နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် ၅ သိန်းကျော် အကူအညီလိုအပ်နေတယ်လို့ AA သတင်းထုတ်ပြန်

မေလ (၂၄) ရက်။

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၅ သိန်းကျော်ရှိပြီး ဘူးသီးတောင်၊ မောင်တောက စစ်ဘေးရှောင် ဦးရေ ၂ သိန်းခန့်ရှိကာ အဲ့ဒီစစ်ဘေးရှောင်တွေအတွက် အကူညီတေ လိုအပ်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲချုပ် (ULA) က ဒီနေ့ မေလ (၂၄) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြိုနယ်တို့က စစ်ဘေးရှောင်တွေအထဲမှာ (၈၀) ရာခိုင်နှုန်းက မူဆလင်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်နဲ့ တခြားလူနည်းစု စစ်ဘေးရှောင်က ( ၂၀) ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်တွေအတွက် ဆန်၊ ဆီ၊ ဆားစတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေ ပေးထားနိုင်ပေမဲ့ လာမယ့်ကာလတွေမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ၊ ကလေးနဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုအပ်ချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ စေတနာရှင်တွေ၊ NGO တွေအနေနဲ့ ကူညီပေးကြဖို့ AA က တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပြီး ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အထိ ၁၀ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

လက်ရှိအချိန်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း AA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေ ပြန်လည်တိုက်ခိုက်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားဆောင်းမြိုတိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 20 Views
ဇူလိုင်လ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်က ဖားဆောင်းမြိုတိုက်ပွဲထဲ ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ(JCS)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထိုင်းရောက်မြန်မာတွေ ထိုင်းနိုင်ငံအရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 18 Views
ဇူလိုင်လ (၃)ရက်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ‌အရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က တိုက်တွန်းနှိးဆော်ထားတယ်လို သိရပါတယ်။ ထိုင်းနိုင်ငံရဲ့
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ဆရာ/မတွေကို ကျူရှင်မသင်ဖို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲ စာထုတ်တားမြစ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 14 Views
မလိုက်နာရင် ကျူရှင်သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်လိုဆို ဇူလိုင်လ (၃)ရက်။ ဂန့်ဂေါမြိုနယ်မှာ ကျူရှင်မသင်ဖို ဆရာ/မတွေကို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းထားတယ်လို ဒေသထဲသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး
မြန်မာသတင်း

တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 13 Views
ဇူလိုက်လ (၃)ရက်။ ဇူလိုင်လ (၁)ရက်နေ့ ညပိုင်းအချိန်က လေ့ကျင့်ပျံသန်းခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ ခရီးဝေးလေ့ကျင့်ပျံသန်းချိန် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် (၁၃၀)ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေ
မြန်မာသတင်း

မြန်မာနိုင်ငံစီးပွားရေး ကျဆင်းမယ်လို ကမ္ဘာ့ဘဏ်က တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက်မမှန်ဘူးဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 14 Views
ဇူလိုင်လ (၃)ရက်။ မြန်မာနိုင်ငံရဲ့စီးပွားရေး ကျဆင်းနိုင်တယ်လို ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက် မမှန်တာနဲ့ မပြည့်စုံတာတွေကို တွေ့ရတယ်လို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကမ္ဘာ့ဘဏ်က နိုင်ငံရဲ့စီးပွားရေးကို အရင်က
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 32 Views
ဇူလိုင်လ (၂၂)ရက်။ (၄)နှစ်တာ တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦးကျဆုံးခဲ့တယ်လို့ Chinland Defense Force-Kalay Kabaw Gangaw(CDF-KKG)ရဲ့ မနေ့က ဖွဲ့စည်းတည်ထောင်တဲ့ (၄)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDF-KKG အနေနဲ့ တော်လှန်ရေးသက်တမ်း (၄)နှစ်တာကာလထဲ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 28 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တာကြောင့်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 19 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားတဲ့သူတွေကို သန်လျင်မြို့ ဘောသပြေကန်ရွာအနီးမှာ လက်နက်တွေနဲ့အတူ