နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်အား “တောင်းပန်ဖို့” မလိုအပ်ဟု ဇလန်းစကီးပြော

မတ်လ (၁) ရက်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ဖေဖော်ဝါရီ ၂၈ ရက် အစောပိုင်း အိမ်ဖြူတော်မှာ အမေရိကန်သမ္မတထရမ့်နအစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့စဉ် စကားအခြေတင် ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတကို “တောင်းပန်ဖို့” မလိုအပ်ဘူးလို့ ယူဆတယ်လို့ Fox News ရဲ့ တိုက်ရိုက်ထုတ်လွှင့်အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနေ့က စကားအခြေတင် ဖြစ်ပွားခဲ့တာကြောင့် မူလက ကျင်းပရန် စီစဉ်ထားတဲ့ နေ့လည်စာစားပွဲနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ မပြုလုပ်တော့ပါဘူး။ စလန်းစကီးက ညပိုင်းမှာတော့ မူလစီစဉ်ထားတဲ့အတိုင်း အမေရိကန် Fox News ရဲ့ တိုက်ရိုက်ထုတ်လွှင့်အစီအစဉ်ကို တက်ရောက်ခဲ့ပြီး မေးမြန်းမှုကို လက်ခံဖြေကြားခဲ့ပါတယ်။

ထရမ့်အား “တောင်းပန်” မလားလို့ သတင်းတင်ဆက်သူက မေးမြန်းခဲ့ရာမှာ ဇလန်းစကီးက “မတောင်းပန်ပါဘူး၊ ကျွန်တော် သမ္မတ (ထရမ့်) ကို လေးစားပါတယ်၊ အမေရိကန်ပြည်သူတွေကိုလည်း လေးစားပါတယ်။ ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ပြောတာပဲရှိပါတယ်၊ ကျွန်တော်အနေနဲ့ ဘာမှမကောင်းတာ လုပ်ခဲ့တယ်လို့ မထင်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတကို ရာထူးက နုတ်ထွက်ဖို့နဲ့ ပတ်သက်တဲ့ မေးခွန်း ထွက်ပေါ်လာပြီးနောက် သောကြာနေ့တွင် အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ် (Lindsey Graham) က သူနှင့် သမ္မတ ထရမ့်တို့ အကြား စကားအခြေတင် ဖြစ်ပွားပြီးနောက် ဇလန်းစကီး ရာထူးက နုတ်ထွက်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဇလန်းစကီးကတော့ သူ့နိုင်ငံက နေတိုးဝင်ခွင့်နဲ့ လုံခြုံရေးအာမခံချက်ရရင် သူနှုတ်ထွက်ပေးဖို့ အဆင်သင့်ပဲလို့ ပြန်ဖြေခဲ့ပါတယ်။

ရီပတ်ဘလီကန်ပါတီက ဇလန်းစကီးကို နှုတ်ထွက်ဖို့ ပြောဆိုတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထရမ့်တို့အကြား ဖုန်းပြောခဲ့ပြီးနောက် အခုလအစောပိုင်းမှာ စတင်ပြောဆိုလာတာ ဖြစ်ပါတယ်။

ထရမ့်က ဇလန်းစကီးဟာ ယူကရိန်းပြည်သူရဲ့ ၄ ရာခိုင်နှုန်းသာ ထောက်ခံမှုရတယ်လို့ လိမ်လည်ပြောဆိုပြီးနောက် ရွေးကောက်ပွဲတွေ ကျင်းပသင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းရဲ့ ဖွဲ့စည်းပုံဥပဒေအရ စစ်ပွဲကာလအတွင်း စစ်အုပ်ချုပ်ရေးအာဏာတည်တဲ့အချိန်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။

ယူကရိန်းအနေနဲ့ သံတမန်လမ်းကြောင်းနဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းသွားမှာဖြစ်ပေမဲ့ စေ့စပ်ညှိနှိုင်းမှု ရည်ရွယ်ချက်ဟာ “တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး” ဖော်ဆောင်မှု ဖြစ်သင့်ကြောင်းနဲ့ ယူကရိန်းအနေနဲ့ ခိုင်မာအားကောင်းတဲ့ အနေအထားနဲ့ စေ့စပ်ညှိနှိုင်းမှုစားပွဲမှာ ပါဝင်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ဘက်ကတော့ ယူကရိန်းနိုင်ငံကို ထောက်ပံ့တာတွေကို ရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

သတင်းရင်းမြစ်။ FOX NEWS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို
နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 29 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း