နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏ ပြန်ကြားရေး အတွင်းရေးမှူးဟောင်း ဖြစ်သူ စတက်ဖနီ ဂရစ်ရှမ် (Stephanie Grisham) ၏ ထုတ်ဖော်ချက်။

ကျွန်မဟာ ထရန့်ရဲ့ အရင်းနှီးဆုံး အကြံပေးတစ်ဦး ဖြစ်ပါတယ်။ ထရန့်မိသားစုက ကျွန်မ မိသားစု ဖြစ်လာတယ်။ အီစတာပွဲ၊ ကျေးဇူးတော်နေ့နဲ့ နှစ်သစ်ကို ထရန့်ရဲ့အိမ် မာအေလာဂို (Mar-a- Lago) မှာ ကျမတို့ အတူတူ ကုန်ဆုံးခဲ့ပါတယ်။ ရိုက်ကူးနေတဲ့ ကင်မရာကိုပိတ်လိုက်ချိန် တံခါးနောက်ကွယ်မှာ သူ့ကိုလာတွေ့တဲ့ သူ့ထောက်ခံသူတွေကို ထရန့်က လှောင်ပြောင်ခဲ့တယ်။ သူတို့ကို မြေအောက်တိုက်ခန်းတွေမှာ နေသူတွေလို့ ခေါ်တယ်။ တစ်ချိန်က ဆေးရုံအရေးပေါ်လူနာခန်း ICU မှာ လူတွေ သေလုမြောပါးဖြစ်နေတဲ့နေရာမှာ ဆေးရုံကို အလည်လာရင်း ကင်မရာတွေက သူ့ကိုမရိုက်လို့ဆိုပြီး စိတ်ဆိုးတယ်။ သူ့မှာ စာနာတဲ့စိတ် မရှိဘူး။ အမှန်တရားအပေါ် သစ္စာမရှိဘူး၊ သူက ကျမကို “စတက်ဖနီ မင်းဘာပြောပြော အဲဒါက အရေးမကြီးဘူး မင်းက လုံလောက်အောင်သာ များများပြော လူတွေက မင်းပြောတာကို ယုံလိမ့်မယ်” ဆိုတာ သူပြောနေကြ စကားပဲဖြစ်တယ်။ ဒါပေမယ့် သင်ပြောတဲ့အရာတိုင်းက အရေးပါသလို သင်မပြောတဲ့ အရာကလဲ အရေးပါပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့မှာ ထရန့်ဇနီး မဲလ်လင်နာ (Melania) ကို ကျမက ရှင့်အနေနဲ့ တွစ်တာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ အမေရိကန်တိုင်းရဲ့ အခွင့်အရေးဖြစ်ပေမဲ့ တရားဥပဒေမဲ့ သို့မဟုတ် အကြမ်းဖက်မှုအတွက် နေရာမရှိဘူးလို့ ရေးပါလားလို့ ပြောခဲ့တယ် မဲလ်လင်နာက စကားတလုံးပဲ ပြန်ပြောခဲ့တယ် “မလုပ်ဘူး” တဲ့။

ကျမဟာ ထရန့်အစိုးရအဖွဲ့အစည်းရဲ့ အကြီးတန်းအရာရှိတယောက်အနေနဲ့ ပထမဆုံး နှုတ်ထွက်ခဲ့သူတယောက် ဖြစ်လာပါတယ်။ ဒီရူးသွပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်တော့ ကျမအနေနဲ့ မပါဝင်နိုင်တော့ဘူး။ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲကို ဘယ်တုန်းကမှ ပါဝင်ပြီး မပြောခဲ့ဖူး။ လိမ်ညာပြီး စင်ပေါ်မတက်ချင်လို့ ရှောင်နေခဲ့တယ်။ အခုတော့ ဒီမိုကရက်တစ် စင်မြင့်ထက်မှာ ကျမ ရပ်နေပြီး ဒီမိုကရက်တွေအတွက် ပညာပေးပြောကြားနေတာက ကျမပါတီထက် တိုင်းပြည်ကို ပိုချစ်လို့ပါ၊ ကာမလာဟဲရစ်က သူမဟာ အမေရိကန်ပြည်သူတွေကို သူ့အနေနဲ့ လေးစားကြောင်း အမှန်အတိုင်းပြောခဲ့ပါတယ်။ ကျမထည့်မယ့်မဲကို ကာမလာရမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 16 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 14 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ်
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 14 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား