နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

BNRA က ကျွန်းသစ်ကားတစ်စီး ထိန်းသိမ်းခဲ့တာကို မကျေမနပ်ဖြစ်ကာ ယင်းမာပင်ခရိုင်တပ်ရင်းတွေနဲ့ တင်းမာတာတွေရှိခဲ့၊ လက်နက်နဲ့တိုက်ခိုက်ဖို့စေလွှတ်သူတွေကို ထိရောက်စွာအရေးယူပေးဖို့ BNRA ထုတ်ပြန်

ဧပြီလ (၂၅)ရက်။

ပုလဲမြို့နယ်ထဲမှာ ကျွန်းသစ်ကားတစ်စီးကို BNRA က ထိန်းသိမ်းခဲ့တာကို ပြန်ပေးဖို့တောင်းဆိုရာက မကျေမနပ်ဖြစ်ပြီး ယင်းမာပင်ခရိုင်တပ်ရင်းတွေနဲ့ နှစ်ဖက်တင်းမာတာတွေ ရှိခဲ့တယ်လို့ BNRA ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဧပြီလ (၂၃)ရက်နေ့ ညပိုင်းက ဆားလင်းကြီးမြို့နယ်မှာ လူမှုကူညီရေးအသင်းရဲ့ နာရေးကားတစ်စီးကို တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ထိန်းသိမ်းခဲ့တဲ့အပေါ် အကူအညီတောင်းခံလာတာကြောင့် BNRA က တာဝန်ကျရဲဘော်ဟာ ဒေသခံတွေနဲ့ချိတ်ဆက်ပြီး ကူညီပေးဖို့ သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုသွားရောက်ခဲ့ချိန် ပုလဲမြို့နယ်ထဲက တစ်နေရာမှာ ကျွန်းသစ်သီးသန့်တင်လာတဲ့ သစ်ကားတစ်စီး မောင်းနှင်လာတာကို တွေ့ရှိတာကြောင့် BNRA ရဲဘော်တွေက ဒေသတွင်းရှိ သက်ဆိုင်ရာလက်ထဲကို အပ်နှံဖို့ သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ သစ်တွေကို ရောင်းချကာ ဒေသတွင်းရှိ မီးဘေးသင့်ရွာတစ်ရွာရဲ့ ပြန်လည်ထူထောင်ရေးကော်မတီကို ပြည်သူရှေ့မှောက်မှာ ပေးအပ်တာတွေပြုလုပ်ဖို့ စီစဉ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီလိုစီစဉ်ပြီးတဲ့အချိန်မှာ ထောက်ပို့တာဝန်ခံ ဦးမင်းမင်းစိုးနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၆)ရဲ့ တပ်ရင်းမှူး ကိုပုလဲမောင်တို့က ယင်းမာပင်ခရိုင်တပ်ရင်း(၃၊၄၊၅၊၆)အနေနဲ့ ပြန်လည်ပေးဖို့တောင်းဆိုတာကြောင့် မြို့နယ် ပလဖ၊ ပကဖနဲ့ ပအဖတို့ကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ BNRA က ပြောကြားခဲ့ပါတယ်။

အခုလိုပြောဆိုတဲ့အပေါ် မကျေမနပ်ဖြစ်ကာ ဧပြီလ (၂၄)ရက်နေ့က ယင်းမာပင်ခရိုင်တပ်ရင်း(၃၊၄၊၅၊၆)၊ တပ်ရင်း(၉) ရိုးမရာဇာနဲ့ အခြားခရိုင်တပ်ရင်းအချို့က ဗိုလ်နဂါးနဲ့ဆွေမျိုးတော်စပ်တဲ့ အရပ်သားတွေအပါအဝင် BNRA ရဲဘော် (၂၀)ဦးခန့်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ပြင် MOD ကွပ်ကဲမှုယူထားတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၊၄၊၅၊)နဲ့ စစ်ဒေသကွပ်ကဲမှုအောက်က ခရိုင်တပ်ရင်း(၆)က ရဲဘော်တွေဟာ BNRA တပ်ရင်း(၁)လှုပ်ရှားတဲ့ နယ်မြေကို ဝိုင်းလာတာကြောင့် ပြန်လည်ပိတ်ဆို့ခဲ့ရာ သူတို့ဆီကနေ ရဲဘော်(၃၀)ဦးနဲ့ လက်နက်တွေ ဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးရမိခဲ့သူတွေကို ယင်းမာပင်ခရိုင်တပ်ရင်းတွေဘက်က ဖမ်းသွားတဲ့သူတွေနဲ့ ပြန်လဲလှယ်ဖို့ ပြုလုပ်ခဲ့ကြပြီး ရဲဘော်အချင်းချင်း ပြန်တိုက်တာတွေ ထပ်မလုပ်ဖို့ ဖျောင့်ဖြပြောဆိုကာ ပြည်သူတွေရဲ့ရှေ့မှောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

BNRA အနေနဲ့လဲ မြေပြင်မှာ အခုလိုမဖြစ်သင့်တာတွေ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကို MOD ဝန်ကြီးအပါအဝင် ပကဖ၊ ပအဖနဲ့ ပလအတွေထံ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ချိတ်ဆက်သတင်းပေးပို့ထားတယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်ထဲမှာ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုချက်မဟုတ်ခဲ့ပါက လက်နက်နဲ့တိုက်ခိုက်ဖို့ စေလွှတ်ခဲ့တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၊၄၊၅၊၆၊၉)က တပ်ရင်းမှူးတွေနဲ့ တပ်ထောက် ကိုမင်းမင်းစိုးတို့ကို ထိရောက်စွာ အရေးယူဖို့မျှော်လင့်တယ်လို့လဲ BNRA ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 34 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 38 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ