နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ထိုင်းအတိုက်အခံပါတီတွေရဲ့ စွပ်စွဲချက်ကို တရားရုံးမှာ ပီတာလင်ဂျာရိုရတ် ခုခံချေပ


ထိုင်းဝန်ကြီးချုပ်လောင်းဖြစ်ခဲ့ဖူးတဲ့ Moving Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ်ဟာ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းအချို့ကို​ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ အတိုက်အခံပါတီတွေရဲ့ စွပ်စွဲချက် နှစ်ခု ထဲက ပထမစွပ်စွဲချက်ကို တရားရုံးမှာ ခုခံချေပရှင်းလင်းလိုက်ပါတယ်။ ဇန်နဝါရီလ 24 ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ ပီတာက သူ့အနေနဲ့ ဘာအမှားအယွင်းမှ မကျူးလွန်ခဲ့ကြောင်း ချေပခဲ့တာပါ။

ဟားဗက်စ်တက္ကသိုလ်ကျောင်းထွက်ဖြစ်တဲ့ ပညာတတ်ပီတာဟာ ရွေးကောက်ပွဲမှာ အနိုင်ရ​ပြီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာဖို့ နီးစပ်ခဲ့ပေမယ့် အထက်လွှတ်တော်အမတ်တွေ၊ ဘုရင်နဲ့ အတိုက်အခံပါတီတွေရဲ့ ကန့်ကွက်ပြောဆိုမှုကြောင့် ဝန်ကြီးချုပ်ရာထူးနဲ့ ဝေးခဲ့ရသူဖြစ်ပါတယ်။ အခု ပီတာရင်ဆိုင်နေရတဲ့အမှုတွေရဲ့ စီရင်ချက်တွေဟာ 2023 ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပီတာရဲ့ Moving Forward ပါတီကို လွှတ်တော်ထဲမှာ အင်အားကြီးပါတီဖြစ်လာစေမှာပါ။

တရားရုံးမှာ ခုခံချေပပြီးတဲ့နောက် ပီတာ လင်ဂျာရိုရတ်က “ ကျတော် အားလုံးအဆင်ပြေပါတယ်။ ပုံမှန် အလုပ်လုပ်ရက်တွေလိုပဲ ခံစားရတာပါ။ ကျတော်စိတ်ကူးထဲမှာ Moving Forward ပါတီရဲ့ မဟာဗျူဟာမြောက် လမ်းပြမြေပုံကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ပဲ တွေးထားပါတယ်”လို့ ပြောပါတယ်။

ပီတာလင်ဂျာရိုရတ်ရဲ့ Moving Forward ပါတီဟာ စီးပွါးရေးလက်ဝါးကြီးအုပ်မှုနဲ့ ဘုရင်ကို ဝေဖန်ပြောဆိုမှုအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်တဲ့ ဥပဒေတွေကို ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုတဲ့ ရဲရင့်တဲ့ စိန်ခေါ်မှုတွေကြောင့် လူကြိုက်များလာပြီး လူငယ်တွေနဲ့ မြို့ပြနေထိုင်သူ မဲဆန္ဒရှင်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

2023 ခုနှစ် ဒီဇင်ဘာလအတွင်းက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ထိုင်ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်ဟာ လူကြိုက်များမှု 22 ရာခိုင်နှုန်းသာရှိပြီး ပီတာ လင်ဂျာရိုရတ်ကတော့ လူကြိုက်များမှု 33 ရာခိုင်နှုန်းအထိရှိနေခဲ့တာကိုတွေ့ရပါတယ်။ Moving Forward ပါတီရဲ့ တော်ဝင်မိသားစုကို စော်ကားပြုမူမှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ကြိုးပမ်းမှုဟာ ဘုရင်နဲ့ ဒီမိုကရေစီအစိုးရကို ထိခိုက်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ စွဲချက်ကို လာမယ့်တစ်ပတ်မှာ တရားရုံးက ကြားနားစစ်ဆေးမှာဖြစ်ပါတယ်။

အဲဒီအမှုတွေဟာ တော်ဝင်ဝါဒီတွေ၊ စစ်ဘက်၊ လူကုံထံအသိုင်းအဝိုင်းတွေနဲ့ ရွေးကောက်ခံပါတီတွေကြား ဆယ်စုနှစ် နှစ်ခုကြာ ဖြစ်ပွါးနေတဲ့ ပါဝါလွန်ဆွဲပွဲလည်းဖြစ်ပါတယ် ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 53 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 49 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 59 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 57 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 64 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း