နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဖွဲ့စည်းတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာ

ဖေဖော်ဝါရီလ (၂၈)ရက်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နဲ့ လက်အောက်ခံအဖွဲ့တွေအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ရဲ့ မနေ့က ကြေညာထားချက်အရ သိရပါတယ်။

အဲ့ဒီအဖွဲ့တွေရဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ စစ်သင်တန်းပေးတာနဲ့ အဖွဲ့ဝင်အနေနဲ့ စေခိုင်းတာတွေက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ ပုဒ်မတွေကို ကျူးလွန်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဥပဒေပြဌာန်းခွင့်မရှိတဲ့ စစ်အုပ်စုဟာ စစ်မှုထမ်းဥပဒေကို အဓမ္မအတည်ပြုပြီး အဖွဲ့ဖွဲ့စည်းကာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ အဓမ္မဖမ်းဆီးတာနဲ့ စစ်မှုထမ်းဖို့ဆင့်ခေါ်တာကို ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုဆောင်ရွက်တဲ့အတွက် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ရတာ၊ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ငန်းတွေမှာ မပါဝင်ချင်တဲ့ လူငယ်တွေဟာ စာသင်ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး အစုလိုက်အပြုံလိုက် နယ်စပ်ဒေသတွေကို ထွက်ပြေးကြရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးရတာ၊ နယ်စပ်ဒေသမှာ လူကုန်ကူးတာတွေမြင့်တက်လာတာ၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ မြင့်တက်လာတာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်တာတွေ ဖြစ်ပေါ်လာတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ(၇၂)၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အခုအမိန့်ကြေညာစာကို ထုတ်ပြန်တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 10 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 20 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့
မြန်မာသတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 24 Views
ဇန်နဝါရီလ (၂၂)ရက်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho က မနေ့က (၃)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတတဲ့ နိုင်ငံရေးစနစ်တခု
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 36 Views
ဇန်နဝါရီလ (၂၁)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က ဗန်းမော်မြို့ကို လာမယ့် ဇန်နဝါရီလ (၂၅)ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပမယ့်
မြန်မာသတင်း

တနှစ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၀၀)ကျော်ရှိခဲ့ပြီး အရပ်သား (၂၃၀၀)ကျော် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 22 Views
ဇန်နဝါရီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် (၅၂၂၂)ကြိမ်ရှိခဲ့ကာ စက်တင်ဘာ၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလထဲ
မြန်မာသတင်း

(၂)နှစ်ထဲ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ MSRF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 24 Views
ဇန်နဝါရီလ (၂၁)ရက်။ ၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ