရန် သူဘာကြောင့် ရွေးချယ်ခဲ့တာကို အနီးစပ်ဆုံး ရှင်းပြရန် သူ ရောက်လာခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊