နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူသော်လည်း ဟားမတ်စ်က သဘောမတူသေး

အကျဉ်းသား ဓားစာခံ သဘောတူညီချက်ဆိုင်ရာ အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူသော်လည်း အချို့သော ပြဿနာများမှာ မဖြေရှင်းနိုင်သေးကြောင်း ဟားမတ်စ်က ပြောကြားခဲ့သည်။

ကာတာနိုင်ငံ၊ ဒိုဟာတွင် မကြာသေးမီက တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ CNN လေ့လာသုံးသပ်သူ ဘာရက်ရာဗစ် (Barak Ravid) ၏ အစီရင်ခံချက်အရ ပါလက်စတိုင်း အကျဉ်းသား ၇၀၀ လောက်ကို လွှတ်ပေးမည့် အမေရိကန် အဆိုပြုချက်ကို အစ္စရေးက သဘောတူခဲ့ပြီး ဂါဇာတွင် ဟားမတ်စ် ဖမ်းဆီးထားသည့် ဓားစာခံ ၄၀ ကို လွှတ်ပေးဖို့နှင့် အစ္စရေးများကို သတ်ဖြတ်ခဲ့သည့်အမှုနှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသူ အယောက် ၁၀၀ ကို လဲလှယ်ရန် သဘောတူခဲ့သည်ဟု CNN က ဆိုပါသည်။ CNN နှင့် ပူးပေါင်းထားသည့် Channel 11 (Kan News)သတင်းဌာနသည် အမေရိကန် အကျဉ်းသား-ဓားစာခံ လဲလှယ်ရေး အဆိုပြုချက်အား အစ္စရေး၏ သဘောတူညီချက်နှင့် ပတ်သက်၍ တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ အစ္စရေး အကြီးတန်းအရာရှိတစ်ဦးကို ကိုးကား၍ Kan News သတင်းဌာနက အစ္စရေးသည် “ဖမ်းဆီးခေါ်ဆောင်သွားသူများ အိမ်ပြန်နိုင်ရေးအတွက် သိသာထင်ရှားသော အပေးအယူများ ပြုလုပ်ရန် အသင့်ရှိကြောင်း” ပြောကြားခဲ့သည်။

သီတင်းပတ်အစောပိုင်းက အမည်မဖော်လိုသည့် အစ္စရေးအရာရှိတစ်ဦးကို ကိုးကား၍ ရာဗစ် (Ravid) က ပါလက်စတိုင်း အကျဉ်းသား အရေအတွက်နှင့်ပတ်သက်၍ အစ္စရေးက သဘောတူခဲ့ကြောင်း X (ယခင်တွစ်တာ) တွင် ဖော်ပြခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သံတမန်သတင်းရင်းမြစ်တစ်ခုမှ CNN သို့ ပြောကြားရာတွင် ရာဗစ် (Ravid) ၏ အချက်အလက်များ မှန်ကန်ကြောင်း စနေနေ့က အတည်ပြုခဲ့သော်လည်း ဂါဇာတွင် အကူအညီများဝင်ရောက်မှုနှင့် “အစ္စရေးစစ်တပ်ကို ပြန်လည်နေရာချထားခြင်း” အပါအဝင် ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

CNN သည် ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ အစ္စရေး တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သည်။ စီအိုင်အေ ညွှန်ကြားရေးမှူး ဘီလ်ဘန်း တင်သွင်းသည့် အဆိုပြုချက်ကို အစ္စရေးက သဘောတူခဲ့ကြောင်း ရာဗစ် (Ravid) က ပြောသည်။ ဘီလ်ဘန်းသည် ဟားမတ်စ်နှင့် အစ္စရေးတို့ကို စေ့စပ်ညှိနှိုင်းပေးသည့် စေ့စပ်ညှိနှိုင်းရေးမှူးများမှတစ်ဆင့် ဒိုဟာတွင် ရှိနေသည်။ ဟားမတ်စ်၏ တုံ့ပြန်မှုသည် ၁ ရက်မှ ၃ ရက်အထိ ကြာနိုင်သည်ဟု အစ္စရေးအရာရှိများနှင့် ပြောထားပြီးဖြစ်ကြောင်း ရာဗစ်က ပြောကြားခဲ့သည်။

“ဒီအသေးစိတ်အချက်အလက်တွေကို စေ့စပ်ညှိနှိုင်းနေသည့် ဒိုဟာမှာရှိတဲ့ ဟားမတ်စ်ကိုယ်စားလှယ်တွေ ဒီကိစ္စကို တကယ်ကြိုးကိုင်နေတဲ့သူဆီကို သွားရမှာပါ၊ သူက ဂါဇာမှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင် ယာဟရာ စင်ဝါ (Yahya Sinwar) ဖြစ်ပြီး၊ သူဟာ မြေအောက် ပေ ၁၀၀ လောက်ရှိတဲ့ မြေအောက်ဘန်ကာထဲမှာ နေနေတဲ့ ဟားမတ်စ်ခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် သူ့ဆီကပြန်ကြားမှုရဖို့က အချိန်အတော်ယူရမှာပါ” ဟု ရာဗစ်က တနင်္ဂနွေနေ့တွင် “CNN ၏ သတင်းအခန်းကဏ္ဍ” တွင် အိုမာ ဂျင်မင်နက်ဇ် (Omar Jimenez) သို့ ပြောကြားခဲ့သည်။

အဆိုပြုထားသော အကျဉ်းသားလဲလှယ်မှုတွင် အသက် ၅၀ ကျော် အမျိုးသားများ လွတ်မြောက်ရေးပါ ပါဝင်သည့် အဆိုပြုထား သောကြောင့် အမေရိကန် ဓားစာခံအချို့လည်း လဲလှယ်မှုတွင် “သေချာပေါက်” ပါဝင်မည်ဟု ရာဗစ် မှ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပေါ် ‘ဖိအား’

အကြီးတန်းအရာရှိ ဘဆမ်နအင်း (Basem Naeim) နှင့် ဟူဆန်ဘဒရမ် (Hussam Badran) တို့သည် အောင်မြင်မှုများ ရရှိရန် အလားအလာအတွက် သီးခြားစီ ကစားနေကြပြီး အစီရင်ခံစာများကို ဟားမတ်စ်က ဆန့်ကျင်ခဲ့သည်။ “ အစ္စရေး-အမေရိကန်မီဒီယာ” သည် ဆွေးနွေးပွဲများအပေါ် ဖိအားများ ပေးလာနေသည်ဟု နာအင်း (Naeim) မှ CNN သို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အတွက် စေ့စပ်ညှိနှိုင်းမှုဟာ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို ဗဟိုပြုရုံသာမကဘဲ၊ “ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြှောင်ကနေ အစ္စရေးတပ်ဖွဲ့အားလုံး ဆုတ်ခွာရေးနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအားလုံး နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်တဲ့ (ဟားမတ်စ်) တောင်းဆိုချက်မှန်သမျှကို အစ္စရေးက သဘောတူခဲ့တာ မရှိပါဘူး။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ လူတွေရဲ့ ဘဝနဲ့ပတ်သက်တဲ့ “အခြေခံပြဿနာတွေအတွက် ဖျန်ဖြေသူတွေကို ဘယ်အာမခံချက်မဆို” ပေးရန် ငြင်းဆိုထားကြောင်း ဟားမတ်စ်ရဲ့ တယ်လီဂရမ် (Telegram) စာမျက်နှာတွင် ဟူဆန် ဘဒရမ်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ ယေဘုယျအားဖြင့် ဂါဇာကမ်းမြောင်ဒေသနဲ့ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ပြည်သူများ၏ လိုအပ်ချက်တွေနဲ့ သက်ဆိုင်တဲ့ ရှင်းလင်းတိကျတဲ့ ပန်းတိုင်တစ်ခုကို ရောက်ရှိရန် ညှိနှိုင်းနေကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ဟားမတ်စ်၏ ယခုလ နောက်ဆုံး အဆိုပြုချက်တွင် ပါလက်စတိုင်း အကျဉ်းသား ၇၀၀ မှ ၁၀၀၀ ခန့်ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအချိန်က အစ္စရေးသည် တောင်းဆိုချက်များကို “ ရယ်စရာ” နှင့် “ အဓိပ္ပါယ်မဲ့သည်” ဟု ဖော်ပြခဲ့သည်။

သဘောတူညီချက်တစ်ခုဖြစ်လာပါက အဆင့်များစွာ ရှိမည်ဟု မျှော်လင့်ရသည်။ ပထမအဆင့်တွင်၊ ဟားမတ်စ်သည် အစ္စရေးစစ်သားများ အပါအဝင် သက်ကြီးရွယ်အိုများ၊ ဖျားနာပြီး ဒဏ်ရာရရှိနေသည့် အမျိုးသမီးများဖြစ်သည့် ဓားစာခံများကို လွှတ်ပေးရန် အဆိုပြုခဲ့သည်။ အသက်ရှင်ကျန်နေသေးသည့် ဓားစာခံ ၁၀၀ ထဲမှ ၄၀ ခန့် ပြန်လွှတ်ပေးမည်ဟု ယုံကြည်ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့်
ဆော်ဒီအာရေးဘီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆော်ဒီအာရေဗျတွင် ဒေါ်လာ ၂.၅ ထရီလီယံတန်ဖိုးရှိ သတ္တုတွင်းထွက် အရန်အင်အား ရှိကြောင်း ပြောကြား၊ ၎င်းသည် မြေရှားသတ္ထု (Rare Earths) ပြိုင်ပွဲတွင် အဓိက ကစား သမား ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ရှားပါးမြေဒြပ်စင်ဆိုင်ရာ အခွင့်အရေးများ ပါဝင်မည့် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပြီးနောက် သတ္တုတွင်းထွက်ပစ္စည်းများသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 75 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 62 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပြီးနောက်၊ အစ္စရေးသည် အရှေ့ဂျေရုဆလင်ရှိ
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 65 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 85 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်
ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပူးတွဲစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင်၊ ယခုအခါ