ဒီဇင်ဘာ ၃၁ ရက်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုကို နိုင်ငံတော်ပုန်ကန်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ရှာဖွေဖမ်းဆီးဖို့ ဆိုးလ်၊ အနောက်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ လက်ရှိသမ္မတတစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
သူ့ကို တရားရုံးက သုံးကြိမ်တိုင်တိုင် လာရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ပေမဲ့ လာရောက်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် နောက်ဆုံးမှာ ရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာပါ။
ဓာတ်ပုံ။
တောင်ကိုရီးယားသမ္မတရုံး