နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူသော်လည်း ဟားမတ်စ်က သဘောမတူသေး

အကျဉ်းသား ဓားစာခံ သဘောတူညီချက်ဆိုင်ရာ အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူသော်လည်း အချို့သော ပြဿနာများမှာ မဖြေရှင်းနိုင်သေးကြောင်း ဟားမတ်စ်က ပြောကြားခဲ့သည်။

ကာတာနိုင်ငံ၊ ဒိုဟာတွင် မကြာသေးမီက တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ CNN လေ့လာသုံးသပ်သူ ဘာရက်ရာဗစ် (Barak Ravid) ၏ အစီရင်ခံချက်အရ ပါလက်စတိုင်း အကျဉ်းသား ၇၀၀ လောက်ကို လွှတ်ပေးမည့် အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူခဲ့ပြီး ဂါဇာတွင် ဟားမတ်စ် ဖမ်းဆီးထားသည့် ဓားစာခံ ၄၀ ကို လွှတ်ပေးဖို့နှင့် အစ္စရေးများကို သတ်ဖြတ်ခဲ့သည့်အမှုနှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသူ အယောက် ၁၀၀ ကို လဲလှယ်ရန် သဘောတူခဲ့သည်ဟု CNN က ဆိုပါသည်။ CNN နှင့် ပူးပေါင်းထားသည့် Channel 11 (Kan News)သတင်းဌာနသည် အမေရိကန် အကျဉ်းသား-ဓားစာခံ လဲလှယ်ရေး အဆိုပြုချက်အား အစ္စရေး၏ သဘောတူညီချက်နှင့် ပတ်သက်၍ တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ အစ္စရေး အကြီးတန်းအရာရှိတစ်ဦးကို ကိုးကား၍ Kan News သတင်းဌာနက အစ္စရေးသည် “ဖမ်းဆီးခေါ်ဆောင်သွားသူများ အိမ်ပြန်နိုင်ရေးအတွက် သိသာထင်ရှားသော အပေးအယူများ ပြုလုပ်ရန် အသင့်ရှိကြောင်း” ပြောကြားခဲ့သည်။

သီတင်းပတ်အစောပိုင်းက အမည်မဖော်လိုသည့် အစ္စရေးအရာရှိတစ်ဦးကို ကိုးကား၍ ရာဗစ် (Ravid) က ပါလက်စတိုင်း အကျဉ်းသား အရေအတွက်နှင့်ပတ်သက်၍ အစ္စရေးက သဘောတူခဲ့ကြောင်း X (ယခင်တွစ်တာ) တွင် ဖော်ပြခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သံတမန်သတင်းရင်းမြစ်တစ်ခုမှ CNN သို့ ပြောကြားရာတွင် ရာဗစ် (Ravid) ၏ အချက်အလက်များ မှန်ကန်ကြောင်း စနေနေ့က အတည်ပြုခဲ့သော်လည်း ဂါဇာတွင် အကူအညီများဝင်ရောက်မှုနှင့် “အစ္စရေးစစ်တပ်ကို ပြန်လည်နေရာချထားခြင်း” အပါအဝင် ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

CNN သည် ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ အစ္စရေး တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သည်။ စီအိုင်အေ ညွှန်ကြားရေးမှူး ဘီလ်ဘန်း တင်သွင်းသည့် အဆိုပြုချက်ကို အစ္စရေးက သဘောတူခဲ့ကြောင်း ရာဗစ် (Ravid) က ပြောသည်။ ဘီလ်ဘန်းသည် ဟားမတ်စ်နှင့် အစ္စရေးတို့ကို စေ့စပ်ညှိနှိုင်းပေးသည့် စေ့စပ်ညှိနှိုင်းရေးမှူးများမှတစ်ဆင့် ဒိုဟာတွင် ရှိနေသည်။ ဟားမတ်စ်၏ တုံ့ပြန်မှုသည် ၁ ရက်မှ ၃ ရက်အထိ ကြာနိုင်သည်ဟု အစ္စရေးအရာရှိများနှင့် ပြောထားပြီးဖြစ်ကြောင်း ရာဗစ်က ပြောကြားခဲ့သည်။

“ဒီအသေးစိတ်အချက်အလက်တွေကို စေ့စပ်ညှိနှိုင်းနေသည့် ဒိုဟာမှာရှိတဲ့ ဟားမတ်စ်ကိုယ်စားလှယ်တွေ ဒီကိစ္စကို တကယ်ကြိုးကိုင်နေတဲ့သူဆီကို သွားရမှာပါ၊ သူက ဂါဇာမှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင် ယာဟရာ စင်ဝါ (Yahya Sinwar) ဖြစ်ပြီး၊ သူဟာ မြေအောက် ပေ ၁၀၀ လောက်ရှိတဲ့ မြေအောက်ဘန်ကာထဲမှာ နေနေတဲ့ ဟားမတ်စ်ခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် သူ့ဆီကပြန်ကြားမှုရဖို့က အချိန်အတော်ယူရမှာပါ” ဟု ရာဗစ်က တနင်္ဂနွေနေ့တွင် “CNN ၏ သတင်းအခန်းကဏ္ဍ” တွင် အိုမာ ဂျင်မင်နက်ဇ် (Omar Jimenez) သို့ ပြောကြားခဲ့သည်။

အဆိုပြုထားသော အကျဉ်းသားလဲလှယ်မှုတွင် အသက် ၅၀ ကျော် အမျိုးသားများ လွတ်မြောက်ရေးပါ ပါဝင်သည့် အဆိုပြုထား သောကြောင့် အမေရိကန် ဓားစာခံအချို့လည်း လဲလှယ်မှုတွင် “သေချာပေါက်” ပါဝင်မည်ဟု ရာဗစ် မှ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပေါ် ‘ဖိအား’

အကြီးတန်းအရာရှိ ဘဆမ်နအင်း (Basem Naeim) နှင့် ဟူဆန်ဘဒရမ် (Hussam Badran) တို့သည် အောင်မြင်မှုများ ရရှိရန် အလားအလာအတွက် သီးခြားစီ ကစားနေကြပြီး အစီရင်ခံစာများကို ဟားမတ်စ်က ဆန့်ကျင်ခဲ့သည်။ “ အစ္စရေး-အမေရိကန်မီဒီယာ” သည် ဆွေးနွေးပွဲများအပေါ် ဖိအားများ ပေးလာနေသည်ဟု နာအင်း (Naeim) မှ CNN သို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အတွက် စေ့စပ်ညှိနှိုင်းမှုဟာ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို ဗဟိုပြုရုံသာမကဘဲ၊ “ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြှောင်ကနေ အစ္စရေးတပ်ဖွဲ့အားလုံး ဆုတ်ခွာရေးနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအားလုံး နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်တဲ့ (ဟားမတ်စ်) တောင်းဆိုချက်မှန်သမျှကို အစ္စရေးက သဘောတူခဲ့တာ မရှိပါဘူး။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ လူတွေရဲ့ ဘဝနဲ့ပတ်သက်တဲ့ “အခြေခံပြဿနာတွေအတွက် ဖျန်ဖြေသူတွေကို ဘယ်အာမခံချက်မဆို” ပေးရန် ငြင်းဆိုထားကြောင်း ဟားမတ်စ်ရဲ့ တယ်လီဂရမ် (Telegram) စာမျက်နှာတွင် ဟူဆန် ဘဒရမ်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ ယေဘုယျအားဖြင့် ဂါဇာကမ်းမြောင်ဒေသနဲ့ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ပြည်သူများ၏ လိုအပ်ချက်တွေနဲ့ သက်ဆိုင်တဲ့ ရှင်းလင်းတိကျတဲ့ ပန်းတိုင်တစ်ခုကို ရောက်ရှိရန် ညှိနှိုင်းနေကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ဟားမတ်စ်၏ ယခုလ နောက်ဆုံး အဆိုပြုချက်တွင် ပါလက်စတိုင်း အကျဉ်းသား ၇၀၀ မှ ၁၀၀၀ ခန့်ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအချိန်က အစ္စရေးသည် တောင်းဆိုချက်များကို “ ရယ်စရာ” နှင့် “ အဓိပ္ပါယ်မဲ့သည်” ဟု ဖော်ပြခဲ့သည်။

သဘောတူညီချက်တစ်ခုဖြစ်လာပါက အဆင့်များစွာ ရှိမည်ဟု မျှော်လင့်ရသည်။ ပထမအဆင့်တွင်၊ ဟားမတ်စ်သည် အစ္စရေးစစ်သားများ အပါအဝင် သက်ကြီးရွယ်အိုများ၊ ဖျားနာပြီး ဒဏ်ရာရရှိနေသည့် အမျိုးသမီးများဖြစ်သည့် ဓားစာခံများကို လွှတ်ပေးရန် အဆိုပြုခဲ့သည်။ အသက်ရှင်ကျန်နေသေးသည့် ဓားစာခံ ၁၀၀ ထဲမှ ၄၀ ခန့် ပြန်လွှတ်ပေးမည်ဟု ယုံကြည်ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 15 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့်
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN သတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်များ တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များကို အောက်ပါအတိုင်း မြန်မာဘာသာ ဖြင့် အနှစ်ချုပ် တင်ပြအပ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက် ၁။ တိုက်ခိုက်ခံရသည့် နေရာများ အီရန်နိုင်ငံ ဆောက်ပါး(South Pars) ဓာတ်ငွေ့သိုက် ။ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်သည့် နေရာဖြစ်သည်။ ယင်းနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အားနည်းနေသည့် အီရန်က စစ်ပွဲကို အဘယ်ကြောင့် ဆက်လက်ဆွဲဆန့်ရန် ကြိုးပမ်းနေသနည်း

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 44 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 48 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 49 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။