နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေး တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံး

ဒီဇင်ဘာလ (၃၀) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေးက တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဒေသဆိုင်ရာအာဏာပိုင်က ပြောဆိုလိုက်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို အစ္စရေး တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်သည်။

ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ တစ်ခုတည်းသော အဓိကဆေးရုံဖြစ်တဲ့ ကာမယ်အက်(ဒ)ဝင် (Kamal Adwan) ဆေးရုံကို အစ္စရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီးနောက် ယင်းဆေးရုံ၏ ဒါရိုက်တာ ဒေါက်တာ ဟူဆမ် အာဘူး ဆာဖီယာ (Dr Hussam Abu Safiyah) နှင့် အခြားဝန်ထမ်းများကိုအစ္စရေးစစ်တပ်က ဖမ်းဆီးခဲ့သည်။ ဆေးရုံဒါရိုက်တာနှင့် ဝန်ထမ်းများကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ယင်းဆေးရုံတွင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသူများအပြင် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အပါအဝင် ကျန်လူနာများကို အနီးနားရှိ အခြားဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး ဆေးရုံတွင် တစ်ဦးတစ်ယောက်မျှ ကျန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခွဲစိတ်ခန်းနှင့် လူနာတင်ယာဉ်များ ပျက်ဆီးသွားကာ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း သိရပါသည်။

ယင်းဆေးရုံသည် မကြာသေးမီလများအတွင်း အစ္စရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

“ဟားမတ်စ်” လို့ သံသယရှိသူများနှင့် ဆေးရုံဒါရိုက်တာကို ဖမ်းဆီထားကြောင်း အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့က ဝန်ခံထားပါတယ်။ ဆေးရုံကို ဟားမတ်စ် အကြမ်းဖက် စခန်းအဖြစ် အသုံးပြုနေသည်ဟု စွတ်စွဲထားပြီး ဟားမတ်စ်နှင့် အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့မှ အဖွဲ့ဝင် ၂၄၀ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း အစ္စရေးအာဏာပိုင်များက ကြေညာခဲ့သည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ဟားမတ်စ်တို့က ကုလသမဂ္ဂနှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံ ချက်ချင်းဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခဲ့သည်။ လက်ရှိ အခြေအနေကို စစ်ဆေးရန် နိုင်ငံတကာ လေ့လာသူ မစ်ရှင်တစ်ခု စေလွှတ်ပေးရန် ၎င်းတို့ တောင်းဆိုခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဆေးရုံကို အစ္စရေးတပ်ဖွဲ့များက ဝိုင်းရံထားပြီး “လူတိုင်းကို ထွက်ခွာဖို့ အမိန့်ပေးထားတယ်” ဟု ဆေးရုံဒါရိုက်တာက ဆိုရှယ်မီဒီယာတွင် ပြောဆိုခဲ့ပါသည်။။

“ဝန်ထမ်းတွေနဲ့ လူနာတွေကို အပြင်မှာ စုဝေးခိုင်းတယ်” ဟု သူနာပြုများက ပြောပါသည်။ ချမ်းအေးနေသည့်အပြင်ဘက်တွင် လူနာများ၏ အဝတ်အစားများကို ချွတ်ခိုင်းခဲ့သည်ဟုဆိုသည်။ ယောက်ျား၊ မိန်းမ ခွဲခြား၍ အဝတ်အစားများ ချွတ်ခိုင်းပြီး ငြင်းဆိုသူများကို အစ္စရေးစစ်တပ်က ရိုက်နှက်ခဲ့သည်ဟု သိရသည်။

အစ္စရေးစစ်တပ်ကို CNN က တွေ့ဆုံမေးမြန်းခဲ့ရာ “အကြမ်းဖက်သမားဟု သံသယရှိသူများအား ဖမ်းဆီးခြင်း၊ နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း” ပြောဆိုခဲ့သည်။

အစ္စရေး တိုက်ခိုက်မှုကြောင့် လူနာတစ်ဦး သေဆုံးပြီးနောက် ဆေးရုံတွင် မီးလောင်မှု ကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူနာပြုများက ပြောကြားခဲ့သည်။ သို့သော်လည်း အစ္စရေးစစ်တပ်က ၎င်းသည် “လူမရှိသော အဆောက်အဦအတွင်း သေးငယ်သော မီးလောင်မှုဖြစ်သည်” ဟု ဆိုကာ ယင်းတို့၏ တိုက်ခိုက်မှုကြောင့် မဟုတ်ဟု ငြင်းဆိုခဲ့သည်။

“ ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ နောက်ဆုံးကျန်နေသည့် အဓိကဆေးရုံ၏ လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့သည်။ ဒေသတွင်း ဆေးဘက်ဆိုင်ရာစနစ်ကို ဖျက်သိမ်းလိုက်ခြင်းသည် ပါလက်စတိုင်း ထောင်ပေါင်းများစွာ၏ သေဆုံးမှုကို ထိခိုက်စေနိုင်သည်” ဟု WHO မှ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က လူမှုမီဒီယာတွင် “အစ္စရေး၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းနိုင်ငံအတွင်း လည်ပတ်နေသော ဆေးဘက်ဆိုင်ရာ အဆောက်အအုံ အရေအတွက် လျော့နည်းသွားပြီး လူများ၏ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များနှင့် အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရန် အစ္စရေးကို ဆေးရုံများကို တိုက်ခိုက်နေသည်ကို ရပ်တန့်ရန် တိုက်တွန်းထားကြောင်း” ယနေ့ ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ပြောကြားခဲ့သည်။

သတင်းရင်းမြစ်များ။ CNN ဂျပန်၊ NHK, Middle East Eye

ဓာတ်ပုံများ။

ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ပျက်စီးသွားသော ဆေးရုံ၏ အတွင်းပိုင်းကို ပြသနေသည့် ဒါရိုက်တာ ဒေါက်တာ ဟူဆမ် အာဘူး ဆာဖီယာ (Dr Hussam Abu Safiyah) /Reuters

ကာမယ်အက်(ဒ)ဝင် ဆေးရုံမှာ လူနာများကိုအခြားဆေးရုံသို့လွှဲပြောင်းခဲ့စဉ် (ဒီဇင်ဘာလ ၂၈ ရက်/ Dawoud Abo Alkas / Anadolu / Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ