နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ရန်စမှုကို ဖိလစ်ပိုင်ရှုတ်ချ

အငြင်းပွါးဖွယ်ရာ တောင်တရုတ်ပင်လယ်တွင်းမှာ ပြီးခဲ့တဲ့စနေနေ့က တရုတ်ကမ်းခြေစောင့်တပ်တွေ ဖိလစ်ပိုင်သင်္ဘောတွေကို အားပြင်းတဲ့ Water Cannon တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ဖိလစ်ပိုင်အာဏာပိုင်တွေက တရုတ်ရဲ့ တာဝန်မဲ့ပြီး ရန်စတဲ့လုပ်ရပ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်အာဏာပိုင်တွေက ထုတ်ပြန်တဲ့ဗီဒီယိုဖိုင်မှာ တရုတ်ကမ်းခြေစောင့်တပ်တွေက အရပ်သားထောက်ပံ့ရေးသင်္ဘောတွေကို Water Cannon ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီလုပ်ရပ်ကြောင့် အရပ်သားသင်္ဘောဟာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သလို သင်္ဘောပေါ်က လူတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဖိလစ်ပိုင်ရေတပ်ဟာ သူတို့ရဲ့ ပိုင်နက် ပင်လယ်ပြင်ထဲမှာ တပ်စွဲထားတဲ့ စစ်သင်္ဘောတွေကို ရိက္ခာထောက်ပံ့ပေးဖို့ အရပ်သားသင်္ဘောတွေကို ငှားရမ်းအသုံးပြုနေတာပါ။ အဲဒီအရပ်ဖက်ထောက်ပံ့ရေးသင်္ဘောကို စစ်သင်္ဘောနှစ်စင်း၊ ကမ်းခြေစောင့်သင်္ဘောနှစ်စင်းနဲ့ ဝိုင်းဝန်းပိတ်ဆို့ခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ကြေညာပါတယ်။

တရုတ်စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘောတွေဟာ အားပြင်းတဲ့ Water Cannon နဲ့ ပစ်ခတ်ရုံတင်မကဘဲ ပင်လယ်ပြင်မှာ စက်ဝိုင်းပုံစံ ပိတ်ဆို့ခဲ့ကြတာဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ဖိလစ်ပိုင်ရဲ့ မိုင် 200 အထူးစီးပွါးရေးဇုန်ဖြစ်တဲ့ ဒုတိယမြောက် သောမက်စ်ရှော အပါအဝင် တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးနီးပါး သူတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားတာပါ။

2016 နယ်နိမိတ်အငြင်းပွါးမှုဆိုင်ရာ ခုံရုံးရဲ့ စီရင်ချက်အရတော့ တရုတ်နိုင်ငံရဲ့ ကျယ်ပြောလှတဲ့နယ်နိမိတ် တောင်းဆိုမှုတွေဟာ ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း ထောက်ပြနေပါတယ်။ တရုတ်အာဏာပိုင်တွေကတော့ ဖိလစ်ပိုင်သင်္ဘောတွေဟာ သတိပေးချက်တွေကို အကြိမ်ကြိမ်လစ်လျူရှုကာ သူတို့ရဲ့ နယ်နိမိတ်ထဲ ဖြတ်သန်းသွားလာနေကြပြီး အခုဖြစ်ရပ်မှာ တာဝန်အရှိဆုံးက ဖိလစ်ပိုင်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ရဲ့တောင်တရုတ်ပင်လယ်ဆိုင်ရာ အထူးတပ်ဖွဲ့ကတော့ မိမိတို့ရဲ့ ရေပိုင်နက်ဇုန်တွေအတွင်း ခြိမ်းခြောက်မှုနဲ့ ရန်လိုမှုတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 27 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 37 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး