နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

တောင်ကိုးရီးယား

တောင်ကိုးရီးယား နိုင်ငံတကာသတင်း အာရှ

မီးလောင်ပေါက်ကွဲခဲ့မှုအတွက် တောင်ကိုရီးယား ဘက်ထရီစက်ရုံ စီအီးအို တောင်းပန်

မီးလောင်ပေါက်ကွဲခဲ့မှုအတွက် တောင်ကိုရီးယား ဘက်ထရီစက်ရုံ စီအီးအို တောင်းပန်

++++++++++++++++++++++++

ကြီးမားတဲ့ မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အလုပ်သမား 23 ဦးအထိရှိခဲ့တဲ့အပေါ် တောင်ကိုရီးယားဘက်ထရီထုတ်လုပ်ရေး ကုမ္ပဏီရဲ့ စီအီးအိုက တောင်းပန်စကားပြောဆိုခဲ့ပါတယ်။

“ဇွန်လ 24 ရက်နေ့က Aricell စက်ရုံမီးလောင်မှုမှာ အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့အတွက် ကျတော်တို့ တောင်းပန်ပါတယ်” Aricell ဘက်ထရီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ပက်ဆွန်ကွမ်က ဆိုးလ်မြို့တော် အနောက်တောင်ဘက် ဟွာဆန်းစက်မှုဇုန်ထဲမှာရှိတဲ့ စက်ရုံဝန်းအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို တောင်းပန်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ဆိုးအတွက် ကုမ္ပဏီဘက်က နစ်နာဆုံးရှုံးသူတွေအတွက် အပြည့်အ၀တာဝန်ယူသွားမှာဖြစ်သလို အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ပက်ဆွန်ကွမ်းက ပြောပါတယ်။ Aricell ကုမ္ပဏီဟာ မီးလောင်မှုအခြေအနေအပါအဝင် လုပ်ငန်းခွင် ဘေးကင်းရေး လုပ်ထုံးလုပ်နည်းတွေကို အပြည့်အ၀လိုက်နာခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ Aricell ကုမ္ပဏီအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုရှိ၊ မရှိနဲ့ ယာယီနိုင်ငံသား အလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံရေးသင်တန်းတွေ ပေး၊မပေးဆိုတာကို  စုံစမ်းစစ်ဆေးနေတယ်လို့ အတည်ပြုထုတ်ပြန်ပါတယ်။

တနင်္လာနေ့ကဖြစ်ပွါးခဲ့တဲ့ မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့အလုပ်သမားတွေထဲမှာ လူ့စွမ်းအားအရင်းအမြစ်ကုမ္ပဏီတွေကနေ ကန်ထရိုက်စာချုပ်နဲ့ စေလွှတ်ထားလူတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ 23 ဦးထဲမှာ 17 ဦးက တရုတ်နိုင်ငံသားဖြစ်ပြီး နောက်တစ်ဦးကတော့ လာအိုနိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂါနေ့မှာတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေလို့ ယူဆရတဲ့သူတွေဟာ စက်ရုံအပြင်ဘက်မှာ ငိုကြွေးနေကြတာကိုမြင်တွေ့ခဲ့ရပါတယ်။ ငိုကြွေးအော်ဟစ်နေသူတွေထဲက တစ်ဦးကတော့ “ မင်းတို့ ဘယ်လောက်များကြောက်နေကြမလဲနော်”ဆိုပြီး အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။

မီးသတ်သမားတွေဟာ ရှာဖွေရေးခွေးတွေနဲ့အတူ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ မီးလောင်ပျက်ဆီးနေတဲ့အဆောက်အဦတွေကို ဖြိုချဖျက်ဆီးပြီးမှ ဝင်ရောက်ရှာဖွေနိုင်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မှုခင်းဆေးပညာအဖွဲ့၊ ရဲနဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေ မီးလောင်ရာနေရာကို ရောက်ရှိနေကြပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

မီးလောင်ပေါက်ကွဲရတဲ့အကြောင်းအရင်းနဲ့ တည်နေရာကို ရှာဖွေသိရှိဖို့အတွက် အေဂျင်စီ ၉ ခုက ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို အတည်ပြုပြောဆိုထားပါတယ်။ ဒါဟာ မတော်တဆမှုကြောင့် နှစ်စဉ် အလုပ်သမား ဒါဇင်နဲ့ချီဆုံးရှုံးနေရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်ဘေးကင်းရေးကို မြှင့်တင်ဖို့ တိုက်တွန်းနေတဲ့ကြားက ဖြစ်ပွါးခဲ့တဲ့ လူအသေအပျောက်အများဆုံး မတော်တဆမှုဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရဟာ အန္တရာယ်များတဲ့ စက်မှုဇုန်လုပ်ငန်းတွေမှာ အန္တရယ်များတဲ့အခြေအနေတွေကို အရေးပေါ်စစ်ဆေးကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 32 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု