နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး အာရှ

မြန်မာ့တော်လှန်ရေးကို အိန္ဒိယက စိတ်ဝင်စားလာပြီလား။

စက်တင်ဘာလ (၂၅) ရက်။

စက်တင်ဘာလ ၂၃ ရက်နေ့က ရိုက်တာသတင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလလယ်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ချင်းအမျိုးသားတပ်ဦး CNF တို့ကို ဖိတ်ခေါ်ထားကြောင်း ဖော်ပြထားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားခြင်း ရှိ၊မရှိ ကိုမူ ဖော်ပြခဲ့ခြင်းမရှိချေ။

ကမ္ဘာ့ရေးရာလေ့လာရေး အိန္ဒိယကောင်စီ (ICWA) က ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး ဆူဘရာမာဉာဏ် ဂျိုက်ရှန်ကာလည်း တက်ရောက်မည်ဟု သိရသည်။ ထိုဆွေးနွေးပွဲတွင် အဓိကဆွေးနွေးမည့် ခေါင်းစဉ်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖက်ဒရယ်စနစ်”ဖြစ်သည်ဟု ဆိုသည်။

မြန်မာ့အရေးလေ့လာသူ ဦးထွန်းအောင်ကျော်က “လက်ရှိအခြေအနေဟာ အေအေက ပလက်ဝကို သိမ်းပိုက်ထားတာရယ် ရခိုင်ပြည်နယ်တခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ ရှိနေပြီး အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းဟာလည်း အေအေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ အကောင်အထည် ဖော်ဆောင်ဖို့ ဖြစ်နိုင်ချေ မရှိဘူး။ ဒါကြောင့် လာမယ့်ဆွေးနွေးပွဲမှာ အေအေဟာ အဓိက stake holder အခန်းကဏ္ဍက ပါဝင်နိုင်တယ်” လို့ သုံးသပ်ခဲ့ပြီး သူက ဆက်လက်၍ “တရုတ်က မြောက်ပိုင်းမဟာမိတ်နှစ်ဖွဲ့ကို ဖိအားပေးပြီး စစ်ကောင်စီဖက်ကို ရပ်ပြလိုက်တာကြောင့် ပါဝါချိန်ခွင်လျှာကို ဝင်ထိန်းတဲ့အနေနဲ့ အိန္ဒိယက တော်လှန်ရေး အင်အားစုတွေကို သူတို့အနေနဲ့ ပစ်မထားပါဘူးဆိုတာကို ပြလိုက်တယ်လို့လည်း ယူဆနိုင်တယ်။ အထူးသဖြင့် အမေရိကန် သမတဂျိုးဘိုင်ဒင်နဲ့ လေးနိုင်ငံကွဒ် (QUAD) အစည်းအဝေးမှာ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေအနေနဲ့ ဒီမိုကရေစီစနစ်ကို အားပေးရမယ်ဆိုတဲ့ မက်ဆေ့ကို ဒီအစည်းအဝေးက ပေးလိုက်ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ဒီမိုကရေစီနိုင်ငံတွေဖြစ်သလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေဖြစ်လို့ မြန်မာနိုင်ငံလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အိန္ဒိယက သူ့အတွေ့အကြုံတွေကို မျှဝေပေးချင်တယ်လို့ယူဆလို့ရပါတယ်။ အရေးကြီးဆုံးအချက်က တရုတ်က မြန်မာပြည်တွင်းရေးကို သူကအိမ်နီးချင်း နိုင်ငံဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗြောင်ဝင်ရောက် စွက်ဖက်ပြီး ဝင်လာတာဟာ အိန္ဒိယနိုင်ငံကို စိမ်ခေါ်လိုက်သလို ဖြစ်ချင်ဖြစ်သွားနိုင်ပြီး မြန်မာ့အရေးမှာ အိမ်နီးချင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ သူ့အနေနဲ့လည်း ပါဝင်သင့်တယ် ဖြေရှင်းပေးသင့်တယ်လို့ မြင်တာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်” ဟု ပြောပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး

“တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး”

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 18 Views
ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၂)မှာဆွေးနွေး ကြမဲ့ ခေါင်းစဥ်ကတော့ “တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး” ဘဲ ဖြစ်ပါတယ်၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချ
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 35 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 104 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 65 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 171 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 174 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏